Main menu

Background

မကွေးတိုင်းဒေသကြီးချောက်မြို့နယ်နှင့်ရေနံချောင်းမြို့နယ်တွင်ပျားရှာပျားဖွတ်သူများဝင်ငွေရရှိနေ

Wed, 10/06/2021 - 10:26 -- journal_editor

ချောက်၊အောက်တိုဘာ(၃)။

မကွေးတိုင်းဒေသကြီးချောက်မြို့နယ်နှင့်ရေနံချောင်းမြို့နယ်တွင် ကောက်ပဲသီးနှံစိုက်ခင်းပင်များ ပန်းပွင့်နေသောကာလဖြစ်သောကြောင့် ပျားရှာပျားဖွတ်သူများဝင်ငွေရရှိနေကြ ကြောင်းဒေသခံများ ထံကသိရသည်။ တော်သလင်းလမှစပြီးယာမြေတွေ၏ သစ်ပင်နှင့်ခြုံနွယ်များတွင်ပျားရှာ၊ပျားဖွတ်ကြပြီးပျားရည်အဖြစ်သာရောင်းကြသည်။ ဆီးပျားရည်ဟု ပြောမရောင်းကြပါ။အဘယ့်ကြောင့် ဆိုသော်မိုးရာသီမှာ ကောက်ပဲသီးနှံနှင့်ဆီးပန်းပင်များ  အပွင့်ပွင့်သည့်ကာလဖြစ်သောကြောင့်​ပျားအုံရှာရသည်မှာအခြားလတွေထက်ပိုအဆင်ပြေကြောင်းသိရသည်။ပျားအုံအကြီးတစ်ခုလျင်ငွေကျပ်နှစ်ထောင်ငါးရာရရှိပြီးအနိမ့်ဆုံးငွေကျပ်တစ်ထောင်ငါးရာရသည််။ ပျားအုံငါးအုံရလျှင် တွက်ချေကိုက်သည်ဟု ချောက်မြို့နယ်မှပျားရှာသူတစ်ဦးကပြောသည်။ စျေးကွက်မှာပျားရည်လက်လီအဖြစ်ပုလင်းဖြင့် ထည့်၍ပျားရည်တစ်ပုလင်း ငွေကျပ်၄၀၀၀မှ ၆၀၀၀၊အထိရောင်းချရသည့်အပြင် လတ်လတ်ဆတ်ဆတ် သုံးစွဲလိုသူများအတွက်ပျားအုံကိုလည်းရောင်းချကြကြောင်းသိရသည်။ အညာဒေသရှိယာမြေများနှင့်တောတောင်များတွင်ဆီးပင်စိုက်ခင်းများအလေ့ကျအဖြစ်ပေါက် ရောက်လေ့ရှိသည့်အပြင်နေကြာ၊နှမ်း၊စသည့်စိုက်ခင်းများစိုက်ပျိူး သည့် ကာလဖြစ်၍ပျားရှာသူများအတွက်လည်းပျားအုံနှင့်ပျားရည်များရရှိ၍အဆင်ပြေ ကြောင်းသိရသည်။

ရွှေမန်းကျည်း        

ဦးဆန်းညွန့်သတင်း​ထောက်  

မကျည်းလေးပင်ရပ်၊ရေနံချောင်းမြို့

ဖုန်း-ဝ၉၉၈၈၉၈၈၀၉၁