Main menu

Background

အိုဇုန်းလွှာပျက်စီးခြင်းကို  ကာကွယ်ထိန်းသိမ်းခြင်းဖြင့် ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့်  ပတ်ဝန်းကျင်တွင်   နေထိုင်ခွင့်ရရှိနိုင်

Thu, 09/29/2022 - 13:18 -- journal_editor

လူနေမှုအဆင့်အတန်းမြင့်မားလာတာနဲ့အမျှ    လူသားတို့ အဆင်ပြေပြီး သက်သောင့်သက်သာ နေထိုင်နိုင်ရန်  ထုတ်လုပ်သုံးစွဲ နေသာပစ္စည်းများထဲမှ နေ့စဉ်အသုံးပြုနေသော ရေခဲသေတ္တာ၊ လေ အေး ပေးစက်နှင့် အအေးခန်းတွေဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်လာပါတယ်။ အဆိုပါပစ္စည်းများတွင် အသုံးပြုသည့် အအေး ပေး ဓာတုပစ္စည်းများဖြစ်သော ဒြပ်ပစ္စည်းများကြောင့် လေထုထဲမှာ ရှိတဲ့ အိုဇုန်းလွှာပါးလွှာပျက်စီးနေသည်ကို   သိပ္ပံပညာရှင်များက လေ့လာ တွေ့ရှိခဲ့ပါတယ်။ အိုဇုန်းလွှာပျက်စီးမှုကြောင့် ကမ္ဘာမြေပေါ် ကို ခရမ်းလွန်ရောင်ခြည်ကျရောက်မှု  ပမာဏများလာပြီး လူသား တွေမှာ အရေပြား ကင်ဆာရောဂါ၊ မျက်စိတိမ်စွဲခြင်း၊ ခုခံအားကျဆင်း ခြင်းတွေဖြစ်စေနိုင်ပါတယ်။ စိုက်ပျိုး‌ရေးကဏ္ဍတွင် သီးနှံပင်များ ကြီးထွားမှုနှောင့်နှေးခြင်း၊   အထွက်နှုန်းကျဆင်းခြင်း၊ အာဟာရဖြစ် စေမှုကို ကျဆင်းစေပြီး အဆိပ်အတောက်ဖြစ်မှုကို  တိုးပွားစေနိုင်ခြင်း တို့ဖြစ်ပေါ်စေနိုင်သည့်အပြင် အပင်နှင့်ပိုးမွှားဂေဟစနစ်၊  အဏ္ဏဝါ ဂေဟစနစ်ပျက်စီးမှုတို့ဖြစ်ပေါ်စေနိုင်ပါတယ်။ ရော်ဘာ၊ ပလတ်စတစ်၊ သုတ်ဆေး၊သစ်သား၊ စက္ကူ၊ သားမွှေးနှင့် ချည်ထည် စသည့် ရုပ်ဝတ္ထု ပစ္စည်းများအတွက် ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်ပြီး ကြာ ရှည်ခံမှုနှင့် အသုံးဝင်မှုသက်တမ်းလျော့ကျစေကြောင်း သိရပါတယ်။ကမ္ဘာ့လေထုတွင် အလွှာလေးခုရှိသည့်အနက်  အိုဇုန်းလွှာ သည် ဒုတိယအလွှာတွင် တည်ရှိပြီး ကမ္ဘာမြေပြင်အထက်  အမြင့် ၁၅ ကီလို မီတာမှ ၃၅ ကီလိုမီတာအကြားတွင် တည်ရှိပါတယ်။ အိုဇုန်းလွှာဟာ အိုဇုန်းအငွေ့များ စုစည်းထားသည့် ၃ မီလီမီတာ အထူမျှရှိပြီး ပါးလွှာသည့်  အငွေ့တန်းကလေးဖြစ်ပြီး ကမ္ဘာကြီးကို လွှမ်းခြုံကာကွယ်ထားပါတယ်။   အိုဇုန်းလွှာသည်    သက်ရှိများအတွက် နေမှလာသော အန္တရာယ်ဖြစ်စေသည့် ခရမ်းလွန်ရောင်ခြည်များကို  ကမ္ဘာမြေပေါ်သို့ တိုက်ရိုက် မကျရောက်စေရန် ကာကွယ်ပေးပါတယ်။ လက်ရှိ လူသားများရဲ့လုပ်ရပ်များနောက်ကွယ်   ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းနှင့်   ကမ္ဘာကြီပူနွေးလာမှုကြောင့်  လက်ရှိ ၂၀၂၀ခုနှစ် NASAဒေတာများအရ ကမ္ဘာ့အိုဇုန်းလွှာ၏ ၁၇ ရာခိုင် နှုန်းခန့်သည်   ပျက်စီးသွားခဲ့ရကြောင်းသိရကာ   ယခင်အခြေအနေ ပြန်ရောက်အောင် ကမ္ဘာတစ်ဝန်း ထိန်းသိမ်းကာကွယ်မှုများပြုလုပ် လျက်ရှိနေပါတယ်။ အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများ အသုံး ပြုမှုကို ကာကွယ်ထိန်းချုပ်ရန်    မွန်ထရီရယ်သဘောတူစာချုပ်ကို ၁၉၈၇ ခုနှစ်မှာ ကမ္ဘာ့နိုင်ငံများရဲ့  သဘောတူညီချက်နဲ့အတည်ပြု ချမှတ်ခဲ့ကြောင်း သိရပါတယ်။ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလ ၁၆ ရက်ကို "World Ozone Day "  ကမ္ဘာ့အိုဇုန်းလွှာ  ထိန်းသိမ်းရေးနေ့ အဖြစ် သတ်မှတ်ထားပါတယ်။ ကမ္ဘာပေါ်ရှိ နိုင်ငံများ လက်ရှိ ကြုံ တွေ့နေရသည့်   ရာသီဥတုဆိုင်ရာ   စိန်ခေါ်မှုများကို ဖြေရှင်းရန်၊ အနာဂတ် မျိုးဆက်များအတွက် ကမ္ဘာမြေပေါ်ရှိ   သက်ရှိများကို ကာကွယ်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စုပေါင်းအင်အားဖြင့် အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုကို ရပ်ဆိုင်းရန် ကြိုးစားခဲ့ခြင်းကြောင့် အိုဇုန်းလွှာအပေါက်သည် ပြန်လည်ကောင်းမွန် လာခဲ့ပြီး လူသားများ၏ ကျန်းမာရေး၊ စီးပွားရေးနှင့်  ဂေဟစနစ်များ ကိုပါ ကာကွယ်ပေးနိုင်ခြင်းဖြစ်ပါတယ်။အိုဇုန်းလွှာပျက်စီးခြင်းကို ကာကွယ်ထိန်းသိမ်းရန် လူတစ်ဦး ချင်းမှ အစပြု၍ ကမ္ဘာ့နိုင်ငံများအားလုံး တကြွ်ကစွာ ပူးပေါင်းဆောင် ရွက်ပေးရန် နည်းလမ်းများကတော့-
•        အိုဇုန်းလွှာပျက်စီးသော   ဒြပ်ပစ္စည်းများကို   ဝယ်ယူခြင်းမှ ရှောင်ကြဉ်ပါ။ မိမိတို့  ဝယ်ယူသည့်ပစ္စည်းများတွင် CFCs  ပါဝင်မှု နည်းသည့် သို့မဟုတ် လုံးဝမပါသည့်   
ပစ္စည်းများကိုသာ ရွေးချယ်အသုံးပြုပါ။ 
•        ရေခဲသေတ္တာနှင့် လေအေးပေးစက်များကို ဝယ်ယူအသုံးပြုမည် ဆိုပါက “အိုဇုန်းကိုအန္တရာယ်မပြုသော/Ozone friendly ” “HCFC  ကင်းလွတ်/HCFC free” 
 စွမ်းအင် ခြိုးခြံ ချွေတာမှု စသည့် အမှတ်အသားများပါသည်ကို ကြည့်ရှုဝယ် ယူပါ။
•        နိုက်ထရက်အောက်ဆိုဒ်သည် လေထုကို အလွန်ညစ်ညမ်းစေ သဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများအနေဖြင့် သီးနှံ အတွက် ဓာတ်မြေသြဇာတွင်  
 နိုက်ထရက်အောက်ဆိုဒ်ကို လိုအပ်သည့် ပမာဏကိုသာသုံးစွဲပြီး  တတ်နိုင်သမျှ လျှော့ချ သုံးစွဲပါ။
•        ရာသီဥတုပြောင်းလဲမှုကို လျှော့ချရန် စွမ်းအင်ချွေတာခြင်းဖြင့် တစ်ဦးချင်း မော်တော်ယာဉ်အသုံးပြုမှုကို တတ်နိုင်သမျှ လျှော့ ချပါ။ စက်ဘီးစီးခြင်းနှင့် 
လမ်းလျှောက်ခြင်း  အလေ့အကျင့် တို့ကို လေ့ကျင့်ပျိုးထောင်ပါ။ 
