Main menu

Background

ပျားရည်ဈေးကောင်းနေ၍ ပျားရှာသူများ ဝင်ငွေရနေ

Mon, 03/21/2022 - 14:07 -- journal_editor

အညာဒေသတွင် လယ်ယာလုပ်ငန်းခွင်နားချိန်၌ ပျားရှာပျားဖွတ် လုပ်ကိုင်သူများ လက်ရှိ ပျားရည်ဈေးကောင်းမွန်သောကြောင့် ဝင်ငွေရနေကြောင်း မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်က ပျားရှာသူများထံမှ သိရသည်။
အညာဒေသမှာ မိုးရာသီနဲ့ ဆောင်းရာသီမှာ လယ်ယာလုပ်ငန်းခွင်၌ အလုပ်ပေါသော်လည်း ယခုလို  နွေဦးပေါက်မှာ အလုပ် အနည်းငယ်အားနေကြပြီး ပျားရှာပျားဖွတ်ကြကာ ဝင်ငွေရှာနေကြကြောင်း လက်ရှိ ပျားရည်ပျားသလက်တစ်ခု ကျပ် ၁၅၀ဝကနေ ကျပ် ၃၀ဝ၀အတွင်း ရောင်းရပြီး လတ်လတ်ဆတ်ဆတ် သံသယကင်းကင်းဖြင့် စားသုံးလိုသူများအတွက် အဆင်ပြေကြောင်း  ချောက်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။  ဈေးကွက်၌ ပျားရည်ကို သဘာဝပျားရည်တစ်ပုလင်းလျှင် ကျပ် ၅၀ဝ၀ ပေါက်ဈေးရောင်းရပြီး ဆေး ဖက်ဝင်အဖြစ် ဝယ်ယူစားသုံးသူ များလာကြောင်း သိရသည်။                                 

  ဆန်းညွန့််(ရေနံချောင်း)