Main menu

Background

ဘုရင့်နောင် ကုန်စည်ဒိုင်နှင့် ရွှေပိတောက်ငါးဈေးရှိ ကုန်ဈေးနှုန်းများ

Mon, 06/03/2024 - 13:04 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ပြည်နယ်နှင့် တိုင်းဒေသ ကြီးအသီးသီးမှ မေလ စတုတ္ထပတ်အတွင်း ဆိပ်ဖြူ၊ မြင်းခြံ၊ ရွှေဘိုဒေသတို့မှ ကြက်သွန်နီ ပိဿာ ၇၈၀ဝ၀ဝ ဝင်ရောက်ခဲ့ပြီး ၆၀ ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက် မှုရှိကြောင်း သိရသည်။  ကြက်သွန်နီ လက်ကျန်မှာ ၃၁၂၀ဝ၀ ကျန်ရှိကြောင်း ကုန် စည်ဒိုင်များမှ သိရှိရသည်။ ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၆၀ဝ၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၁၀ဝ၊ အကြီးမှာ ကျပ် ၂၂၀ဝ၊ ရှယ်မှာ ကျပ် ၂၃၀ဝ၊  မြင်းခြံ ကြက် သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၉၀ဝ၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၂၀ဝ၊ အကြီးမှာ ကျပ် ၂၃၀ဝ၊ ရှယ်မှာ ကျပ် ၂၄၀ဝ၊ ရွှေဘို ကြက် သွန်နီ (အသစ်)အချော တစ်ပိဿာ ကျပ် ၁၇၀ဝ၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၃၀ဝ၊ အကြီးမှာ ကျပ် ၂၄၀ဝ၊ ရှယ်မှာ ကျပ် ၂၅၀ဝ  ဈေးတို့အသီးသီးရှိကြောင်း သိရသည်။
အခြေခံစားသောက်ကုန်များ၏ တစ်ပိဿာဈေးနှုန်းများမှာ ကြက်သွန်ဖြူ (ကြူကုတ်-ရှယ်) ကျပ် ၁၂၀ဝ၀ မှ ၁၁၈၀ဝ၊  ကြက်သွန်ဖြူ(အောင်ပန်းထူး-၂) ကျပ်  ၉၅၀ဝ ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၃) ကျပ် ၁၀၅၀ဝ ဖြင့် လည်းကောင်း၊ ကြက်သွန်ဖြူ (အောင်ပန်း ထူး-၄) ကျပ် ၁၁၀ဝ၀၊ ကြက် သွန်ဖြူ (အောင်ပန်း ထူး-၅) ကျပ် ၁၅၀ဝ၀၊  ငရုတ်သီး (ဆင်ဖြူကျွန်း-ပု) ကျပ်  ၁၁၅၀ဝ မှ ၁၂၅၀ဝ ထိလည်းကောင်း၊ ငရုတ်သီး(ပန်းရဲ-သစ်) ကျပ် ၅၅၀ဝ မှ ၅၈၀ဝ ၊ ငရုတ်သီး မြှားနီ ကျပ် ၄၈၀ဝ မှ ၅၅၀ဝ ထိလည်းကောင်း၊ မန်ကျဉ်းသီး တစ်ပိဿာလျှင် ကျပ် ၃၄၀ဝ မှ ၃၅၀ဝ၊ မန်ကျည်းသီး (အသား) တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ မှ ၄၅၀ဝ၊ မန်ကျည်းသီး (ရမည်းသင်း) (ဓားစင်း) တစ်ပိဿာလျှင် ၃၂၀ဝ မှ ၃၃၀ဝ၊ ကြံသကာ (အိတ်သွတ်စ) တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀၊ ကြံသကာ(သစ်) တစ်ပိဿာလျှင် ကျပ် ၄၁၀ဝ မှ ၄၂၀ဝ၊  သကြား (ပြည်တွင်း) တစ်ပိဿာလျှင် ကျပ် ၄၆၀ဝ၊  ထန်း လျက် (တောင်သာ) ကျပ်  ၄၄၅၀ မှ ၄၅၀ဝ၊  ထန်းလျက် (ညောင်ဦး) တစ်ပိဿာလျှင် ကျပ် ၃၇၀ဝ မှ ၄၂၀ဝ၊ ရေစကြို ထန်းလျက် တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀ မှ ၆၁၀ဝ ထိ လည်းကောင်း၊ အာလူး (တရုတ်-ဗ၁) တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၊ အာလူး (တရုတ်-ဥု) တစ် ပိဿာလျှင် ကျပ် ၂၂၅၀၊ အာလူး (တရုတ်-ှ၁) တစ်ပိဿာလျှင် ကျပ် ၂၂၅၀၊ အာလူး (တရုတ်-ှ၂) တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀၊ ကြက်သွန်နီ (ဆိပ်ဖြူ)(သစ်) တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ အသီးသီး ဖြစ်ပေါ်ခဲ့ပြီး ကြက်သွန်ဖြူ (အောင်ပန်း)နှင့် အာလူးဈေးနှုန်းများ အနည်းငယ်  တက်လျက်ရှိပြီး ကျန်အခြေခံ စားသောက်ကုန်ဈေးနှုန်းများ ဈေးနှုန်းအနည်းငယ်သာ အတက်အကျရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ ရွှေပိတောက် ငါးဈေးသို့ မေလ စတုတ္ထပတ်အတွင်း ဝင်ရောက်ခဲ့သော ရေချိုငါးများ၏ တစ်ပိဿာဈေးနှုန်းများမှာ  ငါးမြစ်ချင်း ကျပ် ၃၀ဝ၀ မှ အမြင့်ဆုံး ကျပ် ၈၀ဝ၀၊ ငါးကြင်း ကျပ် ၅၀ဝ၀ မှ ၁၃၀ဝ၀၊ ငါးသလောက် ကျပ် ၉၅၀ဝ မှ ၄၅၀ဝ၀၊ ငါးခေါင်းပွ ကျပ် ၄၀ဝ၀ မှ ၈၀ဝ၀ ၊ ငါးဘတ် တစ်ပိဿာ ကျပ် ၉၀ဝ၀ မှ ၂၅၀ဝ၀၊ ကကတစ် ကျပ် ၄၀ဝ၀ မှ ၂၀ဝ၀ဝ၊ ငါးနုသန်း ကျပ် ၁၁၀ဝ၀ မှ ၁၇၀ဝ၀၊ ငါးခူ ကျပ်  ၃၅၀ဝ မှ ၁၆၀ဝ၀၊ ငါးဖီးမ ကျပ်  ၃၅၀ဝ မှ ၇၀ဝ၀ ၊ ငါးတန်(မြစ်) ကျပ် ၆၀ဝ၀ မှ ၉၀ဝ၀ ၊ ငါးတန်(မွေး) ကျပ်  ၃၅၀ဝ မှ ၆၅၀ဝ၊ ငါးခုံးမ တစ်ပိဿာ ကျပ် ၂၀ဝ၀ မှ ၄၅၀ဝ၊ ငါးရံ့ ကျပ်  ၉၀ဝ၀ မှ ၁၆၀ဝ၀၊ ပုစွန် (ကျော့) ကျပ်  ၁၂၀ဝ၀ မှ ၄၀ဝ၀ဝ၊ ပုစွန်တစ်ပိဿာ ကျပ် ၂၅၀ဝ၀ မှ ၄၅၀ဝ၀၊ ငါး မျက်ကြယ် ကျပ်  ၃၀ဝ၀ မှ ၄၅၀ဝ၊ ပီဇာ ကျပ် ၄၅၀ဝ မှ ၅၅၀ဝ၊ ငါးနှပ်(အာပြဲခြောက်) ကျပ် ၂၀ဝ၀ မှ ၄၀ဝ၀၊ ကင်းမွန် တစ်ပိဿာ ကျပ် ၁၃၀ဝ၀ မှ ၁၈၀ဝ၀၊ ပလာတူး ကျပ် ၄၅၀ဝ မှ ၆၀ဝ၀၊ ရွှေငါး ကျပ် ၄၅၀ဝ မှ ၆၀ဝ၀၊ ပြည်ကြီးငါး တစ်ပိဿာ ကျပ် ၃၀ဝ၀ဝ မှ ၄၅၀ဝ၀ တို့ရှိကြောင်း ရွှေပိတောက်ငါးဈေးမှ သိရသည်။ 

West DOCA (TSBO)၊ နှင်းနွယ် DOCA YGN)  
West DOCA (TTY)