•        မိမိပတ်ဝန်းကျင်ရှိ ပြည်သူလူထုကို  အိုဇုန်းလွှာပျက်စီးရခြင်း၊ ထိန်းသိမ်းကာကွယ်ရေးနှင့်ပတ်သက်ပြီး  အသိပညာပေးခြင်း များ ဆောင်ရွက်ပေးပါ။
အအေးပေးပစ္စည်းများသည်    လူမှုစနစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကောင်းကျိုးပေးနိုင်သကဲ့သို့ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု များ မရှိစေရေးအတွက်လည်း  အိုဇုန်းလွှာ မထိခိုက်စေသည့် အစား ထိုး အအေးပေးဒြပ်ပစ္စည်းနှင့် စွမ်းအင်ချွေတာပြီး  စွမ်းဆောင်ရည် ကောင်းသော အအေးပေးပစ္စည်းများကိုသာ တင်သွင်းဖြန့်ဖြူးအသုံး ပြုသွားရန် လိုအပ်ပါသည်။    အအေးပေးဒြပ်ပစ္စည်းများ ထုတ်လုပ် ဖြန့်ဖြူးရောင်းချရာတွင် ဆလင်ဒါပုံစည်ပိုင်းများဖြင့်   ထုပ်ပိုးမှုများ ဆောင်ရွက်ကြပါသည်။ အဆိုပါ စည်ပိုင်းတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းကို တံဆိပ်ကပ်ခြင်း၊ ရိုက်နှိပ်ခြင်း၊ ထွင်းထုခြင်း နည်းများဖြင့် ဖော်ပြကြသည်။ ဖော်ပြထားသော  ဒြပ်ပစ္စည်းအမျိုး အစားနှင့် သတင်အချက်အလက်များသည် တင်သွင်းသူ၊ ဖြန့်ဖြူး ရောင်းချသူ၊ သုံးစွဲသူတို့အတွက် အရေးကြီးသလို ကုန်သွယ်မှုစာရင်း ထိန်းသိမ်းခြင်း၊   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့အတွက် အရေးပါပါသည်။ စနစ်တကျမှန်ကန်စွာဖော်ပြခြင်းမရှိပါက  အသုံး ပြုသူများ၏ ကျန်းမာရေးနှင့်ဘေးကင်းမှုကို အာမခံနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် တံဆိပ်မူ မမှန်ခြင်း၊ တံဆိပ်ဖော်ပြမှုမရှိခြင်း၊ တရားမဝင် တင်သွင်းလာခြင်းများကို တားဆီးရမည်ဖြစ်ပါသည်။  လူသားများ အပါအဝင်သက်ရှိများ၏ဘဝရှင်သန်ရပ်တည်နိုင်ရန်အတွက် အိုဇုန်း လွှာကောင်းမွန်ရေးသည် အလွန်အရေးပါသည့်အတွက်  အိုဇုန်းလွှာ ထိန်းသိမ်းရေးမှာ ပူးပေါင်းဆောင်ရွက်ကြရန်    လိုအပ်ပါတယ်။ စားသုံးသူအခွင့်အရေးများအနက်   ပစ္စုပ္ပန်တွင်သာမက  အနာဂတ် မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော   လူနေမှုအဆင့် အတန်းနှင့် ပတ်ဝန်းကျင်တွင်     နေထိုင်နိုင်ခွင့်ရရှိစေခြင်းဟူသည့် အခွင့်အရေးပြည့်ဝအောင် သက်ဆိုင်ရာဥပဒေ၊   ညွှန်ကြားချက်များ ဖြင့် ကာကွယ်ပေးလျက်ရှိပါတယ်။ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပတ်ဝန်း ကျင်၊ ကောင်းမွန်သန့်ရှင်းတဲ့ ဂေဟစနစ်တွေကို  သားစဉ်မြေးဆက် လက်ဆင့်ကမ်း ရပ်တည်နိုင်ရန် မိမိတို့အားလုံး သဘာဝပတ်ဝန်းကျင် ကို တန်ဖိုးထားပြီး ထိန်းသိမ်းသွားကြရမည်ဖြစ်ပါတယ်။