Main menu

Background

အခွင့်အရေး ဖွင့်ပေးလျက်ရှိသော ‌ရော်ဘာတင်ပို့မှု

Wed, 11/09/2022 - 15:04 -- journal_editor

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာများအား တရုတ်နိုင်ငံသို့   နှစ်စဉ်တင်ပို့လျက်ရှိရာ  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၄၉၆၀၃ ဒသမ ၉၅၅ တန်၊ တန်ဖိုး ၆၄ ဒသမ ၆၈၆ ဒေါ်လာသန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၄၁၉၃၉ ဒသမ ၁၇၅ တန်၊ တန်ဖိုး ၅၅ ဒသမ  ၉၁၃ ဒေါ်လာသန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၆၂၂၀ဝ ဒသမ ၅၉၈ တန်၊ တန်ဖိုး ၁၁၁ ဒသမ ၃၆၂ ဒေါ်လာသန်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) တွင် ၄၁၉၆ ဒသမ ၈၅ တန်၊ တန်ဖိုး ၇ ဒသမ ၁၁ ဒေါ်လာသန်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (စက်တင်ဘာလအထိ) တွင် ၃၆၇၀ ဒသမ ၇၅ တန်၊   တန်ဖိုး ၆ ဒသမ ဝ၁၆ ဒေါ်လာ သန်း တင်ပို့နိုင်ခဲ့ကြောင်း စာရင်းများအရ သိရှိရသည်။
‌ရော်ဘာတင်ပို့မှုတွင် ယခင်က ဒေါ်လာငွေကြေးကို အသုံးပြုတင်ပို့ခဲ့သော်လည်း ၁-၂-၂၀၂၂ ရက်မှစ၍ ယွမ်ငွေကြေးကို အသုံးပြု၍ တင်ပို့ခွင့်ရရှိနေပြီဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံအစိုးရအနေဖြင့် လက်ရှိကာလတွင် ရော်ဘာအား  ဘိန်းအစားထိုးသီးနှံ (Quota)  စနစ်ဖြင့် တင်သွင်းခွင့်ပြုနေ သဖြင့် ယခင်က ရော်ဘာတစ်တန်လျှင် ယွမ် ၃၀ဝ၀ ခန့် အခွန် ကောက်ခံလျက်ရှိရာမှ   ဘိန်းအစားထိုးသီးနှံ (Quota)  မှ တင်သွင်းခြင်းဖြစ်ပါက ၅၀ ရာခိုင်နှုန်းခန့် အခွန် လျှော့၍ ကောက်ခံလျက်ရှိကြောင်းနှင့် လက်ရှိတွင် ရော်ဘာတင်သွင်းမှုအား (Quota)  မှ တင်သွင်းခြင်းဖြစ်ပါက အခွန်ကောက်ခံမှုမရှိဘဲ ကင်းလွတ်ခွင့်ပေးထားကြောင်း စုံစမ်းသိရှိရသည်။
သို့ပါ၍ မြန်မာပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် ယခု အချိန်တွင် တရုတ်နိုင်ငံအစိုးရက ရော်ဘာအား ဘိန်းအစား ထိုးသီးနှံ (Quota)  မှ တင်သွင်းမှုအတွက် အကောက်ခွန်ကင်း လွတ်ခွင့်ပြုထားသည့် ကာလအတွင်း အခွင့်ကောင်းတစ်ရပ် အဖြစ် တင်ပို့နိုင်ပါက အကျိုးအမြတ်ပိုမိုရရှိနိုင်မည်ဖြစ်သကဲ့သို့ ရော်ဘာစိုက်သူများနှင့် ရော်ဘာတင်ပို့သည့် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် အခွင့်ကောင်းရရှိသည့်ကာလအတွင်း ‌ရော်ဘာ ပိုမိုတင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်သင့် သည့်  ကာလတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်