Main menu

Background

စီပီပြောင်းဖူးစိုက်ပျိုး တောင်သူများ ဝင်ငွေတိုး

Wed, 02/16/2022 - 15:54 -- journal_editor

ပြောင်းဖူးကို မြန်မာနိုင်ငံအလယ် ပိုင်းဒေသ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ မြို့နယ်ရှိ  ကျေးရွာများတွင် စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရသည်။ မြေတစ်ဧကကို  ပြောင်းဖူးစေ့  မျိုးစေ့ တစ်ထုပ် စိုက်ပျိုးရပြီး  ပြောင်းမျိုးစေ့ အများအပြားရှိသော်လည်း ၆၂၁၊ ၆၂၅၊ ၃၃၉ မျိုးများကိုသာ အများဆုံးစိုက်ပျိုး လျက်ရှိသည်။ မျိုးစေ့တစ်ထုပ်ကို  ကျပ် ၄၆၀ဝ၀ မှ ၅၈၀ဝ၀ ထိ  ပေးဝယ်ရပြီး ယခင်က မြေတစ်ဧကလျှင် ထွန်ယက်ခ တစ်မနက်  ကျပ် ၇၅၀ဝ နှုန်းဖြင့် ၁၀ ရက်  ထွန်ယက်ရကြောင်း၊ ယခုအခါ ထွန်စက်ကြီးများဖြင့်  တစ်နာရီလျှင်  ကျပ် ၃၀ဝ၀ဝ နှုန်းဖြင့်  ထွန်ယက်နေ ကြောင်း၊ စိုက်ပျိုးပြီး  တစ်လကျော်လျှင် လူငှား ၁၀ ယောက်ဖြင့် တစ်မနက် ကျပ်  ၂၅၀ဝ နှုန်း၊ တစ်နေကုန် ကျပ် ၇၅၀ဝ နှုန်းဖြင့် ငှားရမ်း၍ မြေကြီးကို ဘောင် ဆွဲပေးရကြောင်း၊   စိုက်ပျိုးပြီး အပင် ပေါက် တစ်လကျော်လျှင် ပိုးသတ်ဆေး၊ အပင်ဖျန်းဆေး၊      ဆေးဖျန်းပေးရ ကြောင်း၊ တစ်ဧကလျှင် မြေဆီနှစ်အိတ် နှုန်းနှင့်  မြေဆီတစ်အိတ်လျှင်  ကျပ် ၇၀ဝ၀ဝ မှ  ၈၀ဝ၀ဝ ပေးရ၍   မြေတစ် ဧက  စိုက်ပျိုးလျှင် အပြီးအစီး  ကျပ် ငါးသိန်းဝန်းကျင်ခန့်  ကုန်ကျကြောင်း၊ ပြောင်းဖူးကို ရာသီမရွေး ရေတင်စိုက် ပျိုးနိုင်ပြီး စစိုက်ပျိုးချိန်မှသည် ရိတ် သိမ်းချိန်အထိ  ရေငါးခါ  တင်ပေးရ ကြောင်း၊ နွေရာသီစိုက်လျှင် ရက် ၁၀ဝ ကြာပြီး ရေငါးခါ  တင်ပေးရကြောင်း၊ ဆောင်းရာသီ စိုက်ပျိုးလျှင် ရက်ပေါင်း ၁၁၀ မှ ၁၂၀ ထိကြာပြီး ရေသုံးခါသာ တင်ပေးရကြောင်း၊ စတင်စိုက်ပျိုးချိန် မှာ စက်တင်ဘာလနှင့် အောက်တိုဘာလ များတွင်  စိုက်ပျိုးကြပြီး ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင်   ရိတ်သိမ်းရ ကြောင်း၊ ဆောင်းရာသီ စိုက်ပျိုးလျှင် အမြတ်ပိုမိုရရှိပြီး  အဖူးရိတ်သိမ်းချိန် ရောက်လျှင် တစ်ဧကကို လူငှား ၂၀ ဦး ငှားပြီး တစ်မနက် မိန်းကလေး ၁၅၀ဝ ကျပ်၊ ယောကျာ်းလေး အထမ်း ၂၅၀ဝ ကျပ်နှင့် ထော်လာဂျီပေါ်အထိ အသယ် ငှားရမ်းပြီး   ထော်လာဂျီ ငှားရမ်းခ သည်လည်း  တစ်စီးလျှင် ကျပ် ၁၀ဝ၀ဝ နှင့် တစ်ဧက သုံးစီးတိုက် ကျပ် ၃၀ဝ၀ဝ ပေးရကြောင်း၊ အဖူးကြွေိုခလှေ့စက်ဖြင့် ြွေခလှေ့ပြီး ြွေခလှေ့ခ တစ်တင်း ကျပ် ၃၀ဝ ပေးရကြောင်း၊ ပြောင်းဖူးစေ့ တစ် တင်းကို ကျပ် ၁၂၀ဝ၀ ကျော်မှ ၁၅၀ဝ၀ ကျော်ရောင်းချရကြောင်း၊ ပြောင်းဖူးစေ့ တစ်တင်းလျှင် ၁၈ ပိဿာရှိပြီး  ဆောင်း ရာသီစိုက်   တစ်ဧကအထွက်နှုန်းမှာ တင်း ၁၀ဝ ထွက်ရှိပြီး နွေရာသီတွင် တင်း ၇၀ မှ ၈၀ ဝန်းကျင်ခန့်သာ ထွက်ရှိ ကြောင်း၊ ပြောင်းဖူးစေ့များကို ဒေသခံ ပွဲရုံများသို့ ရောင်းချခြင်း၊ မုံရွာပွဲရုံများ သို့ ကိုယ်တိုင်ကိုယ်ကျ ရောင်းချခြင်းရှိ ကြောင်း၊  တောင်သူအချို့မှာ ယခင်နှစ် က ပြောင်းဖူးကို ၃/၄ ဧက စိုက်ပျိုးကြ သော်လည်း  ယခုနှစ်တွင် ဓာတ်ဆီဈေး များ တက်လာခြင်း၊ မြေဆီဈေးတက်လာ ခြင်းကြောင့် စိုက်ဧကနည်းလာပြီး  တစ် ပိုင်တစ်နိုင် ၁/၂ ဧကခန့် စိုက်ပျိုးလျက် ရှိ‌ကြောင်း၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ပြောင်းဖူးဈေးသည် စိုက်ပျိုးသူများနည်း ပါးလာသည့်အတွက် ယခုနှစ်တွင် ဈေး မြင့်တက်လာပြီး တောင်သူများ  စိုက် ဧက  နည်းသော်လည်း အမြတ်ပိုမိုရ ကြောင်း၊ ပြောင်းဖူးစေ့ကို မုံရွာမြို့နယ် ရှိ ကျေးရွာများတွင် ကြက်စာနှင့် ငုံးစာ များအဖြစ် အသုံးပြုကြကြောင်း၊  ဈေး ပေါ်မူတည်သော်လည်း   အရှုံးမရှိဘဲ အောင်မြင်ဖြစ်ထွန်းလျှင်  ပို၍ အမြတ် အစွန်းရရှိခဲ့ကြောင်း၊ တစ်ဧက စိုက်ပျိုး လျှင် ယခုနှစ်ဈေးနှုန်းဖြင့်  ကျပ်သိန်း ၂၀ ခန့် အမြတ်ရရှိကြောင်း ပြောင်းဖူး စိုက်ပျိုးသူ  ဘုမ္ပနိုးကျေးရွာမှ တောင်သူ ဦးမြသိန်းထံက သိရှိရသည်။
သင်းသင်းအေး(မုံရွာ).