
လက်ရှိရော်ဘာခြံပိတ်ရာသီ၌ ကမ္ဘာ့ရော်ဘာဈေးကျဆင်းနေသောကြောင့် ပြည်တွင်းရော်ဘာဈေးနှုန်းများပါ လိုက်ပါကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာ စိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MRPPA) မှသိရသည်။ယခင်က ပြည်တွင်းရော်ဘာတစ်ပေါင်လျှင်ကျပ် ၁၂၀ဝကျော်အထိရှိပြီး လက်ရှိတွင်တစ်ပေါင် လျှင် ကျပ် ၁၁၀ဝ မှ ၁၁၅၀အထိသာပေါက်ဈေးရှိနေကြောင်းသိရသည်။နိုင်ငံတကာပေါက်ဈေးအနေဖြင့်တစ်တန်လျှင် ယခင်က ဒေါ်လာ ၂၀ဝ၀ ကျော်အထိ ရှိခဲ့ပြီး လက်ရှိ တွင် ဒေါ်လာ ၂၀ဝ၀ ပတ်ဝန်းကျင်ခန့်သာ ရှိကြောင်း သိရသည်။ဈေးကွက်အတွင်းလက်ရှိ၌ ပြည်ပအဝယ် ရှိသော်လည်း ရော်ဘာခြံပိတ်ရာသီ ဖြစ်၍ပစ္စည်း လက်ကျန် များသာ တင်ပို့ရောင်းချနေကြောင်းMRPPAအတွင်းရေးမှူးဦးခိုင်မြင့်ကဇွန်၂၉ရက်တွင်ပြောသည်။အခုအချိန်ပြည်တွင်းကတော့ခြံပိတ်ရာသီဖြစ်သွားပြီ။နိုင်ငံတကာ ပေါက် ဈေးကတော့ဒီအပတ်ကတော့ကျတယ်။နောက်ပြီး နိုင်ငံတကာ ဈေးပေါ်မှာလည်း မူတည် တယ်။ကမ္ဘာ့ဈေးကျလို့ ပြည်တွင်းရော်ဘာဈေးက လိုက်ကျတာ။ရော်ဘာက တော့ထွက်သမျှရောင်းကုန်တယ်"ဟု၎င်းကပြောသည်။ပြည်ပသို့ န်မာ့ရော်ဘာတင်ပို့ရာ တွင်လက်ရှိ၌လိုအပ် ချက်များရှိနေသည့်အပြင် ဒေါ်လာဈေးမှာ လည်း အမြင့်ဈေး တွင်ရှိ နေသော ကြောင့် ရော်ဘာဈေးမှာ ကျပ်တစ်ထောင်အထက် တွင်သာရှိနေ ခြင်းဖြစ်ကြောင်း သိရသည်။"ရော်ဘာ ဈေး က ဒေါ်လာ ဈေးပေါ် မူတည် ပြီး ဈေးအမြင့် ဘက် ရောက်လာနိုင်ဖွယ်တော့ ရှိပါ တယ်။ နောက်ပိုင်း နိုင်ငံတကာမှာ ကိုဗစ်နဲ့နောက် ဆက်တွဲရောဂါတွေ ပျောက်သွားပြီး ရော်ဘာနဲ့ ဆက်စပ်တဲ့ စက်ရုံလုပ်ငန်းတွေ ပြန်လည်ပတ်လာ မယ်ဆိုရင် ရော်ဘာဈေး ပြန်ကောင်းလာနိုင်ပါ တယ်"ဟု ဦးခိုင်မြင့်က ပြောသည်။မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှ ထွက်ရှိ သည့် ရော်ဘာ စုစု ပေါင်း၏ ၇၅ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး မလေး ရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့ zက် ရှိကာပင်လယ် ရေကြောင်းမှ အများဆုံးတင်ပို့နေခြင်းဖြစ်ပြီး နှစ်စဉ် ရော်ဘာတန်ချိန် သုံးသိန်း ခန့် တင်ပို့လျက် ရှိကြောင်း သိရသည်။ပြည်တွင်း၌ တစ်နိုင်ငံလုံး အတိုင်း အတာအနေဖြင့် ရော်ဘာစိုက်ဧက စုစုပေါင်း ၁၆၄၀ဝ၀ဝ ကျော်ရှိပြီး မြန်မာနိုင်ငံ တောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် အများဆုံး စိုက်ပျိုးကာ ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးမှုများရှိပြီး မိုးရာသီတွင် ရော်ဘာလုပ်ငန်းများ ရပ်နား လေ့ရှိ ကြောင်း သိရသည်။
ပန်းဆု