Main menu

Background

တနင်္သာရီတိုင်းဒေသကြီး ပုစွန်ခြောက်နှင့် ဒူးရင်းသီးဈေးကွက်

Thu, 07/14/2022 - 15:24 -- journal_editor

ပုစွန်ခြောက်များကို ထားဝယ်၊ မြိတ်၊ ပုလောမြို့တို့တွင် အများအပြား ထွက်ရှိသည်။ ပုစွန်ခြောက်   ပြုလုပ်ပုံအမျိုး အစား အကြမ်းအဖျင်း နှစ်မျိုးရှိသည်။  နွေဦးကာလဆိုလျှင် ပုစွန်ခြောက်ဈေးနှုန်းမှာ ပုံမှန်ဈေးပေး၍ဝယ်ယူရပြီး မိုးတွင်း ကာလဆိုလျှင် ပုစွန်လှန်းရန်  ခက်ခဲသောကြောင့် ဈေးပိုပေး ၍ဝယ်ယူရကြောင်း စုံစမ်းသိရသည်။ လတ်တလော ထားဝယ် မြို့တွင် ဖြစ်ပေါ်နေသောဈေးနှုန်းမှာ ရေချို(ရှယ်)တစ်ပိဿာ လျှင်  ၄၂၀ဝ၀ကျပ်၊ ရေချို(အလတ်စား)  တစ်ပိသာလျှင်  ၃၇၀ဝ၀ ကျပ်၊  ရိုးရိုးပုံမှန်  တစ်ပိဿာလျှင် ၃၃၀ဝ၀-၃၂၀ဝ၀ နှုန်းရှိ၍ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။တနင်္သာရီတိုင်းဒေသကြီးတွင်   ဒူးရင်းသီးကို   ဇွန်လ အစောပိုင်းတွင် စိုက်ပျိုးလျက်ရှိပြီး  မြန်မာမျိုးနှင့်ထိုင်းမျိုးဟူ၍ နှစ်မျိုးရှိပြီး မြန်မာမျိုးက ချို၊ ဆိမ့် ၊ ခါး အရသာ သုံးမျိုးလုံးနှင့် ပြည့်စုံသောကြောင့် မြန်မာမျိုးကိုသာ  အများဆုံး ဝယ်ယူ စားသောက်ကြသည်။ဒူးရင်းတောင်သူများအနေဖြင့်     ဒူးရင်းဈေးနှုန်းမှာ တွက်ခြေကိုက်သောကြောင့် ယခင်နှစ်ထက်  ယခုနှစ်   ပို၍ စိုက်ပျိုးလာကြပြီး ယခုနှစ်က ဈေးကောင်းပိုရလျက်ရှိကြောင်း သိရသည်။ ယခုကာလသည် ဒူးရင်းသီးများ လှိုင်လှိုင်ပေါများနေပြီဖြစ်၍ ထားဝယ်တွင် ဖြစ်ပေါ်နေသော ဈေးမှာ အလုံး ကြီး တစ်လုံးလျှင် ကျပ် ၄၅၀ဝ နှုန်းနှင့်   အလုံးငယ် တစ်လုံး လျှင် ကျပ် ၂၅၀ဝ- ၂၀ဝ၀ နှုန်းဖြင့်    အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။
ဝင့်ဝါခိုင်(ထားဝယ်)