Main menu

Background

မူဆယ်တွင် နှမ်းပိုမိုတင်ပို့ပြီး ချင်းရွှေဟော်တွင်နှမ်းတင်ပို့မှုလျော့ကျ

Thu, 03/19/2015 - 21:37 -- journal_editor

အတွဲ(၁၅)အမှတ်(၁၁)

 မတ်လ ပထမပတ်တွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့  ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း မှ ကန်ဒေါ်လာ ၁ ဒသမ ၅၁၇ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၈၈၀ တန်ခွဲ တင်ပို့ခဲ့ရာ ယခင်သီတင်းပတ်က မူဆယ်မှ ၁၉၇ တန်၊ ချင်းရွှေဟော်မှ ၁၁၇၆ တန် တင်ပို့ခဲ့တာဖြစ်လို့ ယခုတစ်ပတ်ရဲ့ နှမ်းရောင်စုံတင်ပို့မှုကတော့ မူဆယ်မှပိုမိုခဲ့ပြီး ချင်းရွှေဟော်မှ နှမ်းတင်ပို့မှုလျော့ ကျသွားတာတွေ့ရပါတယ်။  မူဆယ်ကုန်စည်ဒိုင်မှာတော့ ယခင်တစ်ပတ်က  နှမ်းဖြူတစ်တန်၂၀၇၈၁၉၂ကျပ်၊ နှမ်းနက် တစ် တန်၂၁၆၁၁၁၁ကျပ် ရှိရာမှ ယခုတစ်ပတ်မှာ နှမ်းဖြူဈေး ၁၇၃၅၀၀၈ ကျပ်နဲ့ နှမ်းနက်ဈေး ၁၈၉၉၇၅၃ ကျပ်သို့  ကျဆင်းသွား ခဲ့ပါတယ်။ယခုတစ်ပတ်ရဲ့နှမ်းရောင်စုံတင်ပို့မှုကို စခန်းအလိုက်ဖော်ပြပေးလိုက်ပါတယ်-
                                                                                                                 တန်ချိန်-ကိန်းပြည့်
    နှမ်းအမျိုးအစား        မူဆယ်            ချင်းရွှေဟော်
      နှမ်းဖြူ            ၁၉၈.၆                 ၁၄၇
      နှမ်းနက်            ၄၅၅.၈                  ၂၉
      နှမ်းညို            ၅၀.ဝ                     -

မော်မော်အောင် MIRT (DCCA)