Main menu

Background

လိမ္မော်သီးများ ဈေးကောင်းရရှိနေ

Wed, 02/02/2022 - 15:45 -- journal_editor

လိမ္မော်သီးသည် အေးမြသောရာသီဥတုတွင် စိုက်ပျိုးဖြစ်ထွန်း သည့်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ်များ၌ အများ အပြားစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။ရှမ်းပြည်နယ် (တောင်ပိုင်း) တွင်  လိမ္မော်သီး တစ်နှစ်စိုက်ပျိုး သည့်ဧက ၁၀၉၉၆ဧက၊ ထွက်ရှိသည့်နှုန်းမှာ တန် ၂၁၀၇၈၀ စိုက်ပျိုး ထွက်ရှိပြီး ရွာငံမြို့နယ်၊ ရပ်စောက်မြို့နယ်၊  ပင်းတယမြို့နယ်နှင့် မိုင်းကိုင်မြို့နယ်တို့မှ အများအပြား စိုက်ပျိုးထွက်ရှိကြောင်း သိရှိရ သည်။ လိမ္မော်သီးတစ်ပင်လျှင် တစ်နှစ်  အသီးထွက်ရှိမှုနှုန်းမှာ ၁၀ ပိဿာမှ  ၁၂ ပိဿာခန့်အထိ ထွက်ရှိကြောင်းလည်း တောင်သူများ ထံမှ သိရှိရသည်။ လိမ္မော်သီးကို ဒေသတွင်း စားသုံးမှုဖူလုံသည့်အပြင် မြန်မာနိုင်ငံ အနှံ့အပြားသို့ တောင်ကြီးမြို့နှင့် အောင်ပန်း မြို့တို့ရှိ ပွဲရုံ များမှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ထွက်ရှိသော လိမ္မော်သီးလက်ရှိ ဈေးနှုန်းမှာ တစ်ပိဿာလျှင် (ပွဲရုံဈေး) ကျပ် ၁၇၀ဝ၊  လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ တို့ဖြင့် ဈေးကွက်၌ အရောင်းအဝယ် ပြုလုပ်လျက်ရှိသည်။ ယခင်နှစ်က လိမ္မော်သီး တစ်ပိဿာကျပ် ၈၀ဝ-၁၀ဝ၀ ရှိရာမှ ယခုနှစ်တွင်  တစ်ပိဿာကျပ် ၁၇၀ဝ-၂၀ဝ၀ အထိ ဈေးကောင်းရရှိခဲ့သည်။ လိမ္မော်သီးအရွယ်အစားအလိုက် ဈေးနှုန်း ကွာခြားမှုရှိပြီး တစ်ပိဿာလျှင် ၁၉ လုံးမှ ၂၀ လုံးပါ အရွယ်အစားရှိ လိမ္မော်သီးဈေးနှုန်းမှာ ကျပ် ၁၄၀ဝ ၊၁၄ လုံးမှ ၁၅ လုံးပါ အရွယ်အစား တစ်ပိဿာလျှင် ကျပ် ၁၇၀ဝ နှင့် ၁၂ လုံးမှ ၁၃ လုံးပါ အရွယ်အစား တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ ဖြင့် အရွယ်အစားအပေါ် မူတည်၍ ဈေးနှုန်း ကွာခြားမှုရှိကြောင်း သိရှိရသည်။ လိမ္မော်သီးသည်  နိုဝင် ဘာလတွင်  စတင်ထွက်ပေါ်ပြီး ဇန်နဝါရီလတွင် ကုန်ဆုံးကြောင်း သိရှိရသည်။
သီသီထွေး (တောင်ကြီး)