Main menu

Background

ပုသိမ်မြို့တွင် ပြောင်းလဲသွားသော ပြည်ပပို့ကုန် ဆံပင်ဈေးကွက်

Fri, 05/20/2022 - 13:07 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးအတွင်း  ပြည်ပပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်သော ဆံပင်ဈေးကွက်မှာ ယခင်ကမူဆယ်မှတစ်ဆင့် တရုတ် နိုင်ငံသို့သာ အဓိက တင်ပို့ရောင်းချမှုရှိသော်လည်း ယခုနှစ်ပိုင်းအတွင်း  ဈေးကွက်မှာ ပြောင်းလဲ သွား၍ ပြည်တွင်း၌နေထိုင်သော ပြည်ပနိုင်ငံသားများ နှင့် ပြည်ပနိုင်ငံများမှလည်း  အဝယ်ဒိုင်သို့ တိုက်ရိုက်ချိတ်ဆက်ဝယ်ယူလျက်ရှိကြောင်း၊ ဆံပင်ဈေးနှုန်းမှာ ယခင် (၄/၅)နှစ်ခန့်က တစ်ပိဿာကို ကျပ်တစ်သိန်းမှ ခြောက်သိန်း ဈေး ကွက်အတွင်း သာရှိပြီး ယခုပေါက်ဈေးမှာ ယခင်ထက်များစွာ မြင့်တက်လျက်ရှိကြောင်း၊ဝယ်ယူထားသော ဆံပင် ကုန်ကြမ်းကို ဆပ်ပြာနှင့် ရေသန့်စင်ဆေး နေပူလှန်း အတိုအရှည်ဆိုဒ်ခွဲ၍  ပြည်တွင်းဈေးကွက်တွင်  ပိဿာချိန်၊ ပြည်ပဈေးကွက် တွင် ကီလိုနှင့်ရောင်း ချရ ကြောင်း၊ ပုသိမ်မြို့ စိတ်တိုင်းကျ ဆံပင်ရောင်း ဝယ်ရေးလုပ်ငန်းရှင် ဦးညွန့်နိုင်ထံမှ သိရသည်။ဆံပင်ဝယ်ယူရာတွင် ကျွတ်စ/အပွအရိုင်း နှင့် အတိုအရှည် လက်မဆိုဒ်များမှာ  ၁၂ လက်မ မှ ၃၂ လက်မအထက် လက်မအတိုအရှည်အလိုက် တစ်ပိဿာကို   ကျပ်နှစ်သိန်းခွဲမှ ကျပ်သိန်း ၂၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ကြောင်း၊   ပြည်ပ ဈေးကွက်တွင် ဆံပင်ကို မုတ်ဆိတ်မွေး၊ ပါးသိုင်း မွေးအတု ပြုလုပ်ခြင်း၊ ရုပ်ရှင်ကားများတွင်  ဆံတု၊ ဆံထုံးပြုလုပ်ခြင်း၊ ဂီတ၊ ရုပ်ရှင်နယ်ပယ်နှင့် ပျော်ပွဲ ရွှင်ပွဲများတွင် အလှကုန်ပစ္စည်းအဖြစ်   အမျိုးမျိုး တွင်ကျယ်စွာ အသုံးပြုလျက်ရှိကြောင်း ဦးညွန့်နိုင် က ဆက်လက်ပြောကြားသည်။

မင်းမင်းဦး(ပုသိမ်)