ကူးသန်းရောင်းဝယ်ရေး နှလုံးသား ဗဟိုချက်မှ စည်တော်သံ(သို့မဟုတ်) ကုန်သည်ကျင့်ဝတ်သိက္ခာမြှင့်တင်မယ့် ကုန်စည်ဒိုင်များဆွေးနွေးပွဲ
ပဲအဓိက အရောင်းအဝယ်လုပ်တဲ့ ပွဲစား မောင်ကျော်ပါ။ စက်မှုကုန်သည် အသင်းချုပ်က ကုန်စည်ဒိုင်များဆွေးနွေးပွဲကို မတ်လ ၂၂ ရက်နေ့ မန္တလေးမှာလုပ်မယ်ဆိုလို့ ဆွေးနွေးပွဲ တက်ဖို့ မန္တလေးမြို့ကို ရောက်ခဲ့ပါတယ်။ မန္တလေးမြို့ရောက် တုန်း ရွှေမန်းသားသူငယ်ချင်း ကုန်သည်ဦးသိန်းရဲ့ ဖိတ်ခေါ်မှုနဲ့ မန္တလေးမြို့ ပြည်ကြီးပျော်ဘွယ်အရှေ့ ပဲလှော်ချောင်ရပ်မှာရှိတဲ့ ပွဲစားကုန်သည် စက်ပိုင် များ ကထိန်တော်အသင်း ကုန်စည်ဒိုင်ကို ရောက် ခဲ့ပါတယ်။"ကုန်စည်ရောင်းဝယ်သူများဖြင့် စုရုံးဖွဲ့ စည်းတည်ထောင်ထားသည့် အဖွဲ့အစည်းတစ်ခု သတ်မှတ်ချိန်အတွင်း အသင်းဝင်များတွေ့ဆုံ၍ စည်းမျဉ်းဘောင် တစ်ခုအတွင်း အသိအမှတ်ပြု ထားသည့် ကုန်စည်များအား ရောင်းဝယ်ဖောက် ကားရန် သတ်မှတ်ထားသော ဈေးကွက်နေရာ" ကို ကုန်စည်ဒိုင်လို့ အများက လက်ခံခေါ်ဝေါ် ကြပါတယ်။ ဒိုင်ဆိုတာကို ရောင်းသူနဲ့ဝယ်သူကြား မှာ သမာသမတ်ရှိရှိ ထိန်းကြောင်းပေးတဲ့ အဖွဲ့လို့ လဲ ပြောနိုင်ပါတယ်။ဒီကထိန်တော်ကြီးဟာ အင်္ဂလိပ် ကိုလိုနီ ခေတ် မြန်မာသက္ကရာဇ် ၁၂၉၇ခု၊ ၁၉၃၅ ခုလောက် ကစပြီး ၈၆ လမ်း၊ ၂၆x၂၇ လမ်းရှိ ပွဲစားကြီး ဦးသန့်ရဲ့ အိမ်၊ ပွဲရုံမှာ ကုန်သည်ပွဲစားများ စုပေါင်း တိုင်ပင်ပြီး နှစ်စဉ်ကထိန်ခင်းခြင်းကို ဆောင်ရွက် ကြရာမှ ၁၉၄၅ ခုနှစ်မှာ " ပဲဘက်ဆိုင်ရာ ပွဲစား ကုန်သည်များအသင်းဆိုပြီး" ပေါ်ပေါက်လာ တယ်လို့ သိရပါ တယ်။ နောက်ပိုင်း စက်ပိုင် တွေပါ ပါလာတဲ့အတွက် ၁၉၈၆ ခုနှစ် (၅၂)ကြိမ်မြောက် ကထိန်တော်နှစ်ကစပြီး ပွဲစားကုန်သည် စက်ပိုင် များရဲ့ ကထိန်တော်အသင်း အမည်ပြောင်းလဲခေါ် ဝေါ် သုံးစွဲကြပါတယ်။ ကုန်စည်ဒိုင်ကိုရောက်တဲ့ နေ့က တိုက်တိုက်ဆိုင်ဆိုင်အသက် ၈၅ နှစ်ကျော် ရှိပြီး ဥက္ကဋ္ဌတာဝန်ကို ၂၄နှစ်ကျော် တာဝန်ယူခဲ့တဲ့ ဦးကျော်သိန်း(အရီးတောင်း) ကိုလည်း တက်တက် <က<ကနဲ့ လှုပ်ရှားနေတာကို တွေ့ရတဲ့အတွက် ရှေးအစဉ်အလာမပျက် ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုး တက်သော ကုန်စည်ဒိုင်ဖြစ်ပေါ်ရေး ဆောင်ရွက် ကြရာမှာ စံပြုထိုက်တဲ့ ကုန်စည်ဒိုင်တစ်ခု လို့ခံယူ မိပါတယ်။ FAOမှာလုပ်ခဲ့တဲ့ မိတ်ဆွေတစ်ယောက် က နိုင်ငံတကာမှာ ကုန်စည်ဒိုင် များမှာ ရှိသင့်တဲ့ အချက် ၉ ချက်ကို စံသတ်မှတ်ပြီး ကမ္ဘာတစ်ဝန်း မှာရှိတဲ့ ကုန်စည်ဒိုင်များကို FAO က ပညာရှင် တွေ ကွင်းဆင်းလေ့လာခဲ့ကြရာမှာ သင်တန်းပေး နိုင်မှုနှင့် ရောင်းလိုအား ထိန်းသိမ်းနိုင်မှု နှစ်ခုသာ လိုအပ်ချက်ရှိ ပြီးကျန် ခုနစ်ချက်ပြည့်စုံတဲ့အတွက် မန္တလေး ကထိန်တော် အသင်း ကုန်စည်ဒိုင်ဟာ အရည်အချင်းပြည့်စုံ အဆင့်အတန်းမီတဲ့ ကုန်စည် ဒိုင်အဖြစ် ၤFAO က သတ်မှတ်ထုတ်ပြန် ကြေညာ ခဲ့တယ်လို့ ပြောခဲ့တာ ပြန်လည်သတိရမိ ပါတယ်။ မန္တလေးကုန်စည်ဒိုင်ရဲ့ အရောင်းအဝယ်စနစ်ကို မေးကြည့်တော့ လက်ငင်းငွေချေ ရောင်းဝယ်တဲ့ စနစ်ကိုသာ ကျင့်သုံးပြီး ကြိုရောင်းကြိုဝယ်မလုပ်ဖို့ ပိတ်ပင်ထားတယ်လု့ိ သိရပါတယ်။ ကုန်စည်ဒိုင် တွေမှာ ကြိုရောင်းကြိုဝယ်ခြင်း (ကြိုပွိုင့်ရိုက်ခြင်း) ကို လောင်းကစား တစ်ခုလို လုပ်ကိုင်ကြတဲ့အတွက် ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်က ရန်ကုန်ပဲ လောကမှာ ကျပ် ဘီလီယံ ၂၀၀ လောက်ရှိတဲ့ ပဲအရှုပ်အရှင်းပြဿနာ ပေါ်ပေါက်လာခဲ့လို့ ဌာန ဆိုင်ရာတွေပါ ဝင်ထိန်းပေးခဲ့ရပါတယ်။ ဒီဖြစ်ရပ် မျိုးထပ် မဖြစ်ဖို့ သတိထားလို့ သူငယ်ချင်းက ရှင်း ပြပါတယ်။ အဲဒီတုန်းက ဘုရင့်နောင် ပဲလောကမှာ ဖြစ်ပေမယ့် နယ်ကုန်သည်များကိုလည်း ဂယက် ရိုက်ခတ်သွားတဲ့အတွက် ဟင်္သာတက ကုန်သည် အချို့ ဆုံးရှုံးခဲ့တာကိုလည်း သိလိုက်ရပါတယ်။သူငယ်ချင်း ကိုသိန်းက ဆက်ရှင်းပြရာမှာ မန္တလေး ကထိန်တော်အသင်းရဲ့ တံဆိပ်က ကဒေါင်းက ချိန်ခွင်ကိုချီထားပါတယ်။ အဓိပ္ပာယ် က သမာသမတ်ရှိခြင်း၊ ဘက်မလိုက်ခြင်း၊ မျှတ ခြင်း၊ ဂုဏ်သိက္ခာ ထိန်းသိမ်းခြင်း၊ ရိုးသားခြင်းတို့ကို ဖော်ပြတာဖြစ်လို့ အသင်းသားများကလည်း အလားတူ စီးပွားရေး ဂုဏ်သိက္ခာထိန်းသိမ်းမှုများ ဖြစ်ပါလိမ့်မယ်။ မန္တလေးကထိန်တော်အသင်းကြီး မှာ စီးပွားရေးကျင့်ဝတ် ထိန်းသိမ်းဖို့ စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ထားပါတယ်။ နမူနာအနေနဲ့ ပြောရရင် ကထိန်တော်အသင်းရဲ့ စည်းမျဉ်းဥပဒေ စည်းကမ်းချက်များရဲ့ လုပ်ထုံးလုပ်နည်း စာအုပ် ငယ်တွင် ကောက်ပဲသီးနှံများထဲသို့ မသမာသော နည်းဖြင့် အလေးချိန်တိုးအောင် အခြားပစ္စည်းများ ထည့်ခြင်း၊ ပြုပြင်ခြင်း၊ ကာကွယ်တားမြစ်သော စည်းမျဉ်းကို(၁-၁-၁၉၅၅)ကစပြီး ထုတ်ပြန်ဆောင် ရွက် လိုက်နာခဲ့တယ်လို့ ရှင်းပြပါတယ်။ ဒီကုန်စည် ဒိုင်မှာဝင်ပြီး ရောင်းဝယ်ကြရင် ပြတဲ့နမူနာအပေါ် နှစ်ဦးသဘောတူ ဈေးဖြတ် ရောင်းဝယ်ကြတာဖြစ် လို့ လိုအပ်တဲ့ပစ္စည်းမှာ နမူနာနဲ့ကွဲလွဲလို့ ဈေးဖျက် တာမျိုးတွေဖြစ်လို့ တိုင်ကြားလာရင် ကုန်စည် ဒိုင်ကအဖွဲ့နဲ့ ဖြေရှင်းပေးပါတယ်။စီးပွားရေး ကျင့်ဝတ်ကောင်းတွေကို ကုန် စည်ဒိုင်မှာ မှန်မှန်ကန်ကန် အရောင်းအဝယ်လုပ် ခြင်းဖြင့် လေ့လာလိုက်စားပြီး အလေ့အကျင့်ဖြစ် လာမှာမို့ လူငယ်မျိုးဆက်သစ်တွေကို စီးပွားရေး ဂုဏ်သိက္ခာ ထိန်းနိုင်အောင် ပြည်ပ တင်ပို့ရာမှာ လည်း နိုင်ငံတကာဈေးကွက်မှာ နိုင်ငံဂုဏ်သိက္ခာ၊ အမျိုးသားရေး ဂုဏ်သိက္ခာတွေကို စောင့်ထိန်းပြီး သားဖြစ်အောင် အလေ့အကျင့်ကောင်းတွေ ရ အောင် ကုန်စည်ဒိုင်စည်းမျဉ်း စည်းကမ်းတွေက လုပ်ပေးနေတယ်လို့ ရှင်းပြပါတယ်။ သူငယ်ချင်းက အသင်းရုံးခန်းထဲကိုခေါ် သွားပြီး စိန်ရတုအထိမ်းအမှတ် စာစောင်ကို လက်ဆောင်ပေးလို့ ကျွန်တော် အမြန်လေ့လာ ဖတ်ခဲ့ရာ ကျွန်တော်တို့ ပဲလောကမှာ ကြုံတွေ့ ရတတ်တဲ့ အရည်အသွေးကောင်းတဲ့ သီးနှံကုန် ပစ္စည်းများကို ဘေးထွက်ပစ္စည်း အဖျင်းအမှော် ဖုံ သဲခဲတွေ ပြန်ရောပြီး ရောင်းနေကြတာကို