Main menu

Background

ယခုတစ်ပတ် ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သောင်းငါးထောင်ကျော်တင်ပို့

Wed, 09/28/2022 - 14:04 -- journal_editor

စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၇၈ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၂၂၆၀ ကျော် တင်ပို့ ခဲ့ကြောင်း သိရသည်။ နိုင်ငံအလိုက် ဆန်တင်ပို့မှုများမှာ ရိုမေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၉၀၄၀ ကျော်၊ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၆၂၀ ကျော် ၊ ဘယ်လ်ဂျီယံ နိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ ချက်သမ္မတ နိုင်ငံသို့ ဆန်တန်ချိန် ၁၂၀ ကျော် ၊တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၁၀၄၀၊ ဟောင်ကောင်သို့ ဆန်တန်ချိန် ၁၂၀ ကျော်နှင့်  ဖိလစ်ပိုင်နိုင်ငံသို့  ဆန်တန်ချိန် ၁၀၄၀ တင်ပို့ခဲ့ သည်။
ယခုတစ်ပတ် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ သုညဒသမ ၂၇၇သန်း တန်ဖိုးရှိ ဆန် တန်ချိန် ၇၄၀ ကျော် တင်ပို့ခဲ့သည်။ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှ စုစုပေါင်း ဆန်တန်ချိန် ၁၃၀ဝ၀ ကျော် တင်ပို့ပြီး   တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၅၅ သန်း ရရှိကြောင်း သိရသည်။စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၆၁ သန်း  တန်ဖိုးရှိ   ဆန်ကွဲတန်ချိန် ၇၄၀ဝ ခန့် တင်ပို့ ခဲ့ပြီး တရုတ်နိုင်ငံသို့   ဆန်ကွဲတန်ချိန် ၆၆၅၀ ခန့်နှင့် ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၇၅၀ တင်ပို့ခဲ့သည်။ယခုတစ်ပတ် မြန်မာ-တရုတ်  နယ်စပ်ကုန်သွယ်မှုမှ ဆန်ကွဲတန်ချိန် ၅၁၅၀ ကျော်  တင်ပို့ပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၁ဒသမ ၇၉၅ သန်း ရရှိခဲ့သည်။ ပင်လယ်ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်မှုမှ စုစုပေါင်း ဆန်ကွဲတန်ချိန် ၁၂၅၅၀ ကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅၆ သန်း ရရှိခဲ့သည်။
ယခုတစ်ပတ် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန် သွယ်မှုမှ ဆန်နှင့်ဆန်ကွဲတန်ချိန် စုစုပေါင်း ၂၅၅၅၀ တင်ပို့မှုမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၁၁ သန်း  ရရှိခဲ့သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်နှင့်ဆန်ကွဲတန် ချိန် ၁၂၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၄ဒသမ ၈၃၆ သန်း ပိုမိုရရှိကြောင်းသိရသည်။
အေးအေးသန့် (DOT)