Main menu

Background

ပြည်သူများ အားကိုးစရာ ဓာတ်ခွဲခန်းလေးပါ

Wed, 10/12/2022 - 11:43 -- journal_editor

စားသောက်ကုန်များသန့်ရှင်းမှုရှိ၊ မရှိ၊ ကျန်းမာရေးနှင့် ကိုက်ညီမှုရှိ၊ မရှိကိုတချို့စားသောက်ကုန်များမှာ မျက်မြင်အားဖြင့် ဆုံးဖြတ်၍ရသော်လည်း တချို့မှာအမြင်အားဖြင့် မသိသာသော ကြောင့် ဓာတ်ခွဲစစ်ဆေးမှ သိရလေသည်။ ဓာတ်ခွဲစစ်ဆေးမှ သိရှိရပြီးလူအများ မရှိမဖြစ် စားသောက်နေရသည့်စားသောက်ကုန်ထဲတွင် စားသုံးဆီလည်းအပါအဝင်ဖြစ်သည်။မိမိသုံးစွဲလိုသော စားသုံးဆီကိုကြည့်လိုက်လျှင် ရိုးရိုးအခန်း အပူချိန်မှာကြည်လင်နေပြီးအနံ့လေး က လည်း ပင်ကိုဆီအနံ့၊လျှာပေါ်တင်ကြည့်လိုက်လျှင်လည်း ရှတတမဖြစ်လျှင်အကြမ်းအားဖြင့် ကောင်းနေသည်ဟုဆိုနိုင်သည်။သို့သော်လည်း မိမိကျန်းမာရေးနှင့်ကိုက်ညီမှု ရှိ၊မရှိ၊ ဝယ်ပြီးလျှင်ရောဘယ်လောက်ကြာကြာသိမ်းထား နိုင် မလဲဆိုသည့်အချက်များကိုတော့ ဓာတ်ခွဲစစ်ဆေးကြည့်မှပဲ သိရမည်ဖြစ်သည်။ထို့ကြောင့် မိမိကိုယ်တိုင်ထုတ်လုပ်ထားသည့် စားဆီ ဖြစ်ဖြစ် အရည်အသွေးကောင်း၊ မကောင်းကို စမ်းသပ်စစ်ဆေးပေး နေသည့် ဓာတ်ခွဲခန်း လေး က တော့Myanmar Inspection & Testing Services Ltd.(MITS)Laboratory ပင်ဖြစ်သည်။ စမ်းသပ်စစ်ဆေး ပေးနိုင်သည့် စားသုံးဆီများ၏ အရည်အသွေးများကတော့ အရည် အသွေး(Oil Property at Room Temperature)၊ ဆီပျက် မပျက် (Rancidity) ရေငွေ့ပါဝင်ကိန်း  (Moisture Content)၊ အချဉ်ဓာတ် ကိန်း (Acid Value)၊ အိုင်အိုဒင်းတန်ဖိုး (Iodine Value)?၊ ပါရောက်ဆိုဒ် တန်ဖိုး(Peroxide Value)၊ ဆပ်ပြာဖြစ်ကိန်း (Saponification Value)? ၊ ဆပ်ပြာပါဝင်မှု (Soap Content)၊ တိမ်ခိုးမှတ်(Cloud Point)၊သိပ်သည်းဆ(Density)၊ ဆီခဲပျော်မှတ် Melting Point)၊အညစ်အကြေးများပါဝင်မှု(Impurity)၊ ဆီအရောအနှောများပါဝင်မှုရှိ၊မရှိ(Fattty  Acid Profile GC)၊ ဆီ၏ အ ရောင်(Colour) တို့ဖြစ်သည်။အရည်အသွေးတစ်ခုချင်းစီ၏အရေးပါပုံကို