Main menu

Background

အမယ်သစ် ပို့ကုန် Hass ထောပတ်

Thu, 05/26/2022 - 16:15 -- journal_editor

ကယားပြည်နယ်တွင် စပါး ၊ ပြောင်းသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိပြီး နှစ်ရှည်သီးနှံ တစ်မျိုးဖြစ်သည့်ထောပတ်သီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးလာရာ လွိုင်ကော်မြို့နယ် အိုက်စပ်ကျေးရွာတွင်  Hass ထောပတ်မျိုးစိုက်ဧက ၁၀ဝ ခန့်ရှိ သည်။အဆိုပါ HSSထောပတ်မျိုးသည် နယူးဇီလန်မျိုးဖြစ်ပြီးပျိုးပင် တစ်ပင်လျှင် ကျပ်၁၅၀ဝ၀ နှုန်းရှိ၍ သက်တမ်းသုံးနှစ်တွင် အသီး စသီးကြောင်း၊ တစ်ဧကလျှင် အပင် ၁၀ဝ ခန့် စိုက်ပျိုးနိုင်ပြီး တစ်ဧက ကုန်ကျစရိတ်မှာ ကျပ် ၂၂ သိန်းခန့်ကုန်ကျစရိတ်ရှိကြောင်း၊ထောပတ်ဈေးနှုန်းမှာ ယခင်နှစ် တစ်ကီလိုလျှင်ကျပ် ၆၀ဝ၀ ဈေးရှိပြီး ထိုင်းသို့ ကီလို ၅၀ဝ ခန့် တစ်နိုင်တစ်ပိုင် တင်ပို့ နိုင်ခဲ့ကြောင်း၊ ယခုနှစ်ဈေးနှုန်းမှာလည်း တစ်ကီလိုလျှင် ကျပ် ၆၀ဝ၀ ဈေးရှိ ကြောင်း၊ယခုနှစ်ထောပတ်သီးရာသီချိန်တွင်အမေရိကန်မှတစ်ကီလိုရှစ်ဒေါ်လာရသဖြင့် အမေရိကန်သို့လည်းကီလို၂၀ဝ၀ခန့်တင်ပို့မည့်အစီအစဉ်ရှိကြောင်း၊ထောပတ်စိုက်ပျိုး ထုတ်လုပ်သည့်လုပ်ငန်းရှင်တစ်ဦးထံမှသိရသည်။

ခင်မြို့(စားသုံးသူ၊ ကယား)