Main menu

Background

ဂေါ်ဖီထုပ်စိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေ

Thu, 05/26/2022 - 16:03 -- journal_editor

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ်တွင် ဒေသထွက်ဂေါ်ဖီထုပ်ကို ရာသီပေါ်သီးနှံအဖြစ် တောင်ပေါ်ဒေသများဖြစ်သော လွယ်မွေအုပ်စု၊မိုင်းခွန်အုပ်စုနှင့် မိုင်းဇင်း အုပ်စု တို့တွင်နွေ၊မိုး၊ ဆောင်းရာသီမရွေးတစ်ပိုင်တစ်နိုင်စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့်အခြေအနေများကိုမေလပထမပတ်တွင်စိုက်ပျိုးသည့်တောင်သူကြီးများထံ တွေ့ဆုံ မေးမြန်းခဲ့ သည်။ဂေါ်ဖီထုပ်မျိုးစေ့များကိုSuperHAYA (ဒေသခေါ်ယိုးဒယားကမ္ဘာလုံး) အမှတ်တံဆိပ်ဖြင့်၅၀ ွနှစ်ဘူးလျှင်ငါးသောင်းကျပ်ဖြင့် ဝယ်ယူ၍တစ်လကြာသည် အထိ ပျိုး ထောင်ရပြီး ပျိုးထောင်ချိန်တွင်ဂေါ်ဖီထုပ်စိုက်ပျိုးမည့် မြေနေရာကို မြေပြုပြင်ခြင်းဆောင်ရွက်ရသည်။ မြေပြုပြင်ရာတွင် လုပ်အားခအနေဖြင့် တစ်ဧကလျှင် ကုန်ကျ ငွေစုစု ပေါင်းကျပ်သုံးသိန်းကျော်ခန့်ပေးချေရသည်။ဂေါ်ဖီထုပ်အပင်၏အဓိကလိုအပ်သောသွင်းအားစုများမှာသဘာဝမြေဆွေး၈၀အိတ်လျှင် တစ်သိန်းကျော်ခန့်၊ကြက်ချေး လေးအိတ် လျှင်နှစ်သောင်းကျပ်၊ နွားချေး ၄၀အိတ်လျှင် ကျပ်ရှစ်သောင်း၊ တီစူပါဓာတ်မြေသြဇာနှစ်အိတ်လျှင် ကျပ်နှစ်သိန်းကျော်ခန့်၊ ပိုးသတ်ဆေးနှစ်ဘူးလျှင် တစ်သောင်း ကျော်ခန့်၊အပင်အားတိုးဆေးနှစ်ဘူးလျှင်တစ်သောင်းကျပ်တို့ဖြစ်ကြသည်။ဂေါ်ဖီထုပ်အပင်များကြီးထွားရန်အတွက်ရေလုံလောက်စွာ ရရှိရန်လိုအပ်ကြောင်းနှင့် ပျိုးသက်တမ်းတစ်လ ကြာပြီးနောက် ပျိုးပင်ပေါက်များကို မြေပြုပြင်ထားသည့်နေရာတွင်  ပင်ခြားတန်းခြား နှစ်ပေပတ်လည်၌ တစ်ပင်နှုန်း စိုက်ပျိုးပြီး  တစ်ဧကလျှင် အပင်စုစုပေါင်း  တစ်သောင်းကျော်ခန့် စိုက်ပျိုး၍အပင်စိုက်ခတစ်သိန်းနှင့် ပေါင်းရှင်းခတစ်သိန်းကုန်ကျသည်။ အချိန်ကာလနှစ်လအကြာ၌ ဂေါ်ဖီထုပ်ခူးဆွတ်ချိန်တွင်ရိတ်သိမ်းခတစ်သိန်း ကုန်ကျသည်။ ခူးဆွတ်ပြီး ဂေါ်ဖီထုပ်များကို ကျိုင်းတုံမြို့၊ မြို့မဈေး၌သာ လက်ကားဈေး တစ်လုံးလျှင်ကျပ် ၃၀ဝ မှ ၅၀ဝထိရရှိပြီး လက်လီဈေး တစ်လုံးကို ကျပ် ၇၀ဝ မှ ၁၀ဝ၀ထိပေးဝယ်ရကြောင်းသိရှိရသည်။ဂေါ်ဖီထုပ်စိုက်ဧကတစ်ဧကကုန်ကျ စရိတ်မှာကျပ်၁၁သိန်းကျော်ခန့်ဖြစ်ပြီးတစ်ဧကအထွက်နှုန်းမှာအလုံးအရေအတွက် တစ်သောင်း ခန့်ထွက် ရှိရာရောင်းရငွေမှာအနိမ့်ဆုံးဈေးဖြင့်ကျပ်သိန်း၃၀ခန့်ရရှိ၍တစ်ဧကအကျိုးအမြတ်မှာကျပ်၁၈သိန်းခန့်ရရှိကြောင်းသိရသည်။

  စိုင်းပြည့်စုံ၊ ကျိုင်းတုံ(ရှမ်း/ရှေ့)