ဖော်ပြရမည်ဆိုလျှင် ဆီ၏အရည်အသွေး- ကောင်းမွန်သောဆီတစ်ခုသည် အခန်းအပူချိန်တွင်  ကြည်လင်ပြီးဝါဝင်းသော အနေအထားရှိရသည်။ ဆီထွက် သီးနှံ ပေါ်မူတည်၍ အနီရောင်သန်းသော အဝါရောင်လည်း ရှိတတ်သည်။ သိပ်သည်းဆစားသုံးဆီတိုင်းတွင် သတ်မှတ်ထားသော သီးခြားသိပ်သည်းဆ ရှိကြသည်။ ဆီ၏အရောင် -အရောငပါဝင်မှုအချိုးအားရှာဖွေခြင်းဖြစ်ပါသည်။ ဆီပျက်၊မပျက်-အမြင်အားဖြင့် ကြည်လင်သော်လည်းဆီပျက်ခြင်းကိုစမ်းသပ်မှပင်သိနိုင်သည်။ ဆီပျက်လျှင်စားသုံးရန်မသင့်တော့ပါ။ရေငွေ့ပါဝင်ကိန်း- စားသုံးဆီများတွင် ထုတ်လုပ်ရာတွင်လည်းကောင်း၊ သယ်ဆောင်ရာတွင်လည်း ကောင်းရေငွေ့ပါဝင်တတ်သည်။ပါသင့်သည့်နှုန်းထက်ပိုမိုပါဝင်နေလျှင်ဆီပျက်စီးမှုမြန်တတ်သည်။ရောနေလျှင် အခြားဆီ များပါ ပျက်စီးစေသည်။ ဆီခဲပျော်မှတ်- ခဲတတ်သော စားဆီများ အတွက်ဆီခဲပျော် မှတ်ကို တိုင်းတာခြင်း ဖြစ် သည်။ပျော်မှတ်နိမ့်လေကောင်းလေဖြစ်သည်။အညစ်အကြေးများပါဝင်မှုဆီတွင်မပျော်ဝင်နိုင်သောပစ္စည်းများပါဝင်မှုဖြစ်သည်။အစိုင်အခဲကြီးမားများပြားလျှင်မျက်မြင်တွေ့ရှိနိုင်သော်လည်းအမှုန်လေးများဖြစ်လျှင် မမြင်နိုင်ပါ။စမ်းသပ် ကြည့်မှသိနိုင်သည်။တိမ်ခိုးမှတ်- အချို့စားသုံးဆီများသည် အခန်းအပူချိန်တွင် မခဲသော်လည်း နိမ့်သောအပူချိန်များတွင်ခဲလာတတ်သည်။ တိမ်ခိုးမှတ်အပူချိန်နိမ့်လေ စားသုံးရန်သင့်လေဖြစ်သည်။ အထူးသဖြင့် စားအုန်းဆီ တွင် အဓိကအရည်အသွေးတစ်ခုဖြစ်သည်။အချဉ်ဓာတ်ကိန်း- ဆီတွင်ပျက်စီးနေသောအက်စစ်များပါရှိနေမှုအား ဖော်ပြသောအရေးကြီးသည့်ညွှန်ပြကိန်းဖြစ်သည်။ အချဉ်ဓာတ်ကိန်းများသောဆီများအား စားသုံးလျှင်အာခေါင်နှင့် လည်ပင်း ရှခြင်း၊ချောင်းဆိုး ခြင်းများ ဖြစ်ပေါ်စေသည်။ အိုင်အိုဒင်း တန်ဖိုး- မပြည့်ဝအဆီ အက်စစ်အရေအတွက် ပါဝင်မှုအား ရှာဖွေပေးခြင်းဖြစ်သည်။  အိုင်အိုဒင်းတန်ဖိုးမြင့်လေပိုကောင်းလေဖြစ်သည်။စားသုံးရန် သင့် မသင့်ကို ဆုံးဖြတ် ပေး သောကျန်းမာရေးအတွက် ညွှန်ကိန်းတစ်ခုဖြစ်သည်။ ပါရောက်ဆိုဒ်တန်ဖိုး-ဆီထဲတွင် ဓာတ် တိုးခြင်း