Main menu

Background

အညာ၌ စိမ်းစားဥများ ဈေးကောင်းရရှိနေ

Wed, 02/16/2022 - 15:55 -- journal_editor

အညာဒေသထွက် ဆောင်းရာသီပေါ် သီးနှံစိမ်းစားဥ ဖြိုင်ဖြိုင် ပေါ်နေပြီး ယခင်နှစ်ထက် ဈေးကောင်းမွန်သောကြောင့် ရောင်းချ သူများ အဆင်ပြေလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ရေနံချောင်း မြို့နယ်က ရောင်းဝယ်သူများထံမှ သိရသည်။ စိမ်းစားဥ ဈေးကွက်အနေအထားမှာ  ယခင်နှစ်က စိမ်းစားဥ ငါးလုံးပါ တစ်တွဲလျှင် ကျပ် ၅၀ဝ၊ သုံးလုံးပါ  တစ်တွဲလျှင်  ကျပ် ၃၅၀၊ စိမ်းစားဥ အသေးတစ်တွဲလျှင် ကျပ် ၂၅၀ ရောင်းခဲ့ရပြီး ယခုနှစ်တွင် စိမ်းစားဥတစ်တွဲလျှင် အမြင့်ဆုံး ကျပ် ၈၀ဝ မှ အနိမ့်ဆုံး ကျပ်၅၀ဝ အသေးစများမှာ တစ်တွဲလျှင် ကျပ် ၄၀ဝ ရှိသောကြောင့် ယခုနှစ် ဈေး ကောင်းရကြောင်း မကွေးတိုင်းဒေသကြီးမှ ရောင်းဝယ်သူ အမျိုးသား တစ်ဦးက ပြောသည်။ အညာဒေသ၌ စိမ်းစားဥကို မကွေးတိုင်းဒေကြီး  ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်နှင့်  ဒေသတွင်း၌ ဆောင်းရာသီတွင် အဓိက စိုက်ပျိုးထွက်ရှိကြောင်း သိရသည်။  

      ဆန်းညွန့် (ရေနံချောင်း)