Main menu

Background

ကသာမြို့တွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီ၊ ကြက်သွန်ဖြူဈေးနှုန်း

Wed, 09/28/2022 - 14:31 -- journal_editor

ကသာမြို့တွင်း စက်တင်ဘာ ၂၁ ရက်တွင် ရောင်း ချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းမှာ လက်ကားတစ်ပိဿာ လျှင် အကြီး၊ အလတ်၊ အသေးပေါ် မူတည်၍ ကျပ် ၄၂၀ဝ မှ ကျပ် ၃၀ဝ၀ ခန့်၊လက်လီ တစ်ပိဿာလျှင် ကြီး၊ လတ်၊ သေး ကျပ် ၄၅၀ဝ၊ ၄၀ဝ၀၊ ၃၅၀ဝ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ ကြက်သွန် နီဈေးမှာ စက်တင်ဘာလ ဒုတိယပတ် အတွင်း ကျပ် ၅၂၀ဝ ရှိသည့်အတွက် ဈေးနှုန်းနှိုင်းယှဉ်ကြည့် ပါက လက်ရှိတွင် ဈေးနှုန်း အနည်းငယ်ကျဆင်းသော်လည်း အချိန်နှင့်တစ်ပြေးညီ ဈေးနှုန်းပြောင်းလဲနိုင်ကြောင်း ကြက် သွန်နီ ရောင်းချသူများထံမှ သိရှိရသည်။ အရောင်းအဝယ် အနေဖြင့် ကြက်သွန်နီဈေးနှုန်း မြင့်တက်မှုကြောင့် အရောင်း အဝယ်ဖြစ်မှုနည်းပါးပြီး ကြက်သွန်နီ ဝင်ရောက်မှုမှာလည်း ယခုတစ်ပတ်  မြို့နယ်တွင်းသို့  မန္တလေး၊ မုံရွာဘက်မှ ၃၅ ပိဿာပါ အိတ် ၃၀ ခန့်သာ ဝင်ရောက်ကြောင်း သိရသည်။
ကြက်သွန်ဖြူဈေးနှုန်းမှာ  လက်လီ  တစ်ပိသာလျှင် အကြီး၊ အသေးပေါ်မူတည်၍ ကျပ်  ၆၀ဝ၀ မှ ၄၀ဝ၀ အထိ ရောင်းချလျက်ရှိကာ စက်တင်ဘာလ ဒုတိယပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါကကျပ် ၁၀ဝ၀ မှ ၁၂၀ဝ ခန့်အထိ  ဈေးနှုန်း မြင့်တက်လာကြောင်း သိရသည်။ အရောင်းအဝယ်ဖြစ်မှုမှာ လည်း ဈေးမြင့်တက်မှုကြောင့် ယခင်ကထက် အရောင်းအဝယ် နည်းပါးကြောင်း သိရှိရပြီး ကြက်သွန်ဖြူဝင်ရောက်မှုအနေဖြင့် မန္တလေး-မုံရွာဘက်မှ ယခုတစ်ပတ် ပိဿာ၂၀ ပါ အိတ် ၃၀ ခန့်သာ ဝင်ရောက်ကြောင်း သိရှိရသည်။
အေးမွန်သန့် (ကသာ)