Main menu

Background

30th  Asia Trade Promotion Forum (ATPF) Working Level Meeting အစည်းအဝေးသို့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ တက်ရောက်

Tue, 08/30/2022 - 15:21 -- journal_editor

“30th Asia Trade Promotion Forum (ATPF)  Working Level Meeting” အစည်းအဝေးကို ဇူလိုင် ၂၆ ရက်မှ ၂၇ ရက်အထိ Virtual  စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ  ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာထိန်လင်း၊ ကုန်သွယ်မှု  ဖွံ့ဖြိုးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးနှင့် ဘာသာရပ်ဆိုင်ရာအရာရှိများ ပါဝင် တက်ရောက်ခဲ့သည်။ယခုကျင်းပသည့် အစည်းအဝေးသည်ATPFအဖွဲ့ဝင် နိုင်ငံများ၏ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ လုပ်ဆောင်ချက် များအား မြှင့်တင်နိုင်ရန်နှင့် ကိုဗစ်(၁၉) ကာလအလွန်တွင် ဆောင်ရွက်နေသည့် ကုန်သွယ်မှု မြှင့်တင်ရေးကိစ္စရပ်များအား မျှဝေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ အဆိုပါအစည်း အဝေးသို့ မြန်မာနိုင်ငံ  အပါအဝင် အာရှဒေသမှ ATPFအဖွဲ့ဝင်နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကိုယ်စားလှယ် ၅၀ ကျော် တက်ရောက်ခဲ့ကြသည်။အစည်းအဝေးတွင်   ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ အစည်းများဖြစ်သည့် JETRO, MATRADE,  TWTC  တို့မှ သက်ဆိုင်ရာ ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပြီး မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်ကNew Initiatives After Covid-19 In Myanmar ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။  (၃၅‌) ကြိမ်မြောက် ATPFCEO Meeting  အား ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ငယ်ငယ်ထွန်း (ကုန်သွယ်မြှင့်)