Main menu

Background

စိုက်ပျိုးသူ တောင်သူများ အကျိုးဖြစ်ထွန်းနေသော ဒန့်သလွန်

Wed, 02/16/2022 - 15:58 -- journal_editor

မန္တလေးတိုင်း‌ဒေသကြီး၊   မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ  ဒု-ဦးစီးမှူး ဦးဖြိုးဓနလင်းသည် ဝမ်းတွင်းမြို့ စိုက်ကွင်း(၁)ကျေးရွာသို့ ကွင်းဆင်း၍ အိန္ဒိယဒန့်သလွန် စိုက်ပျိုးသော တောင်သူ ဦးမြအေးနှင့် စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို တွေ့ဆုံမေးမြန်းခဲ့သည်။ဒန့်သလွန်ပင်သည် အပူပိုင်းသီးနှံဖြစ်သော်လည်း တောင်ပေါ် မြေပြန့်မရွေး ဖြစ်ထွန်းသဖြင့် ရာသီဥတုမရွေးသော အပင်ဟု ဆိုနိုင်ကြောင်း၊ ဒန့်သလွန်ပင်သည် သဲဆန်လွန်းသောမြေနှင့် ကျောက်စရစ်မြေများမှလွဲ၍  မြေမ‌ရွေးဖြစ်ထွန်းသော အပင်ဖြစ်ကြောင်း၊ ဒန့်သလွန် စိုက်ပျိုးရန် ရေမဝပ်သော နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းမြေစေးများတွင် အကောင်းဆုံးဖြစ်ကြောင်း၊ ဒန့်သလွန်ပင်ကို  ကိုင်းဖြတ် ၍သော်လည်းကောင်း၊  အစေ့တိုက်ရိုက် မြေချ၍သော်လည်းကောင်း၊  ပျိုးထောင်၍သော်လည်းကောင်း  စိုက်ပျိုးနိုင်ကြောင်း  သိရှိရ သည်။
ဒန့်သလွန်မျိုးမှာ အိန္ဒိယမျိုးဖြစ်၍ အစေ့တစ်စေ့လျှင် ၁၀ဝ ကျပ်နှုန်းဖြင့် ဝယ်ယူပျိုးထောင်စိုက်ပျိုးခဲ့ကြောင်း၊ ဒန့်သလွန် တစ် ဧကလျှင် ၄၃၅ ပင် (၁၀ဒ_၁၀ဒ)ခြား စိုက်ပျိုးဝင်ဆံ့ကြောင်း၊၂၀၁၉ ခုနှစ်တွင် ပျိုးထောင်စိုက်ပျိုးခဲ့ပြီး ယခု သုံးဧက  စိုက်ပျိုးပြီးစီးပြီဖြစ် ကြောင်း သိရှိရသည်။ တစ်ဧက ကုန်ကျစရိတ် ကျပ် နှစ်သိန်းခန့် ကုန်ကျပြီး နှစ်အနည်းငယ်အတွင်း  အကျိုးဖြစ်ထွန်းသော ဒန့်သလွန် ပင်ဖြစ်ကြောင်း သိရှိရသည်။
မိတ္ထီလာခရိုင်အတွင်း ဝမ်းတွင်းမြို့နယ် စိုက်ကွင်း(၁)ကျေးရွာနှင့် သာစည်မြို့နယ် မြိုင်သာကျေးရွာတွင် ဒန့်သလွန်စိုက်ဧက သုံး ဧကစီ စုစုပေါင်း ခြောက်ဧက စိုက်ပျိုးထားကြောင်းနှင့် အမျိုးအစားအနေဖြင့် အိန္ဒိယမျိုး(ဏ.ု.ြ.ှု)ကို  စိုက်ပျိုးကြောင်း သိရှိရသည်။ စိုက်ပျိုးပြီး အပင်သက်တမ်း ခုနစ်လ ရှစ်လကြာလျှင် အသီးခူးဆွတ်နိုင်ကြောင်း ၊ အပင်သက် တစ်နှစ်ဝန်းကျင်ကျော်ရှိသော ဒန့်သလွန် ပင် တစ်ပင်လျှင် တစ်နှစ်အတောင့် ၁၂၀၊ ၁၅၀ ဝန်းကျင်ထိ  ထွက်ရှိကြောင်း၊ အပင်သက်တမ်းအနေဖြင့် ၅၊ ၆ နှစ်ခန့်  ခူးဆွတ်နိုင်ကြောင်း သိရှိရသည်။  ဒန့်သလွန်ပင်သည် တစ်နှစ်တွင် နှစ်ကြိမ်   ခူးဆွတ်ရပြီး ဒန့်သလွန် တစ်ဧက ၄၃၅ ပင်အား တစ်နှစ် ခြံအပြတ်စနစ် ၆၅ သိန်းဖြင့် ရောင်းချကြောင်း သိရှိရသည်။ ထွက်ရှိသော ဒန့်သလွန်သီးများအား  မန္တလေး၊ တောင်ကြီး၊ နေပြည်တော်၊ ရန်ကုန်၊ မြဝတီ ဈေးကွက်များသို့ တင်ပို့ရောင်းချကြောင်း လေ့လာသိရှိရသည်။
ဒန့်သလွန်သီးပင်သည် ယခုအချိန်တွင် ဈေးကွက်ရောင်းဝယ်အား  ကောင်းပြီး စိုက်ပျိုးသူတောင်သူများအနေဖြင့်  အကျိုးစီးပွား ဖြစ်ထွန်းသော သီးနှံတစ်မျိုးဖြစ်၍ ပိုမိုစိုက်ပျိုးသင့်သောသီးနှံဖြစ်ကြောင်း  စိုက်ပျိုးသူတောင်သူနှင့်   တွေ့ဆုံမေးမြန်းမှုအား တင်ပြလိုက် ရပါသည်။                                                   

           ဖြိုးဓနလင်း(မိတ္ထီလာ)