Main menu

Background

ဘုရင့်နောင် ကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံ ဈေးနှုန်းဈေးကွက

Mon, 02/05/2024 - 09:51 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး  ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဇန်န ဝါရီလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံဈေးနှုန်းများမှာ ကုလားပဲဖြူလုံး တစ်ပိဿာလျှင် ၄၉၁၅ ကျပ်မှ ၅၀၈၅  ကျပ်ထိ လည်းကောင်း၊ ကုလားပဲဖြူလုံးကြီး တစ်ပိဿာလျှင် ၅၁၆၅ ကျပ်မှ ၅၂၅၀ ထိလည်းကောင်း၊ စားတော်ပဲလုံး တစ်ပိဿာလျှင် ၆၁၆၅ ကျပ်မှ ၆၆၇၀ ကျပ်ထိ လည်းကောင်း၊ ပဲတီစိမ်း ပခုက္ကူ(သစ်) တစ် ပိဿာလျှင် ကျပ် ၂၇၅၀ မှ ၃၁၇၅ ကျပ်ထိလည်းကောင်း၊ ပဲတီစိမ်း ခရမ်းရွှေဝါ(ထိပ်စ) တစ်ပိဿာလျှင်  ၃၉၁၅ ကျပ်ဖြင့်လည်းကောင်း၊ ပဲတီစိမ်း ပဲခူး ရွှေဝါ တစ်ပိဿာလျှင် ကျပ် ၃၇၅၀  ဖြင့်လည်းကောင်း၊ ပဲတီစိမ်း ဝါးခယ်မ  တစ်ပိဿာလျှင် ကျပ် ၃၀၈၀ မှ ၃၄၂၀ ထိ လည်းကောင်း၊ ပဲယင်းနီ တစ်ပိဿာလျှင် ကျပ် ၃၅၈၀  ဖြင့် လည်း ကောင်း၊ ပဲလွန်းဖြူ မြစ်ဝကျွန်းပေါ် (သစ်) တစ်ပိဿာလျှင် ကျပ် ၃၅၈၀ မှ ၃၆၃၅ ထိလည်းကောင်း၊ ပဲလွန်းနီ မြစ်ဝကျွန်းပေါ် တစ် ပိဿာလျှင် ကျပ် ၄၂၅၀ မှ ၄၃၃၅  ထိလည်းကောင်း၊ ဗိုလ်ကိတ်ပဲ တစ်ပိဿာလျှင် ကျပ် ၃၈၃၀ မှ ၃၉၂၀  ထိ လည်းကောင်း၊ မတ်ပဲRAW တစ်ပိဿာလျှင် ကျပ် ၅၁၃၀ မှ ၅၁၇၀ ကျပ်ထိလည်း ကောင်း၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ကျပ် ၆၃၅၀ မှ ကျပ် ၆၆၀ဝ ထိလည်း ကောင်း ပဲကြီး(ကုန်း) တစ်ပိဿာလျှင် ၅၈၂၅ ကျပ်မှ ၅၉၁၅ ထိ လည်းကောင်း၊ ပဲကြီး(ရွှေကျွန်း) တစ်ပိဿာလျှင် ကျပ် ၆၉၀ဝ မှ ကျပ် ၇၀၈၀ ထိလည်းကောင်း  အသီးသီးဖြစ်ပေါ်ခဲ့ပြီး မတ်ပဲ RAW) မှာ မြင့်တက်လာပြီး အခြားပဲများမှာ ဈေးအနည်းငယ်စီသာ အတက် အကျဖြစ်လျက်ရှိကြောင်း သိရသည်။ 

 

နှင်းနွယ် DOCA YGN