Main menu

Background

မိချောင်းကွမ်းဖတ် စိုက်ပျိုးသော တောင်သူများ ဈေးကောင်းရနေ

Thu, 03/17/2022 - 15:36 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် ပြည်ပဈေးကွက် ဝယ်လိုအားရှိသော  မိချောင်းကွမ်းဖတ်စိုက်ပျိုးသည့် တောင်သူများ ယခုနှစ်တွင် ဈေးကောင်းရရှိပြီး တွက်ခြေကိုက်လျက်ရှိကြောင်း ကျောင်း ကုန်းမြို့နယ် သစ်ဆိမ့် ကုန်း ကျေးရွာအုပ်စု    ရွှေကညင်ပင်ကျေးရွာရှိ မိချောင်းကွမ်းဖတ် စိုက်ပျိုးသူတောင်သူ ဦးကျော်စိုးထံမှ သိရသည်။ကျောင်းကုန်းမြို့နယ်တွင် ယခင်မိချောင်းကွမ်းဖတ် စိုက်ပျိုးသော တောင်သူ ၂၅/၃၀ ခန့်ရှိပြီး  ဈေးကွက် ဝယ်လိုအား ရှိသော်လည်း ဈေးနှုန်း ခန့်မှန်းလို့မရသောကြောင့် နောက်ပိုင်းတွင်    မိချောင်းကွမ်းဖတ်စိုက်ပျိုး သော တောင်သူများ လျော့နည်းလာကြောင်း၊  ၂၀၁၆ခုနှစ်တွင်  မိချောင်း ကွမ်းဖတ် တစ်ပိဿာကို ကျပ် ၁၂၀ဝ၀ ရရှိပြီး တောင်သူများ တွက်ခြေကိုက်မှု ရှိသော်လည်း ၂၀၁၇ ခုနှစ် တောင်သူအများစု စိုက်ပျိုးလာချိန် မိချောင်း ကွမ်းဖတ် တစ်ပိဿာကို ၃၄၀ဝ ကျပ် ဖြစ်သွားသည့်အတွက်   တွက်ခြေ ကိုက်မှုမရှိ၍ ၂၀၁၈၊ ၂၀၁၉ခုနှစ်များတွင် တောင်သူအများစု  မစိုက်ပျိုး သော ကြောင့် စိုက်ဧက လျော့နည်းလာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ယခုနှစ် မိချောင်းကွမ်းဖတ်   စိုက်ပျိုးသူတောင်သူ ဦးကျော်စိုးက မိုးဦးကာလ ဇွန်လမှ စတင်ပြီး ဖေဖော်ဝါရီလအထိ ကြဲခင်းဖြစ်၍ ကိုးလခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီးစီးချိန် လိုအပ်သော ပိုးသတ်ဆေး၊  မှိုသတ် ဆေးများ ဖျန်းပေးရပြီး လိုအပ်ပါက ရေတင်ပေးရကြောင်း၊တစ်ဧက ပျမ်းမျှ အထွက်နှုန်းမှာ  ၁၀ တင်းမှ ၁၅ တင်းအထိ ထွက်ရှိနိုင်ဟုခန့်မှန်း၍ လက်ရှိ တစ်ပိဿာ ကျပ် ၆၀ဝ၀ ပေါက်ဈေးရှိပြီး  တစ်ဧက စိုက်ပျိုးထုတ်လုပ်မှုမှာ ကျပ်သုံးသိန်းခန့်ရှိ၍ တစ်ဧကလျှင် ပိဿာ ၁၅၀ ခန့်ထွက်ရှိပါက  ကျပ် ကိုးသိန်းဝန်းကျင်ရရှိမည်ဖြစ်သည့်အတွက် အကျိုးအမြတ်မှာ တစ်ဧကကို ကျပ် ခြောက်သိန်းခန့်  ရရှိနိုင်ကြောင်း၊  ပြည်ပဈေးကွက် ဝယ်လိုအားရှိသော မိချောင်းကွမ်းဖတ်ကို  ယခုနှစ် ဈေးကွက်အခြေအနေအရ   နောက်နှစ်ကို တောင်သူအများစု ပြန်လည်စိုက်ပျိုးခြင်းဖြင့် ပြည်ပဝင်ငွေ တိုးမြှင့်ရရှိနိုင် မည်ဖြစ်ကြောင်း မိချောင်းကွမ်းဖတ် စိုက်ပျိုးသည့် တောင်သူများအား ကျောင်းကုန်းမြို့နယ်တာဝန်ခံ ဦးတင်ကိုက  ကွင်းဆင်းလေ့လာဆွေးနွေး ခဲ့ကြောင်း သိရသည်။