Main menu

Background

ပြည်တွင်းရွှေဈေး ကျပ်သိန်း ၃၀ ကျော်ရှိ

Thu, 09/22/2022 - 15:28 -- journal_editor

လက်ရှိ ပြည်တွင်းရွှေဈေးမှာ ပြင်ပဈေးကွက်တွင် ကျပ်သိန်း ၃၀ ကျော် ပေါက် ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ပြီးခဲ့သည့် သြဂုတ် ၃၁ ရက် နံနက်ပိုင်းက တစ်ကျပ်သားလျှင် ကျပ် ၃၇ သိန်း အထိ အတက်ကြမ်းခဲ့သော အခေါက်ရွှေသည် ယင်းနေ့ ညနေပိုင်း ဈေးကွက်ပိတ်ချိန် တွင် ၃၆ သိန်းပတ်ချာလည်ဖြစ်ပြီးနောက် ၃၅ သိန်းပတ်ဝန်းကျင်သို့ ထပ်မံကျဆင်း ခဲ့ကာ လက်ရှိတွင် ကျပ် ၃၁ သိန်းကျော် ပေါက်ဈေးရှိနေသည်။ပြည်တွင်းရွှေဈေးကို ထိန်းချုပ်နိုင်ရန်အတွက် သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက်မှစတင်ကာ ရွှေဒင်္ဂါးပြား များကို ကျပ် ၂၉၅၀ဝ၀ဝ ဖြင့်  ရောင်းချပေးလျက်ရှိပြီး
 ယင်းဈေးနှုန်းမှာ ကမ္ဘာ့ရွှေ ဈေးပေါ် အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်ကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ ထုတ်ပြန် ချက်အရ စက်တင်ဘာ ၈ ရက် နံနက်ပိုင်း ရွှေအဖွင့်ဈေးမှာ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၀ဝ၈၀ဝ၀ ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၇၁၅ ဒေါ်လာဖြစ်ကြောင်း သိရသည်။                                                 
    ပန်းဆု