Main menu

Background

ရွှေဘိုခရိုင်အတွင်း စပါး၊ ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Tue, 11/01/2022 - 13:29 -- journal_editor

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ အောက်တိုဘာလ‌ တတိယပတ်တွင် စပါး၊ ဆန်ဈေးနှုန်းများမှာ တည်ငြိမ်နေသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက် မှုမှာ အောက်တိုဘာလ
ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၅၀ဝ၀၊ မန္တလေးသို့ အိတ်ရေ ၅၇၁၀ဝ၊  နေပြည်တော်သို့ အိတ်ရေ ၁၂၀ဝ၀၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အိတ်ရေ ၉၅၀ဝ၊  ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့  
 အိတ်ရေ ၉၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်း  အိတ်ရေ ၁၃၄၁၀ဝ၊ တန်အားဖြင့် ၆၇၀၅တန် စီးထွက်ခဲ့သည်။
ယခုတစ်ပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီး များသို့   ဆန်စီးထွက်မှုမှာ   ရန်ကုန်သို့ အိတ်ရေ ၃၄၅၀ဝ၊ မန္တလေးသို့  အိတ်ရေ ၄၆၀ဝ၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀ဝ၀၊ ရှမ်းပြည်နယ်
(တောင်ပိုင်း)သို့ အိတ်ရေ ၁၀ဝ၀ဝ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ အိတ်ရေ ၉၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ  ၁၀ဝ၀၊ စုစုပေါင်းအိတ်ရေ ၁၁၃၀ဝ၀ ၊ တန်အားဖြင့် ၅၆၅၀ တန် စီးထွက်ခဲ့သည့်အတွက်
ယခင်တစ်ပတ်နှင့် နှိုင်း ယှဉ်လျှင် ယခုတစ်ပတ်အတွင်း အိတ်ရေ ၂၁၁၀ဝ၊ တန်အား ဖြင့် ၁၀၅၅ တန်လျော့၍ စီးထွက်ခဲ့သည်။
ရွှေဘိုမြို့၏ အောက်တိုဘာလ တတိယပတ်တွင် ဖြစ် ပေါ်နေ သော စပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်စပါး တင်း ၁၀ဝ လျှင် ကျပ်၂၃၀ဝ၀ဝ၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင်
 ကျပ် ၈၅၀ဝ၀၊ ဧရာမင်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၄၅၀ဝ၀ဝ၊ ဧရာမင်းဆန်၂၄ပြည်ပါ တစ် အိတ်လျှင် ကျပ် ၆၅၀ဝ၀၊ ၂၀၂၁- ၂၀၂၂ ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်း စပါး တင်း ၁၀ဝလျှင် ကျပ်
၁၁၀ဝ၀ဝ၀၊ ‌ရွှေဝါထွန်း ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၃၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရသည်။
အေးသိင်္ဂီစိုး(ရွှေဘို)