Main menu

Background

ကျေးလက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိနေသော တံမြက်စည်းမွေး

Wed, 02/16/2022 - 16:03 -- journal_editor

မြန်မာနိုင်ငံသည်  သစ်တောထွက်  သယံ ဇာတများစွာ ထွက်ရှိသောနိုင်ငံဖြစ်သည်။အဖိုး တန် သစ်အမျိုးမျိုး၊ ဝါးအမျိုးမျိုး၊ သစ်ခွများ ထွက်ရှိ သကဲ့သို့ လူတို့၏ပတ်ဝန်းကျင်သန့်ရှင်းရေး၊  အိမ် သန့်ရှင်းရေးအတွက် အသုံးပြုကြသော  တံမြက် စည်းမှာလည်း မြန်မာ့သစ်တောများမှ    ထွက်ရှိ သည်။ တံမြက်စည်းပင်များကို မြန်မာနိုင်ငံ အရှေ့ ပိုင်းဒေသများဖြစ်သော   မိုင်းဖြတ်၊  မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်၊ တာလေမြို့နယ်များရှိ သစ် တောများတွင် နေရာကွက် ကျားအလေ့ကျ ပေါက် နေကြသည်ကို တွေ့ရှိရသည်။
တံမြက်စည်းပင်များသည်    တောင်ပေါ် ဒေသ သစ်တောများတွင် နေရာကွက်ကျား အလေ့ ကျ ပေါက်ရောက်ကာ ကျူပင်နှင့်တူပြီး  အရွက် ရှည်၍ မြစ်ပွားပင်မျိုးဖြစ်သည်။  ၎င်းအပင်သည် မိုးရာသီတွင်   အပင်ကြီးထွားပြီး  ဆောင်းရာသီ၌ အပွင့်ခိုင်များ ပွင့်ကြသည်။ တံမြက်စည်းပင်များကို အပွင့်ခိုင်စုံချိန်ဖြစ်သော ဖေဖော်ဝါရီလမှ မတ်လ အတွင်း ခုတ်ယူကြရသည်။
အလေ့ကျပေါက်နေသော  တံမြက်စည်းပင် များကို ကျေးလက် နေပြည်သူများမှ  ရှာဖွေခုတ်ယူ ကြသကဲ့သို့      တောင်ယာပြန်ချိန်များတွင်လည်း တစ်ပိုင်တစ်နိုင်  ခုတ်ယူသယ်ဆောင်လာကြသည်။ တစ်နေ့လျှင် လူတစ်ဦးသည် တံမြက်စည်းပွင့်ခိုင် အစို ကီလို၃၀မှ ကီလို၅၀ခန့်အထိ   ရှာဖွေခုတ်ယူ ရရှိကြသည်။ ခုတ်ယူရရှိလာသော တံမြက်စည်းပွင့် ခိုင်များကို တစ်ရက်၊ နှစ်ရက်ခန့် နေလှန်းပြီး  ပွင့် ဖတ်၊ ပွင့်ခိုင်များ ြွေကကျအောင် ရိုက်ခါပြီး   နှီးဖြင့် အစည်းကလေးများစီးကာ   အဝယ်ဒိုင်သို့  သွား ရောက် ရောင်းချကြသည်။ တံမြက်စည်းပင်အရွက် ကို ရိုးရာဓလေ့  အလှူအတန်း   ပွဲတော်များတွင် ကောက်ညှင်းထုပ်   ပြုလုပ်ရာ၌    အောက်ခံဖတ် အဖြစ် အသုံးပြုကြသည်။ အချို့သော သူများသည် တံမြက်စည်းမွေးများကို တံမြက်စည်းအဖြစ် ကိုယ် တိုင် ရက်လုပ်ကာ ရောင်းချကြသည်။   တံမြက် စည်း တစ်ချောင်းလျှင် ကျပ် ၁၀ဝ၀ မှ၂၀ဝ၀ အထိ ရောင်းချကြသည်။
တံမြက်စည်းပွင့်ခိုင် အစို ၁၀ ကီလိုကို ကွင်း ပြင်တွင် တစ်ရက်၊ နှစ်ရက်ခန့်  နေလှန်းပြီး ရိုက်ခါ လိုက်လျှင် ရောင်းတန်းဝင် တံမြက်စည်းမွေး လေး ကီလိုမှ ငါးကီလိုခန့်ရရှိသည်။ ယခင်နှစ်က တာချီ လိတ် အဝယ်ဒိုင်တွင် တံမြက်စည်းမွေး တစ်ကီလို လျှင် ကျပ်၁၀ဝ၀မှ၂၀ဝ၀ အထိ  ဈေးပေးဝယ်ခဲ့ပြီး ယခုနှစ်တွင် တစ်ကီလိုလျှင် ကျပ်၁၅၀ဝမှ စတင်၍ ဈေးပေးဝယ်ယူနေသည်။
တံမြက်စည်းမွေးကို   ထိုင်းနိုင်ငံမှ အဓိက ဝယ်ယူပြီး လူသုံးကုန်နှင့် စက်မှုကုန်ကြမ်း  ပြုလုပ် သည်ဟုသိရသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တာချီလိတ်   ကုန်သွယ်ရေးစခန်း(မယ်ယန်း)မှ ထိုင်းနိုင်ငံသို့တံမြက်စည်းမွေး တန်ချိန် ၄၂၀ ဒသမ ၁၆၉ခန့်တင်ပို့ခဲ့ပြီး နိုင်ငံခြားငွေဒေါ်လာ၁၂၀၅၅၉ ရရှိခဲ့သည်။ ယခုနှစ်တွင် တာချီလိတ်  အဝယ်ဒိုင် များမှ တံမြက်စည်းမွေးများကို ဈေးကောင်းပေး၍ ဝယ်ယူနေပြီး   ထိုင်းနိုင်ငံသို့ တင်ပို့ရန် ဆောင် ရွက်နေသည်။
သို့ဖြစ်ပါ၍   ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျေးလက်နေ ပြည်သူများသည် အရင်းအနှီး စိုက် ထုတ်ရန် မလိုဘဲ   တောတောင်များမှ သဘာဝ အလျောက် ပေးစွမ်းသော တံမြက်စည်းပင်များကို ခုတ်ယူရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိနေသည်။ ထိုကြောင့် မြန်မာ့သစ်တောများမှ   ထွက်ရှိသော အဖိုးတန် တံမြက်စည်းပင်များကို ခုတ်ယူရောင်းချ ခြင်းဖြင့် ကျေးလက်နေ ပြည်သူများ တစ်ဖက်တစ် လမ်းမှ  အပိုဝင်ငွေရရှိကာ အဆင်ပြေနေသကဲ့သို့ နိုင်ငံတော်အတွက် ပြည်ပပို့ကုန် အမယ်တစ်မျိုး တိုး၍ နိုင်ငံခြားငွေ တစ်ဖက်တစ်လမ်းမှ ရှာဖွေပေး နေသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း   ရေးသား လိုက်ရပါသည်။
မြင့်နောင်   ရှမ်း(အရှေ့)