Main menu

Background

နှမ်းတင်ပို့မှု အနည်းငယ်လျော့

Thu, 02/19/2015 - 17:46 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

    ဖေဖော်ဝါရီလ ပထမပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန် သွယ်ရေးဇုန်နဲ့  ချင်းရွှေဟော်စခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၆၀၆ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၁၄၉၆ တန် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က မူဆယ်နဲ့ ချင်းရွှေ ဟော်မှ နှမ်းရောင်စုံ ၃၂၃၃ တန်ကျော် တင်ပို့နိုင်ခဲ့လို့  ယခုတစ်ပတ် နှမ်းတင်ပို့မှု ၁၇၃၇ တန်ခန့် လျော့နည်းသွားခဲ့ပါတယ်။  မူဆယ်ကုန်စည်ဒိုင်မှာတော့ ယခင် သီတင်းပတ်က နှမ်းဖြူဈေး တစ်တန်ကို ၂၁၃၆၃၁၁ ကျပ်မှ ၂၁၄၅၁၀၃ ကျပ်သို့ လည်းကောင်း၊ နှမ်းနက်တစ်တန်ကို ၂၂၁၈၂၇၉ ကျပ်မှ ၂၂၂၇၄၀၇ ကျပ်သို့လည်း ကောင်း ဈေးမြင့်တက်လာတာတွေ့ရပါတယ်။
''ကုန်စည်ဒိုင်ဈေးကွက်ကို  တရုတ်တွေ စိတ်ကြိုက်ဈေးကစားပြီး တရုတ် ယွမ်ငွေနဲ့ မြန်မာကျပ်ငွေပြဿနာဖြစ်လို့ သူတို့ငွေဈေးကျသွားရင် ဝယ်ချင်မှဝယ် တယ်။ ဝယ်ပြီးသားဖြစ်လည်း  ဖျက်ချင်ဖျက်ပစ်တယ်။ ဈေးကွက်က  သူတို့တက်ဆို တက်၊ ကျဆိုကျဖြစ်နေတာ''လို့ မန္တလေးကုန်စည်ဒိုင်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ယခုသီတင်းပတ်ရဲ့ စခန်းအလိုက် တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံတွေကတော့-
    တန်ချိန်-ကိန်းပြည့်
    နှမ်းအမျိုးအစား    မူဆယ်    ချင်းရွှေဟော်
    နှမ်းဖြူ    -    ၄၈၈
    နှမ်းနက်    -    ၈၉၀
    နှမ်းညို    ၃၅    -
    နှမ်းဖြူ (အခွံချွတ်)    ၇၈    -    
    နှမ်းလျော်    ၅    -
        မော်မော်အောင် MIRT(DCCA)