Main menu

Background

လားရှိုးမြို့အတွင်း ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းအခြေအနေ

Thu, 09/22/2022 - 16:16 -- journal_editor

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  လားရှိုးမြို့တွင် သြဂုတ်လ စတုတ္ထပတ်အတွင်း ဓာတ်မြေသြဇာဈေးနှုန်း မြင့်တက်လျက်ရှိပြီး    လူသုံးများသည့်တံဆိပ်များနှင့် ဈေးနှုန်းများမှာ ရွှေတောင်ပုလဲ ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ၁၂၆၀ဝ၀ကျပ်၊ အာမို ပုလဲ(ဓာတ်စာ) ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ၇၅၀ဝ၀ကျပ်၊ ဃဏ(၄၆ါ်ဝါ်ဝ) ၅၀ ကီလို ဂရမ် တစ်အိတ်လျှင် ၁၃၀ဝ၀ဝ ကျပ်၊ သြဘာ (၁၀ါ်၁၀ါ်၅) ၅၀ကီလိုဂရမ် တစ်အိတ် လျှင် ၉၀ဝ၀ဝ ကျပ်ဖြင့် အသီးသီး မြင့်တက်နေသည်။ 
ပိုးသတ်ဆေးဈေးနှုန်းမှာလည်း    အလားတူ မြင့်တက်လျက်ရှိရာ  ငှက်ကြီး တောင် ၁၀ဝ စီစီ တစ်ဘူးလျှင် ၁၄၀ဝ၀ကျပ်၊ အလန်း(၁၅) ျွှဏ (၁၀ဝ)ဂရမ် တစ်ဘူး လျှင် ၁၃၀ဝ၀ကျပ်၊ ဖိုး(စ်)တင်းအီးစီ (၁၀ဝ)စီစီ တစ်ဘူးလျှင် ၅၀ဝ၀ကျပ်၊ ကပ္ပတိန် (၁၀ဝ)ဂရမ် တစ်ဘူးလျှင် ၉၀ဝ၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း  သိရ သည်။ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ  ယခင်တစ်ပတ်နှင့်နှိုင်းယှဉ် လျှင်ဈေးနှုန်းမြင့်တက်လျက်ရှိသော်လည်း စိုက်ပျိုးရာသီဖြစ်သောကြောင့်အရောင်း သွက်လျက်ရှိကြောင်း သိရှိရသည်။
လှိုင်လှိုင်