သရုပ်ဖော် သရော်ထားတဲ့ ဆရာသြရဲ့ အတွေး၊ မြောက်ပြင်မှော်က ကိုရွှေမော်ရဲ့ လက်ရာကာတွန်း သရုပ်ဖော်ကို သဘောကျလို့ ဒီဆောင်းပါးနဲ့အတူ တွဲပြီး ဖော်ပြလိုက်ပါတယ်။ ၂၂ ရက်နေ့က မန္တလေးမြို့မှာ ကျင်းပတဲ့ တတိယအကြိမ် လက်ကားကုန်စည်ဒိုင်များ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှာလည်း တက် ရောက်လာတဲ့ လူ ၃၀၀ ကျော်နဲ့ ကုန်စည်ဒိုင်များ အားလုံးရဲ့ သဘောတူညီချက်နှင့် ဆုံးဖြတ်ချက် ၅ခု ချမှတ်ရာမှာ အရည်အသွေး ထိန်းသိမ်းဖို့နဲ့ ဈေးကစားတဲ့ကိစ္စနဲ့ဆိုင်တဲ့ အချက် ၃ ချက်ပါတယ် လို့သိရတယ်။ အဲဒီအချက်တွေက-၁။ အရည်အသွေး သတ်မှတ်ချက်များကို ကုန်စည်ဒိုင်အားလုံး တစ်ပြေးညီ ဖြစ်စေရန် ရန်ကုန်တိုင်းကုန်စည်ဒိုင်နှင့် ပဲ၊ နှမ်း ကုန် သည်များအသင်းတို့မှ ပဲပြောင်း၊ နှမ်းသီးနှံ များ၏ ကုန်ကြမ်း (Raw) အရည်အသွေး သတ်မှတ်ချက်ကိုပြုစု၍ နယ်ကုန်စည်ဒိုင် များသို့ တစ်ပတ်အတွင်းဖြန့်ဝေရန် နယ်ကုန် စည်ဒိုင်များမှ အကြံပြုချက်များနှင့်အတူ ဧပြီလကုန်နောက်ဆုံးထား ပြန်လည်တင်ပြ ရန်နှင့် ရန်ကုန်တိုင်း ကုန်စည်ဒိုင်နှင့် ပဲနှမ်း အသင်းတို့မှ ပြန်လည်ညှိနှိုင်းပြီး အရည် အသွေးသတ်မှတ်ချက်များ ပြန်လည်ရေးဆွဲ ၍ ကုန်စည်ဒိုင်အားလုံးသို့ ပြန်လည်အသိ ပေး ကြေညာရန်။၂။ ယခု ပဲပြောင်းနှမ်း ရောင်းဝယ်မှုတွင် ဖြစ်ပေါ်နေသော ဖုန်၊ သဲ ရောနှောသည့် ပြဿနာကို ကုန်စည်ဒိုင်များမှ ဦးစားပေး အလေးထား ဟန့်တားဆောင်ရွက်သွားရန်။၃။ ကုန်စည်ဒိုင်အလိုက် ဈေးနှုန်း ရုတ် ချည်း မြင့်တက်ခြင်း၊ ကျဆင်းခြင်းများကို သက်ဆိုင်သည့် ကုန်စည်ဒိုင်မှဖြစ်ပေါ်သည့် အကြောင်းအရာများကို လေ့လာပြီး UMFCCI နှင့် သက်ဆိုင်ရာဌာနများသို့ အ မြန်ဆုံး တင်ပြသွားရန်။ဒီဆုံးဖြတ်ချက်တွေဟာ ပြည်တွင်း ကူးသန်း ရောင်းဝယ်ရေး နှလုံးသားဗဟိုချက်မှ စည်တော် သံများဟု တင်စားနိုင်ပါကြောင်း မန္တလေး ကထိန် တော်အသင်းကြီးကို တိုင်တည်ပြီး တင်ပြလိုက် ရပါတယ်။TAM
