Main menu

Background

ရွှေတောင်မြို့ရှိ သီဟိုဠ်စေ့ ဈေးနှုန်းဈေးကွက်

Thu, 05/26/2022 - 16:09 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရွှေတောင်မြို့နယ်တွင် သီဟိုဠ်စိုက်ဧက၃၀ဝ ကျော် စိုက်ပျိုးနိုင်ခဲ့သည်။ သီဟိုဠ်တစ်ဧကလျှင် အပင် ၆၀ အထိ  စိုက်ပျိုးနိုင်ပြီးအထွက်မှာ ပိဿာ ၃၀ခန့်ထွက်ရှိကြောင်းသိရသည်။  ယခင်နှစ်တွင်သီဟိုဠ်အထွက်နှုန်းမှာတစ်ဧကလျှင် ပိဿာ၆၀ခန့် ထွက်ရှိသဖြင့် ယခင်နှစ်ထက်ထက်ဝက်ခန့်အထွက်နှုန်း ကျဆင်း ကြောင်း သိရသည်။ထိုသို့ အထွက်နှုန်းကျဆင်းရခြင်းမှာ သီဟိုဠ်ပင်အပွင့်ပွင့်ချိန်၌ မိုးများစွာရွာသွန်းခြင်းကြောင့် ဖြစ်သည်။ယခုနှစ်တွင် သီဟိုဠ်စေ့အထွက်နှုန်း ကျ ဆင်းသော် လည်း ရန်ကုန်မှအဝယ်ရှိသဖြင့်ယခင်နှစ်ထက်ဈေးမြင့်လာသည်။သီဟိုဠ်စေ့ဈေးနှုန်းများအနေဖြင့် ယခင်နှစ်တွင် တစ်ပိဿာလျှင် ကျပ်၁၀ဝ၀- ၁၅၀ဝဖြင့် ဈေး ဖြစ်ခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀-၃၃၀ဝထိ ဈေးမြင့်တက်လာခဲ့သည်။ သီဟိုဠ်စေ့ကိုရန်ကုန်မြို့နှင့် ဒေသတွင်းဈေးများတွင်ရောင်းချသည်။ သီဟိုဠ်စေ့အား ခူးဆွတ်ပြီး နေလှမ်း၍ ရောင်းချသလို အချို့မှာအဆန်များထုတ်ယူပြီး လှော်၍ ရောင်းချသည်များလည်းရှိသည်။            

   အောင်နိုင်ဦး (ရွှေတောင်)