Main menu

Background

အောက်တိုဘာလအတွင်း ပြောင်းနှင့် ရော်ဘာတင်ပို့မှုအခြေအနေ

Fri, 11/11/2022 - 15:47 -- journal_editor

အောက်တိုဘာ ၁ရက်မှ ၃၁ ရက်ထိ တစ်လတာအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၃၇၇ သန်းတန်ဖိုးရှိ  ပြောင်းတန်ချိန် ၁၇၄၉၇၀ ကျော် တင်ပို့ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံသို့  ပြောင်းတန်ချိန် ၈၅၈၆၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၇၁၁၁၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန် ၁၃၅၀ဝကျော်၊ သီရိလင်္ကာနိုင်ငံသို့ တန်ချိန် ၃၀ဝ၀၊ တရုတ်နိုင်ငံသို့ တန်ချိန် ၇၈၀၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၆၀ဝ ကျော်နှင့် ဟောင်ကောင်သို့ တန်ချိန် ၁၀ဝ နီးပါး တင်ပို့ခဲ့သည်။
အောက်တိုဘာလအတွင်း မြန်မာ-တရုတ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ  သုည ဒသမ ၈၅၅သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၂၈၇၀ ကျော်တင်ပို့ခဲ့သည်။ ကုန်သွယ်မှု နည်းလမ်းနှစ်သွယ်မှ အောက်တိုဘာလအတွင်း ပြောင်းတန်ချိန် စုစုပေါင်း ၁၇၇၈၄၀ကျော် တင်ပို့ခဲ့သည်။
အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ   ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ    အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၄၅ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၂၃၆၀ ခန့် တင်ပို့ ခဲ့ရာ တရုတ်နိုင်ငံသို့ တန်ချိန် ၁၃၁၀၊ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၁၀ဝ၀ ကျော်၊ မလေးရှားနိုင်ငံသို့  တန်ချိန် ၄၀ ကျော်တင်ပို့ခဲ့သည်။
မြန်မာ-တရုတ်နှင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး စခန်းများမှ အောက်တိုဘာအတွင်း အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉၃၅ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၀၃၂၀ ကျော် တင်ပို့ခဲ့သည်။ မြန်မာ-တရုတ်နယ်စပ်မှ တန်ချိန် ၉၂၆၀ ကျော် တင်ပို့ပြီး Rubber RSS (3) အမျိုးအစားများ အများဆုံးတင်ပို့ခဲ့သည်။ မြန်မာ-ထိုင်းနယ်စပ်မှ ရော်ဘာတန်ချိန် ၁၀၆၀ကျော် တင်ပို့ပြီး တင်ပို့သည့်အမျိုးအစားများမှာNatural Rubber MSR (20)၊ RSS (4) နှင့် RSS (5) အမျိုးအစားများ ဖြစ်သည်။ အောက်တိုဘာလအတွင်း  ကုန်သွယ်မှုနည်းလမ်းနှစ်သွယ်မှ ရော်ဘာတင်ပို့မှု စုစုပေါင်း တန်ချိန် ၁၂၆၈၀ ဖြစ်ကြောင်းသိရသည်။                                    
CJ