Main menu

Background

ထင်းအစားထိုး မီးသွေးလောင်စာတောင့်လုပ်ငန်းအကြောင်း ဆွေးနွေး

Thu, 09/29/2022 - 12:49 -- journal_editor

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန   စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘို ခရိုင်မှ   ရွှေဘိုမြို့နယ်တာဝန်ခံသည်   ရွှေဘိုမြို့ အမှတ်(၈) ရပ်ကွက်ရှိ ထင်းအစားထိုး မီးသွေးလောင်စာတောင့်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်နှင့် စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီခွဲတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံရာတွင် မီးသွေးလောင်စာတောင့်ပြုလုပ် ရာတွင် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ၊   ပြုလုပ်ပုံအဆင့် ဆင့်၊ ဈေးနှုန်း၊ ဈေးကွက်နှင့်အကျိုးအမြတ် အခြေအနေများကို မေးမြန်းဆွေးနွေးရာ  လောင်စာတောင့် ပြုလုပ်ရန်အတွက် လိုအပ်သော  ကုန်ကြမ်းပစ္စည်းများမှာ မီးသွေးမှုန့်နှင့်  ရွှံ့မြေ/ နုန်းမြေတို့ဖြစ်ပြီး မီးသွေးမှုန့်များကို   ရွှေဘိုခရိုင်အတွင်းရှိ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်နှင့် ကန့်ဘလူခရိုင်အတွင်းရှိ ကန့် ဘလူမြို့နယ်တို့မှ ကားဖြင့်   အိမ်အရောက်လာရောက်ပို့ပေး ကြောင်း၊  ရွှံ့မြေ/နုန်းမြေကို တောင်သူများ လယ်ရိတ်သိမ်းပြီး ချိန်တွင် ဝယ်ယူပြီး အိမ်သို့ကားဖြင့် သယ်ဆောင်ထားရကြောင်း သိရှိရသည်။
ကုန်ကြမ်းဖြစ်သည့် မီးသွေးမှုန့်များကို စက်ဖြင့် အမှုန့် ကြိတ်ခြင်း၊ ရွှံ့မြေ/နုန်းမြေများကိုလည်း ရေဖြင့် တစ်ည စိမ် ထားပြီး တုတ်ဖြင့်မွှေကာ ပျစ်နေသော ရွှံ့မြေ/နုန်းမြေရေများ နှင့် မီးသွေးမှုန့်များ ကို အချိုးကျရောစပ်၍ အုတ်ကန်တစ်ခုထဲ သို့ထည့်ပြီး မွှေခြင်း၊ ခြေထောက်ဖြင့်နင်းခြင်းများ ဆောင်ရွက် ရကြောင်း၊ ထိုသို့ဆောင်ရွက်ပြီး   စေးသွားပါက လောင်စာ တောင့်ပြုလုပ်မည့် ပုံစံခွက်ထဲသို့  ရိုက်ထည့်ရကြောင်း၊ ပုံစံ ခွက်ထဲမှ  ထွက်လာသော    လောင်စာတောင့်  အစိုများကို နေ ငါးရက်လှန်းရကြောင်း၊   ရွှံ့မြေ/နုန်းမြေကို ရေစိမ်သည့် အခါ ရေတွင်ပျော်ဝင်မှုမရှိသည့်အခဲများပါဝင်ပါက လောင် စာတောင့်ကွဲသဖြင့်၎င်းအခဲများကိုစွန့်ပစ်ရကြောင်းသိရသည်။ 
လောင်စာတောင့်ကို နေ့စဉ်ထုတ်လုပ်လျက်ရှိပြီး တစ် ရက်လျှင် လောင်စာတောင့် ၈၀ဝ မှ ၉၀ဝ ကြား ထုတ်လုပ်နိုင် ကြောင်း၊ ရောင်းဈေးအနေဖြင့်  လောင်စာတောင့် တစ်တောင့် လျှင် ကျပ် ၁၀ဝ ဖြင့်လည်းကောင်း၊ ၅၀ပါ တစ်အိတ်လျှင် ကျပ် ၄၀ဝ၀ဖြင့်လည်းကောင်း  ရောင်းချပြီး  ဈေးကွက်အနေဖြင့် ရွှေဘိုမြို့နယ် တစ်နယ်လုံးနီးပါးနှင့်  ကန့်ဘလူခရိုင်၊ ဇီးကုန်း မြို့နှင့်ရွှေတောများမှာယူကြကြောင်း၊  တစ်ရက်လျှင် နေ့စား လုပ်သားနှစ်ဦး ဌားရမ်းရပြီး လုပ်သားခအနေဖြင့်   မီးသွေး လောင်စာတောင့် တစ်ခုလျှင် အပြီးအစီး  ၁၅ ကျပ်နှုန်း  ပေးရ ကြောင်း သိရသည်။ ယခင်က တစ်ရက်ထုတ်လုပ်မှု ကုန်ချော ပစ္စည်းရောင်းချရငွေ၏ ထက်ဝက်ခန့် အကျိုးအမြတ်ရှိခဲ့သော် လည်းယခုအချိန်တွင်ကုန်ကြမ်းပစ္စည်းများဖြစ်သည့်ရွှံ့မြေ/နုန်းမြေများ   လိုသလောက်ရနိုင်သော်လည်း    မီးသွေးမှုန့် ပြုလုပ်သူများ နည်းပါးသွားသည့်အတွက် ကုန်ကြမ်းခက်ခဲခြင်း၊ ယခင်က   ကားအစီးလိုက်ဝယ်ယူ၍ရသော်လည်း   ယခုအခါ ဝယ်ယူ၍ မရရှိခြင်း၊  ဈေးနှုန်းတက်ခြင်း၊  ကုန်ချောထည့်သည့် အိတ်ခွံများဈေးနှုန်းတက်ခြင်း၊ လုပ်သားရှားပါးခြင်းများ ကြုံ တွေ့နေရသော်လည်း လောင်စာတောင့်ရောင်းဈေးမှာအနည်း ငယ်သာ ဈေးတင်ရောင်းရသောကြောင့် အကျိုးအမြတ် နည်း ပါးသဖြင့် ပုံမှန်ဝယ်ယူနေသည့် ဖောက်သည်များအတွက်သာ နေ့စဉ် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။  
နှင်းနှင်းခိုင်(ရွှေဘို)