Main menu

Background

ပြောင်းတန်ချိန် နှစ်သိန်းငါးသောင်းကျော်တင်ပို့

Tue, 06/21/2022 - 16:27 -- journal_editor

မေလတွင်ပင်လယ်ရေကြောင်းကုန်သွယ်မှုမှပြောင်းတန်ချိန် ၃၈၃၀ဝတင်ပို့ခဲ့ပြီးတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁၉၅ သန်းကျော်ရရှိခဲ့သည်။ မေလ အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် အများဆုံးတင်ပို့ခဲ့ပြီး ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့လည်းတင်ပို့ခဲ့သည်။ ထို့ပြင်မေလတွင် နယ်စပ်ကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၂၁၆၆၃၀ ကျော် တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၆၇ ဒသမ ၃၈၅ သန်းဖိုး တင်ပို့ခဲ့ရာ ထိုင်း နိုင်ငံသို့ ပြောင်းတန်ချိန် ၂၁၅၉၇၄ တန် အများဆုံး တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသို့၆၅၉တန် တင်ပို့ခဲ့သည်။အနီးစပ်ဆုံး ဧပြီလနှင့်နှိုင်းယှဉ်ပါကတန်ချိန် ၁၉၁၁၈၀နှင့်တန်ဖိုးအမေရိကန်ဒေါ်လာ၅၉ဒသမ ၆၃၂သန်းပိုမိုခဲ့သည်။မေလတွင်ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးမှ စုစုပေါင်း ပြောင်းတန်ချိန် ၂၅၄၉၃၀ ကျော် တန်ဖိုး အမေရိကန်ဒေါ်လာ ၇၉ ဒသမ ၅၈ သန်း ရရှိကြောင်း သိရသည်။    
အေးအေးသန့်