Main menu

Background

စက်တင်ဘာအတွင်း ရော်ဘာတန်ချိန် ၈၈၀ဝ ကျော်တင်ပို့

Wed, 10/12/2022 - 11:49 -- journal_editor

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၇၂ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၂၄၆၀ နီးပါး တင်ပို့ခဲ့သည်။ နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၂၃ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၆၃၅၀ ကျော် တင်ပို့ခဲ့သည်။ နယ်စပ်မှ တင်ပို့မှုမှာ တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၅၃၈၀ နီးပါးနှင့် ထိုင်းနိုင်ငံသို့ ရော်ဘာတန်ချိန်စုစုပေါင်း ၉၇၀ ကျော်တင်ပို့ခဲ့သည်။ယခုလ ပင်လယ်ရေ ကြောင်း နှင့် နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၈၈၁၀ တင်ပို့ခဲ့သည်။ ယခင်လ တင်ပို့မှုနှင့် နှိုင်း ယှဉ်ပါက ရော်ဘာတန်ချိန် ၃၅၀ဝ ကျော် လျော့နည်းတင်ပို့ခဲ့သည်။                                                     

အေးအေးသန့် (DOT)