Main menu

Background

ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းသည်နှင့် ပြည်တွင်းသို့ ရွှေတင်သွင်းရန် လုပ်ဆောင်သွားမည်

Thu, 06/09/2022 - 11:44 -- journal_editor

ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းသည်နှင့် ပြည်တွင်းသို့ ရွှေတင်သွင်းရန် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဇွန် ၂ ရက်တွင် ပြောသည်။"ပြည်တွင်းကို ရွှေ တင် သွင်းဖို့အတွက် ကမ္ဘာ့ဈေးအကျကို စောင့်နေကြတယ်။ ကမ္ဘာ့ဈေးလည်း ကျတော့ကျလာပါပြီ။ ရွှေဈေးက ၁၈၀ဝ အောက်လောက် ရောက် တာနဲ့ စကြမှာပါ။ အခုက ၁၈၃၅ လောက်ဆိုတော့ စောင့်နေကြတာ"ဟု ၎င်းက ပြောသည်။YGEA အနေဖြင့် ဇွန်လအပါဝင် လာမည့်သုံးလအတွင်း ပြည်တွင်း၌ ရွှေ ကုန်ကြမ်း လုံလောက်မှုရှိစေရန်အတွက် ပြည်ပကနေ ရွှေတင်သွင်းသွားရန် ပြီးခဲ့ သည့် မေလမှစတင်ကာ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး စီစဉ် ထားခဲ့ ခြင်းဖြစ်ကြောင်း၎င်းကပြောသည်။"ဈေးကွက်ထဲမှာကလည်း ရွှေကလုံလောက်သွားတဲ့သဘောမှာ ရှိတယ်။ အရင်လို နယ်စပ်ဖြတ်ကျော်တွေ မရှိတော့ဘူး၊ လမ်းဘေးပလက်ဖောင်းပေါ်မှာ ဈေးကစားတဲ့သူတွေ မရှိတော့ဘူး၊ ပုံမှန်ဖြစ် သွားတဲ့အခါကျတော့ ဈေးကွက်ထဲပစ္စည်းက အဲလောက်မလိုတော့ဘူး။ ကမ္ဘာ့ဈေးအကျကိုပဲစောင့်ပြီး ရွှေတင်သွင်း မယ့်သူတွေက တင်သွင်းသွားမှာပါ။ ရွှေတင်သွင်းမယ့်သူတွေက အသင်းမှာလည်း အရောင်းအဝယ်လုပ်သလို ဆိုင်တွေ ကုမ္ပဏီတွေလည်း ရှိရမှာပါ"ဟု ၎င်းကပြောသည်။ လက်ရှိ ပြည်တွင်းရွှေဈေးကွက်မှာ ဈေးအမြင့်ပိုင်းတွင်သာရှိ‌နေပြီး ယခု ကာလသည် ကျောင်းအပ်နှံချိန်ဖြစ်သည့်အတွက် ဈေးကွက်အေးနေကာ ဝယ်လိုအားနည်း၍ ရောင်းလိုအား အနည်းငယ်များသည့် အ‌ခြေအနေမျိုးဖြစ်ကြောင်းသိရသည်။"ဒီတစ်ပတ်အတွင်းကတော့ ရွှေဈေးက သိန်းနှစ်ဆယ် လေးသောင်း၊ငါးသောင်းဝန်းကျင်မှာပဲ ဆက်ရှိနိုင်ပါတယ်။အခုဈေးကွက်ထဲမှာ ဈေးကစားမှု၊မှောင်ခိုလုပ်တာတွေ ထိန်းနိုင်ဖို့လိုင်စင်တွေ လုပ်ခိုင်း ထားတာလည်းရှိတော့ အခုဆိုရင်လုပ်ငန်းရှင်၅၀လောက်က လာရောက်လျှောက်ထားတာတွေ ရှိနေပါပြီ"ဟု ဦးမျိုးမြင့်က ဆက်လက်ပြောဆိုသည်။အဆိုပါ   YGEA  အနေဖြင့် မီးလင်းရွှေ အတုံး အခဲ အရောင်းအဝယ်ပြုလုပ်သူများအား လိုင်စင်ပြုလုပ်ထားကြရန်ပြီးခဲ့သည့် မေ၁၈ရက်ကအသိပေးပြောကြား ထားပြီးလိုင်စင်မရှိ သည့်ရွှေဆိုင် များကိုလည်းရွှေ အရောင်း အဝယ်လိုင်စင်ပြုလုပ်ကြရန်ထုတ်ပြန်ကြေညာထားသည်/                                                

  ပန်းဆု