မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ရော်ဘာဈေးနှုန်းဈေးကွက်
မော်လမြိုင်မြို့၌ အောက်တိုဘာလ စတုတ္ထပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရသည်။
ဈေးကွက်ထဲ အရောင်းအဝယ်ပုံမှန်ဖြစ်နေသောဈေးမှာ ကြံ့အသစ် (အပြာ) တစ်အိတ်လျှင် ကျပ် ၂၂၀၀၀၊ ကြံ့တံဆိပ်(အဝါ) တစ်အိတ်လျှင် ကျပ် ၂၀၅၀၀၊ကြံ့နှစ်ကောင်(အနီ) တစ်အိတ်လျှင် ကျပ် ၂၁၅၀၀၊ ကြံ့တစ်ကောင် (အပြာ) တစ်အိတ်လျှင် ကျပ် ၂၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။
ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး အောက်တိုဘာလစတုတ္ထပတ်တွင် ကွန်ပေါင်း (မြန်မာ့သြဘာရွှေကောမက်) 15:15:15 50kg ပါ တစ်အိတ်လျှင် ကျပ် ၁၆၈၅၀၀၊ ပုလဲအသေး တရုတ် (ရွှေတောင်) 50kg ပါတစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀၊ ပိုတက် (အာမို) 50kg ပါ တစ်အိတ်လျှင် ကျပ် ၁၄၅၀၀၀၊ ပိုတက်(မြန်မာ့သြဘာ) 50kg ပါ တစ်အိတ်လျှင် ကျပ် ၁၄၆၀၀၀၊ တီစူပါ (သံကွင်း)50kg ပါတစ်အိတ်လျှင်ကျပ် ၁၅၅၀၀၀၊ ပိုးသတ်ဆေးအမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀ ရာခိုင်နှုန်း(သီးရွက်စုံ) 100cc တစ်ပုလင်းလျှင် ကျပ် ၆၀၀၀) မာလာမြိုင်ဆိုက်ပါ ၁၀ရာခိုင်နှုန်း (သီးရွက်စုံ) 500cc တစ်ပုလင်းလျှင် ကျပ် ၂၀၇၀၀၊ အဆီဖိတ် (ခရု) မြန်မာ့သြဘာ500kg ပါ တစ်ထုပ်လျှင် ကျပ် ၁၆၈၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။ ရော်ဘာမွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ်အရောင်းအဝယ်ပုံမှန်ရှိနေသည်။ အောက်တိုဘာ ၂၀ ရက်မှ ၂၆ ရက်အထိ ဈေးနှုန်းမှာ မော်လမြိုင်မြို့ တွင်RSS-3 တစ်ပေါင်လျှင် ကျပ် ၄၀၀၀၊ မုဒုံမြို့တွင် RSS-3တစ် ပေါင် လျှင် ကျပ် ၄၀၂၀၊ ပေါက်ဈေးဖြစ်ပေါ် နေပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့်နှိုင်း ယှဉ်ပါက တစ်ပေါင်လျှင် ကျပ် ၂၀၀ ခန့် ဈေးနှုန်းတက်လာခဲ့ သည်။ ယခင်နှစ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါကလည်း တစ်ပေါင်လျှင် ကျပ် ၁၄၀၀ ခန့် ဈေးနှုန်းတက်လာခဲ့သည်။ ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်သဖြင့် မွန်ပြည်နယ်အတွင်း ရော်ဘာခြံ ရှင်အချို့မှာ ရော်ဘာခြံရှင်းလင်းခြင်းလုပ်ငန်းများ စတင်နေပြီဖြစ် သည်။ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ယူခ နှုန်းထားမှာ ( (50)kg ပါ တစ်ထုပ်လျှင် ကျပ် ၃၆၀၀၊ ရော်ဘာတစ်တန်လျှင် ကျပ် ၇၂၀၀၀ ဖြင့်လည်းကောင်း၊ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ သယ်ယူခနှုန်းထားမှာ 50kgပါ တစ်ထုပ်လျှင် ကျပ် ၅၃၀၀၊ ရော်ဘာတစ်တန်လျှင် ကျပ် ၁၀၆၀၀၀ ဖြင့် သယ်ယူပို့ကြောင်း သိရပြီး သယ်ယူပို့ဆောင်ခမှာ ဒေသလိုက် အနည်းအများ ကွာခြားမှုရှိကြောင်း သိရှိရသည်။
အောင်မြင့်မြတ်(မွန်)
