Main menu

Background

ကားအစိတ်အပိုင်းများ၏ အကျပ်အတည်းကြောင့် ကားတင်ပို့မှု ထိခိုက်

Fri, 05/20/2022 - 13:02 -- journal_editor

ရုရှား-ယူကရိန်းအကျပ်အတည်းကြောင့် ကားအစိတ်အပိုင်းများနှင့်ဆီမီးကွန်ဒတ်တာများပြတ်လပ်မှုဖြစ်ပေါ်ခဲ့ကာ ထိုင်းနိုင်ငံ၏မော်တော်ကားပြည်ပတင်ပို့မှုသည် မတ်လတွင်နှစ်အလိုက်၌ ၁၀ဒသမ၂ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အစီးရေ ၉၃၈၉၀ သာ ပြည်ပသို့တင်ပို့နိုင်ခဲ့ကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ်(FTI)၏အဆိုအရသိရှိရသည်။အဆိုပါမော်တော်ကားပစ္စည်းများ ပြတ်လပ်မှုကြောင့်သြစတြေးလျနိုင်ငံ၊ဥရောပနှင့်အာရှဈေးကွက်များသို့ မော်တော် ကား မော်ဒယ်များစွာတင်ပို့မှုအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း FTI ၏ဒုတိယဥက္ကဋ္ဌနှင့်မော်တော်ကားကလပ်အသင်း၏ပြောရေးဆိုခွင့်ရှိသူ Surapong  ပြောကြားခဲ့ကြောင်းသိရှိရသည်။ရှန်ဟိုင်း တွင် ကိုဗစ်(၁၉) Lockdown ချထားခြင်းသည် မော်တော်ကားအစိတ်အပိုင်းများပြတ်လပ်မှု၏နောက်ကွယ်မှအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊နောက်ဆုံးတွင်မော်တော်ကားလုပ်ငန်း၏ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ကိုထိခိုက်စေခဲ့ကြောင်းသိရှိရပါသည်။ထိုင်းနိုင်ငံနှင့်ကမ္ဘာ့ဈေးကွက်သို့ မော်တော်ယာဉ်အစိတ်အပိုင်းများထောက်ပံ့ပေးနေသည့်    အဓိကစက်ရုံနှစ်ခုရှိနေကြောင်း၊မိမိတို့အနေဖြင့်ကပ်ရောဂါမှာမကြာမီပြန်လည်ကောင်းမွန်လာမည်ဟုမျှော်လင့်ကြောင်းမစ္စတာဆူရာပေါင်၏အဆိုအရ သိရှိရသည်။ငွှ်္ှုအနေဖြင့်     ရုရှား-ယူကရိန်း   အကျပ် အတည်းကြောင့် ထိုင်းနိုင်ငံရှိ မော်တော်ကား ထုတ် လုပ်သူများအပေါ် သက်ရောက်မှုများကို အနီးကပ် စောင့်ကြည့်လေ့လာလျက်ရှိနေကြောင်း၊  အဆိုပါ အကျပ်အတည်းက    မော်တော်ကား   တပ်ဆင်မှု အတွက် လိုအပ်သောအစိတ်အပိုင်းများ၏ထောက်ပံ့ ပို့ဆောင်မှုအတွက် အရေးကြီးကြောင်းသိရှိရသည်။FTI ၏အဆိုအရ ယခုနှစ် ဇန်နဝါရီလမှမတ်လအထိ မော်တော်ကားပြည်ပသို့တင်ပို့မှုမှာ ယခင်နှစ်ကထက် ၅ ဒသမ ၈၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊တင်ပို့မှုအနေဖြင့်နှစ်အလိုက်တွင်အစီးရေ ၂၄၃၁၂၄ စီးရှိကြောင်း၊ပို့ကုန်တင်ပို့မှုတန်ဖိုးအနေဖြင့် သုည ဒသမ ၈၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီးပို့ကုန်တန်ဖိုးအနေဖြင့်ဘတ်ငွေ ၁၄၄ ဒသမ ၁၆ ဘီလီယံရှိခဲ့ကြောင်း၊သို့ရာတွင် ဖေဖော်ဝါရီလနှင့်နှိုင်းယှဉ်ပါကမတ်လတွင်မော်တော်ကားတင်ပို့မှုအစီးရေမှာ ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရှိရသည်။မတ်လတွင်ပြည်တွင်းကားအရောင်းမှာနှစ်အလိုက်တွင် ၉ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အစီးရေ၈၇၂၄၅စီးရောင်းချခဲ့ကြောင်း၊၎င်းမှာဖေဖော်ဝါရီလထက်၁၇ ဒသမ ၁၂ ရာခိုင်နှုန်းတိုးတက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ဇန်နဝါရီလမှမတ်လအထိ ပြည်တွင်းကားအရောင်းမှာ ၁၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး နှစ်အလိုက်တွင်အစီးရေ ၂၃၁၁၈၉စီးရှိခဲ့ကြောင်းသိရှိရသည်။ထိုသို့တိုးတက်လာမှုမှာကိုဗစ်(၁၉)နှင့်ပတ်သက်၍ဖြေလျှော့ဆောင်ရွက်ပေးခဲ့မှုများ၊လျှပ်စစ်ကားအရောင်းမြှင့်တင်ရန်လျှပ်စစ်ကားEvများကိုမက်လုံးများပေးသည့်အစီအစဉ်များနှင့်အပြည်ပြည်ဆိုင်ရာမော်တော် ကား ပြပွဲတို့အားကျင်းပခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရှိရသည်။မောင်းထောင်းထာနီ Impact Challenger Hall ၌ ၁၂ ရက်ကြာကျင်းပခဲ့သည့်အပြည်ပြည်ဆိုင်ရာ မော်တော်ကားပြပွဲသည် ဧပြီ ၃ ရက်တွင် ပြီးဆုံးခဲ့ကြောင်းသိရှိရသည်။မတ်လတွင်   ထိုင်းနိုင်ငံ၏မော်တော်ကားထုတ်လုပ်မှုမှာ  ၆ ဒသမ ၂၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းနှင့်ထုတ်လုပ်မှုအစီးရေအနေဖြင့် နှစ်အလိုက်တွင် ၁၇၂၆၇၁ စီး ရှိခဲ့ကြောင်း သိရှိရသည်။ဇန်နဝါရီလမှ မတ်လအထိ မော်တော်ကားထုတ်လုပ်မှုမှာနှစ်အလိုက်တွင်  ၃ဒသမဝ၆ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အစီးရေအားဖြင့်  ၄၈၀ဝ၇၈စီးရှိခဲ့ကြောင်းသိရှိရသည်။၎င်းတို့အနက် ၃၂ ရာခိုင်နှုန်း မှာ ဗန်ကောက်အပြည်ပြည်ဆိုင်ရာမော်တော်ကားပြပွဲနှင့်ဆုန်ခရန်အားလပ်ရက်ပိတ်ရက်များအတွင်း တိုးတက်လာသည့်ဝယ်လိုအားမြင့်မားမှု အပေါ် ဖြည့်ဆည်းနိုင်ရန်အတွက်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လွင်မျိုးဇော်(စီးပွားရေးသံမှူး)
မြန်မာသံရုံး၊ ဗန်ကောက်မြို့။