ကုန်တင်မော်တော်ယာဉ်များ မှတ်ပုံတင်ပြုလုပ်ရာတွင်ယာဉ်ပိုင်ရှင်ဆန္ဒအရ သက်တမ်းတိုးကာလ ပြုလုပ်နိုင်
ကုန်တင်မော်တော်ယာဉ်များ မှတ်ပုံတင်ကတ်ပြား ပြု လုပ်ရာတွင် ယာဉ်ပိုင်ရှင်၏ဆန္ဒအရ သက်တမ်း ၃လ၊ ၆လ၊ တစ်နှစ်စသည်ဖြင့် ပြုလုပ်နိုင်ကြောင်း ကုန်တင်မော်တော် ယာဉ်ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ ယာဉ်မှတ်ပုံတင်ကတ်ပြား ပြုလုပ်ရာတွင် တစ်လ အတွက် ငွေကျပ် ၁ဝဝ နှုန်းသာ ပေးခွင့်ရမှာဖြစ်ကြောင်း၊ မိမိအဆင်ပြေသလို ၃ လ၊ ၆ လ၊ တစ်နှစ်စာ ပေးသွင်းနိုင် ကြောင်း၊ မှတ်ပုံတင်ကတ်ပြားပြုလုပ်ရာတွင် ယာဉ်အမှတ်၊ ယာဉ်အမိုျးအစား၊ လုပ်ငန်းအမိုျးအစား၊ လုပ်ငန်ပိုင်ရှင် အမည်၊ ယာဉ်မောင်းအမည်၊ နေရပ်လိပ်စာ၊ လိုင်စင်အမှတ်၊ ခွင့်ပြုကာလစသည်တို့ ပါဝင်သဖြင့် ယာဉ်မောင်း (သို့) ယာဉ်ပိုင်ရှင် ကိုယ်တိုင်လာရောက်ပြုလုပ်သင့်ကြောင်း၊ သတ် မှတ် ကာလမကျော်မီ ကတ်ပြားအသစ်လဲလှယ်နိုင်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောပြသည်။ ယာဉ်မှတ်ပုံတင်ကတ်ပြားများပြုလုပ်ထားခြင်းမှာ ယာဉ် မောင်းများ ယာဉ်စီးကမ်း၊ လမ်းစီးကမ်းများလိုက်နာနိုင်ရန် အကြောင်းကိစ္စရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်ရန်၊ လုပ်ငန်း များ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ကြောင်း သိရသည်။ ယခုအခါ ကုန်တင်မော်တော်ယာဉ်ကတ်ပြားများပြုလုပ် ပေးထားခြင်းကြောင့် တစ်နေရာမှတစ်နေရာသို့ ကုန်စည်ပို့ ဆောင်ရာတွင် အခက်အခဲမရှိကြောင်း၊ စစ်ဆေးရေးဂိတ်များ၊ သတင်းပို့စနစ်များတွင်လည်း ပိုမိုအဆင်ပြေ လွယ်ကူ ချော မွေ့စေကြောင်း ကုန်တင်ယာဉ်မောင်းသူများက ပြောကြား သည်။ လွင်လွင်မိုး
