Main menu

Background

ရန်ကုန်စတော့အိပ်ချိန်းမှ စာရင်းဝင်အကြိုဈေးကွက် တည်ထောင်ရန် စီစဉ်နေ

Fri, 06/10/2022 - 13:59 -- journal_editor

ရန်ကုန်စတော့အိပ်ချိန်း(YSX)အနေဖြင့် လက်ရှိဆောင်ရွက်နေသည့် စာရင်းဝင်ဈေးကွက်(Main Board)  အပြင် စာရင်းဝင်အကြိုဈေးကွက်Pre Listing Board (PLB) ကို  မကြာမီကာလအတွင်း တည်ထောင်သွားရန် စီစဉ်နေကြောင်း သိရသည်။စာရင်းဝင်အကြိုဈေးကွက်Pre Listing Board(PLB)ဆိုသည်မှာ ရန်ကုန်စတော့အိပ်ချိန်း၏ လက်ရှိရောင်းဝယ်နေသည့်စာရင်းဝင်ဈေးကွက် (Main Board)  အပြင် စာရင်းဝင် စံသတ်မှတ်ချက် ၁၇ချက်နှင့် ကိုက်ညီမှုမရှိ သေးသည့် အများပိုင်ကုမ္ပဏီများအတွက် အရောင်းအဝယ်ပြုလုပ်နိုင်ရန် ဆောင်ရွက်ထားသည့် ဒုတိယဈးကွက်တစ်ခုဖြစ်ကြောင်း ရန်ကုန်စတော့အိပ်ချိန်း၏ အကြီးတန်းအရာရှိတစ်ဦးက ဇွန်၂ရက်တွင်ပြောသည်။"Pre Listing Board ဟု ရန်ကုန်စတော့အိပ်ချိန်းရဲ့ဒုတိယဈေးကွက်Second Board လို့လည်းခေါ်လို့ရပါတယ်။ဒီ Pre Listing Board ကိုတည်ထောင်ခြင်း ရဲ့ရည်ရွယ်ချက်တွေကတော့ မြန်မာနိုင်ငံရဲ့အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ပြီးတော့ အသေး စားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေ အထောက်အကူဖြစ်စေဖို့၊ အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီတွေအနေနဲ့ အများပြည်သူကို ရှယ်ယာတွေထုတ်ဝေ ရောင်းချပြီးတော့  စတော့ဈေးကွက်ကို အလွယ်တကူဝင်ရောက်လာစေဖို့၊ ရန်ကုန် စတော့အိပ်ချိန်းရဲ့စာရင်းဝင်စံတွေနဲ့ပြည့်စုံနေတဲ့ ကုမ္ပဏီတွေအနေနဲ့ဈေးကွက်ထဲကိုဝင်ရောက်ပြီးတော့ရောင်းဝယ်ဖောက်ကားနိုင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်"ဟု၎င်းကပြောသည်။ကုမ္ပဏီများ အနေဖြင့် Pre Listing Board တွင် register ပြုလုပ်ထားမည်ဆိုပါက မိမိကုမ္ပဏီ၏ ရှယ်ယာများကိုရင်းနှီးမြှုပ်နှံသူများက ရန်ကုန်စတော့အိပ်ချိန်း၏ trading platform  ကနေတစ်ဆင့် အဆင်ပြေလွယ်ကူစွာ အရောင်းအဝယ် ပြုလုပ် နိုင်မည်ဖြစ်သည့်အပြင်နောင်တစ်ချိန်တွင်ရန်ကုန်စတော့အိပ်ချိန်း၏Main Boardတွင် စာရင်းဝင်ကုမ္ပဏီ ဖြစ်လာရေးအတွက်လည်း စာရင်းစစ်၊စာရင်းကိုင်စံများ၊ သတင်းအချက်အလက် ဖွင့်ဟကြေညာမှုစနစ်များနှင့် ကောင်းမွန်သည့် ကော်ပိုရိတ် စီမံခန့်ခွဲမှုစနစ်များကို လေ့ကျင့်ပြင်ဆင်ပြီးသား ဖြစ်သွားမည်ဖြစ်ကြောင်းသိရသည်။                                                                               
    ပန်းဆု