Main menu

Background

ကုန်စည်ဒိုင်အသီးသီး၏လက်၇ှိအရောင်းအဝယ်ဖြစ်နေသောဈေးနှုန်းများနှင့်ဈေးကွက်အခြေအနေ

Fri, 02/06/2015 - 19:18 -- journal_editor

အတွဲ(၁၅)အမှတ်(၅)

ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲဈေးကျ၊ ပဲစင်းငုံနီဈေးစွာ
     ဘုရင့်နောင်ဈေးကွက်မှာ   ဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယဝယ်လက်က ဈေးကွက်စဖွင့်ချိန်မှာတစ်တန်ကို ၈၆၉၀၀၀ ကျပ်ဈေးဖြင့်  ဈေးဖွင့် အဝယ်ရှိခဲ့ရာက နောက်ပိုင်းရက်တွေမှာ ဈေးအနည်းငယ်တိုးပေးပြီး အဝယ်ရှိတာကြောင့် ဈေးကွက်ပိတ် ချိန်မှာတစ်တန်ကို ၈၇၁၀၀၀ ကျပ်အထိဈေးမြင့်ခဲ့ပေမယ့် ယခင် တစ်ပတ်ဖြင့်နှိုင်းယှဉ်ပါက တစ်တန်ကို ၂၀၀၀၀ ကျပ်ခန့်ဈေးကျ နေသေးကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ မတ်ပဲ(သစ်)တွေဈေးကျရတဲ့အကြောင်းက ဒီတစ်ပတ်မှာ အိန္ဒိယဘက်မှ ဝယ် လိုအားလျော့လာလို့ဖြစ်ကြောင်း၊ဘုရင့်နောင် အခြေစိုက်ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ပဲစင်းငုံနီ (RC) ကို အိန္ဒိယဝယ်လက် က ဈေးမြှင့်ပေးအဝယ်ရှိသလို ဝယ်လိုအားပါ သွက်လာတာ ကြောင့် ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ဈေးမြင့်လာပြီး တစ်တန်ကို အနိမ့်ဆုံး ၈၁၃၀၀၀ ကျပ်ဈေးမှ အမြင့်ဆုံး ၈၂၉၅၀၀ ကျပ်ဈေးအတွင်း အရောင်းရော အဝယ်ပါများခဲ့ကြောင်း ဈေး ကွက်အတွင်းမှသိရပါတယ်။