Main menu

Background

ဆန်းသစ်လာသည့် ရေကြည်ပေါ်ဆန်းမွှေး

Wed, 02/16/2022 - 15:52 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် တွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  ပြည်တွင်းကုန်သွယ် မှု  ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဧရာဝတီပေါ်ဆန်းခေတ် ပြန်လည်ဆန်းသစ် ပေါ်ထွန်းလာစေရန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ လမ်းညွှန်ချက်ဖြင့် သက်ဆိုင်ရာ  ဌာနဆိုင်ရာများ ပေါင်းစပ်၍ ရေကြည်ပေါ်ဆန်းစပါး  စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချလျက်ရှိသော တောင်သူများ၊ ကုန်သည်များ၊ စက်ပိုင် များနှင့် ပေါင်းစည်းဆောင်ရွက်လျက်ရှိသည်။ရေကြည်မြို့နယ်အတွင်းရှိ   ပေါ်ဆန်းစိုက်ပျိုးသော တောင်သူ များအနေဖြင့်  ယခင်ကာလက မိရိုးဖလာနည်းဖြင့် သာ စိုက်ပျိုးခဲ့ခြင်းဖြင့် သူတစ်ကွက်ငါတစ်ကွက် စိုက်ပျိုးခြင်း နှင့် အရည်အသွေး  မမီသော ဒေသမျိုးများ စိုက်ပျိုးကြသည့် အတွက်  ဈေးကွက်မရှိဘဲ တောင်သူများမှာ စိုက်ပျိုးစရိတ် ကာမိရုံသာ အကျိုးအမြတ်ဖြစ်ထွန်းမှု နည်းပါးစွာရရှိခဲ့သည်။  ယခုအခါ ကန်ထရိုက်လယ်ယာစနစ် Contract Farming  ဖြင့်စိုက်ပျိုးခဲ့ခြင်းကြောင့် ဈေးကွက်သို့ဝင် ရောက်နိုင်ခဲ့သည်။
ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာအုပ်စုရှိ ဧက ၁၆၀ဝအပါအဝင် တစ်စပ်တစ်ဆက်တည်းရှိသော ပန်းဇံကွင်း၊ ကွင်းကြီး၊ မကျည်းသဟာ စသည့်  ကျေးရွာအုပ်စုများတွင် Contract Farming စနစ်ဖြင့် တောင်သူ ၃၆၇ ဦးက ပေါ်ဆန်းစိုက်ဧက ၂၆၃၈ ဧကအား စိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ် ကြီးကြပ်၍ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ဧရာဝတီပေါ် ဆန်း(ဘေးကျား)အား  ဈေးကွက်တွင် ဖြစ်ပေါ်လာစေရေး အတွက် စိုက်ပျိုးရေးဦးစီးဌာနက ၂၀၁၇ -၂၀၁၈ ခုနှစ်မှစတင်၍ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး မျိုးကောင်းမျိုးသန့်များ ထုတ်ပေးခြင်း၊ မြေဆီလွှာထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်မြေ သြဇာကျွေးခြင်းများကို စနစ်တကျရှိစေရေးအတွက် ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် လိုအပ်သည့် လုပ်ငန်း များကို   စိုက်ပျိုးရေးသုတေသနဌာနစိတ်မှ   စမ်းသပ် ဖြည့်ဆည်းပေးလျက် အရည်အသွေးပြည့်မီ၍ အထွက်တိုးစေ ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ  တောင်သူများမှာ ဗဟုသုတများ တိုးတက်လာပြီး စိတ်ပါဝင်စား စိုက်ပျိုးမှုကြောင့် တစ်နှစ်ထက်တစ်နှစ် အရည်အသွေးပြည့်မီ၍ ရွှေဘိုပေါ်ဆန်း မွှေးကဲ့သို့ အရည်အသွေး ပြည့်မီလာခဲ့သည်။
ယခင်နှစ်က တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ ၇၉ တင်း နှုန်းထွက်ရှိပြီး ယခုနှစ်တွင် တစ်ဧက ပျမ်းမျှအထွက်နှုန်း တင်း ၈၀ ခန့်ထွက်ရှိခဲ့သည်။  ပေါ်ဆန်းစပါးဈေးနှုန်းအနေဖြင့် ယခင်နှစ် စပါးတစ်တင်း အခြောက် ပေါင် ၅၀ လျှင် ကျပ် ၁၂၅၀ဝ ရရှိခဲ့ပြီး ယခုနှစ်တွင် စပါးတစ်တင်း အခြောက်ပေါင် ၅၀ လျှင် ကျပ် ၁၃၂၀ဝ ဈေးရရှိခဲ့သည်။ ယခုနှစ် တစ်ဧက ပျမ်းမျှအထွက် တင်း ၈၀ ဖြစ်ပြီး စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၃၂၀ဝ၀ဝ ရရှိကာ တစ်ဧက  စိုက်ပျိုးထုတ်လုပ်မှုကုန်ကျ စရိတ်မှာ ကျပ် ၅၂၅၅၀ဝ ကုန်ကျသည့်အတွက် တောင်သူ အကျိုးအမြတ်အနေဖြင့် ကျပ် ၅၃၀၅၀ဝ ရရှိမည်ဖြစ်သည်။ ဈေးကွက်အနေဖြင့် ဒေသတွင်း ကုန်သည်၊ စက်ပိုင်များအပြင် ပုသိမ်၊ မြောင်းမြဈေးကွက်နှင့် အညာဈေးကွက်အထိ လာ ရောက်ဝယ်ယူလျက်ရှိသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စီးပွားရေးဦးတည် ချက် သုံးရပ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ထွက်ရှိလာ သည့် အရည်အသွေးပြည့်မီသော ရေကြည်ပေါ်ဆန်းမွှေးအား ပြည်တွင်းဈေးကွက် ရရှိစေရေးနှင့် ပြည်ပသို့တင်ပို့ရောင်းချ နိုင်ရေး ဒေသကုမ္ပဏီများ၊ ဆန်စက်ပိုင်ရှင်များ၊ သက်ဆိုင်ရာ ဌာနများနှင့်ပေါင်းစပ်၍ ဆောင်ရွက်လျက်ရှိကာMilling Quality  နှငEating Quality  အဆင့်မီ  ကောင်းမွန်စေရန်၊ ခေတ်မီ အခြောက်ခံစက်များနှင့်  သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊  ထုပ်ပိုးခြင်းများကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်  ဧရာ ဝတီတိုင်းဒေသကြီးအတွင်း အမှန်တကယ် အရည်အသွေး ကောင်းမွန်သော  ပေါ်ဆန်းစပါးအား ဈေးကွက်အတွင်းBranded ဖော် ဆောင်၍ ဈေးကွက် ထိုးဖောက်နိုင်ရန်အတွက် တိုင်းဒေသကြီးအဆင့် ရေကြည်ပေါ်ဆန်း ကြီးကြပ်ကွပ်ကဲရေး အထူးအဖွဲ့အား ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ 
သို့ဖြစ်ပါ၍ ရေကြည်ပေါ်ဆန်းမွှေး ဈေးကွက်အခိုင် အမာရရှိလာပါက တောင်သူများအနေဖြင့် ဧရာဝတီပေါ်ဆန်း တစ်ခေတ် ဆန်းသစ်လာပြီး ဝင်ငွေအခွင့်အလမ်းများစွာ ရရှိ နိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ချယ်ရီမြင့်(ဧရာရေကြည်)