ဖြစ်ပေါ်လာမှုအခြေအနေကို ဖော်ပြသော ကိန်းဖြစ်ပါသည်။ပါရောက် ဆိုဒ် တန်ဖိုး များလေလေ ဆီသည်ပျက်စီး ရန် အခြေအနေ နီးလာလေဖြစ်သည်။ဆပ်ပြာဖြစ်ကိန်း- စားသုံးဆီထဲတွင် ဆပ်ပြာဖြစ်နိုင်သော အက်စစ်လွတ်များအား ဖော်ပြခြင်းဖြစ် သည်။ ဆပ်ပြာဖြစ်ကိန်းများလေစားသုံးရန်သင့်လေဖြစ် သည်။ ဆပ်ပြာမဖြစ်နိုင်သော စ္စည်း များပါဝင်ကိန်း- စားသုံးဆီတွင် ဆပ်ပြာမဖြစ်နိုင်သောအခြားဓာတ်ပစ္စည်းများပါဝင်ခြင်းကို တိုင်းတာခြင်းဖြစ်သည်။ဆပ်ပြာပါဝင်ကိန်း-တစ်ခါတစ်ရံတွင် စားသုံးဆီများထဲမှ အက်စစ်မော်လီကျူးများသည် ဆပ်ပြာအဖြစ်သို့  အနည်းငယ် ဓာတ်တိုး သွား တတ်ကြသည်။ ထိုအခြေအနေကို ဖော်ပြသောကိန်းဖြစ် သည်။ Fatty Acid Profile - စားသုံးဆီ တစ်မျိုးစီတွင် အဆီအက်စစ် များ ပါဝင်ခြင်းမတူညီကြပါ အဆီအက်စစ် များပါဝင် ခြင်း မတူညီကြပါ။ ဆီအရောအနှောများတွင် ပါဝင်နေသည့် ဆီအမျိုးအစားများအား  Fatty Acid Profileကို GC  စက်ဖြင့် စမ်းသပ်ရှာဖွေခြင်းဖြင့် ရောနှောနေသော ဆီကိုသိရှိနိုင်သည်။ စားသုံးဆီများ အပြင် ဆီကြိတ် သော  ဆီ ထွက် သီးနှံများ၏ အစိုဓာတ်၊ ဆီပါဝင်မှု၊ အက်စစ် တန်ဖိုးတို့အားလည်း ရှာဖွေစမ်းသပ်ပေးနိုင်သည်။အဓိကဓာတ်ခွဲစမ်းသပ်ပေးနေတာကတော့ ပြည်ပမှ သင်္ဘော များဖြင့်လည်းကောင်း၊ Container  များဖြင့် လည်း ကောင်း တင်သွင်း လာသော ဆီနမူနာများအား အချိန်တိုအတွင်း စမ်းသပ်ပေးနေသော ဓာတ်ခွဲခန်းလေးဖြစ်ပါသည်။ပြည်သူများဟုဆိုရာတွင်  စားသုံးသူ၊ ရောင်းဝယ်ဖောက်ကားသူ၊ ဖြန့်ဖြူးသူ၊ သိုလှောင်သူ၊ ထုတ်လုပ်သူဟူ၍ အမျိုးမျိုးပါဝင်ကြသည်။မည်သို့ သောအနေအထားဖြင့် ပါဝင်နေကြ စေကာမူမိမိပါဝင်ပတ်သက်နေသောနေရာမှအဓိကထားရမည့် အရည်အသွေးများ ကို သိရှိထားရန် လိုအပ်ပါသည်။ပြည်သူများအတွက် အားကိုးစရာ အချိန်တို အတွင်း စားသုံးဆီ အမျိုး မျိုး၏အရည်အသွေးများ အားတိကျမှန်ကန်စွာ စစ်ဆေးပေး နေသောဓာတ်ခွဲခန်းလေးမှာ အမှတ် ၂၄/ဘီ၂ ၊ မင်းနန္ဒာလမ်း၊MREC ဝန်း၊ နွယ်အေးရပ်ကွက်၊ ဒေါပုံမြို့နယ်ဖြစ်သည်။

မေ (MITS)