Main menu

Background

ပြည်အာလူးနှင့် ကြက်သွန်ဖြူ

Tue, 08/30/2022 - 14:49 -- journal_editor

ပြည်ဈေးကွက်ရှိ ရှမ်းအားလူးများမှာ ဈေးနှုန်းအနေဖြင့် ယခင်ရက် များက လက်ကားတစ်ပိဿာလျှင် ကျပ် ၁၉၀ဝ-၂၀ဝ၀၊ လက်လီဈေး တစ် ပိဿာလျှင် ကျပ် ၂၂၀ဝ-၂၄၀ဝဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု တစ်ပတ်တွင် လက်ကားကျပ် ၁၈၀ဝ-၁၉၀ဝ၊ လက်လီ ကျပ် ၂၅၀ဝ-၂၈၀ဝ ဈေးရှိသည့်အတွက်  ယခင်တစ်ပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်ပါက လက်ကားအနေဖြင့် တစ်ပိဿာလျှင် ကျပ် ၁၀ဝ ၊ လက်လီတစ်ပိဿာလျှင် ကျပ် ၃၀ဝ-၄၀ဝ ဈေးပိုလာသည်ကို တွေ့ရသည်။ 
ပြည်ကြက်သွန်ဖြူပွဲရုံများတွင် ရှမ်းစလက်ကားအလုံးကြီး တစ် ပိဿာလျှင် ကျပ် ၃၀ဝ၀-၃၅၀ဝ၊ အလုံးသေးတစ်ပိဿာလျှင် ကျပ် ၂၅၀ဝ- ၂၈၀ဝ ဈေးရှိပြီး လက်လီ အလုံးအကြီး၊ အသေးရောရာ တစ်ပိဿာလျှင် ကျပ်၃၅၀ဝ-၄၀ဝ၀ ဈေးရှိသည်။ ကြူကုတ် လက်ကား တစ်ပိဿာ လျှင် ကျပ် ၃၄၀ဝ-၃၅၀ဝ၊ လက်လီ တစ်ပိဿာလျှင် ကျပ် ၃၈၀ဝ-၄၀ဝ၀ ဈေး ရှိသည်။ ယခုရက်ပိုင်းတွင် အခြားတိုင်းဒေသကြီးများသို့ တင်ပို့ရောင်း ချနိုင်ခြင်းမရှိဘဲ  ဒေသတွင်း လက်လီ၊ လက်ကား ဝယ်ယူသူများဖြင့်သာ အရောင်းအဝယ်ဖြစ်သော်လည်း အရောင်းအေးကြောင်း သိရသည်။
ဆုမွန်ဆွေ(ပြည်)