Main menu

Background

ဈေးပြန်မြင့်လာတဲ့ ပြည်မြေပဲဆန်ဈေးကွက်

Wed, 03/11/2015 - 20:16 -- journal_editor

အတွဲ(၁၅)အမှတ်(၁၀)

ယခုတစ်ပတ်တွင် ပြည်ဈေးကွက်မှာ မြေပဲဆန်ဈေးအနည်းငယ်ပြန်တက်လာပါတယ်။ မြန်အောင်၊ ကြံခင်းဘက်မှ တစ်နေ့ ကို အိတ် ၈၀၀ ခန့် ဝင်ရောက်ပြီး အဝယ်များရှိလို့ ဈေးအနည်းငယ်ပြန်မြင့် လာတယ်လို့ ဆိုပါတယ်။ ဆီစက်များနဲ့ဝယ်လက်များက အဝယ်ပြန်လိုက်လို့ ဈေးအနည်းငယ် မြင့်လာတာဖြစ်ပါတယ်။ ဆီကြိတ် မြေပဲဆန်ဈေးမှာ အနည်းငယ်မြင့်လာလို့ ဆီဈေးမှာ လည်း အနည်းငယ်လှုပ်လာပါတယ်။ မြေပဲဆီဆန်ဈေးမှာ တစ်ပိဿာ ၁၈၅၀ ကျပ်မှ ၁၈၇၅ ကျပ်အထိရှိပြီး၊ ယခင်အပတ်ထက် အနည်းငယ်ဈေးမြင့်လာပြီး လုံးဆန်ဈေးမှာ တစ်ပိဿာ ၂၁၀၀ ကျပ်နဲ့ ယခင်အပတ်ကအတိုင်း ဈေးမှန်နေပါတယ်။ မြေပဲဆီဈေး မှာ တစ်ပိဿာ ၃၈၀၀ ကျပ်ရှိပြီး၊ မြေပဲဆုံဆီမှာ တစ်ပိဿာ ၅၅၀၀ ကျပ်အထိရှိနေပါတယ်။         
ဝေေ၀မင်း-ပြည်