ပြင်ပ၌ IDCS/IADCS တက်ရောက်ပြီးသူများ ဒုတိယနှစ် ဒီပလိုမာသင်တန်းနှင့် ကွန်ပျူတာသိပ္ပံဘွဲ့အား MCC တွင် ဆက်လက်သင်ကြားနိုင်
ပြင်ပ၌ IDCS/IADCS တက်ရောက်အောင်မြင်ပြီးသူများအနေဖြင့် ဒုတိယနှစ်အဆင့်မြင့်ဒီပလိုမာသင်တန်း နှင့် တတိယ ကွန်ပျူတာ သိပ္ပံဘွဲ့ကို MCC Training Institute (ရတနာ ပုံ)တွင် ဆက်လက် ပညာသင်ကြားနိုင် မည်ဖြစ်ကြောင်း သိရသည်။ IDCS တက်ရောက်ပြီး သင်တန်းသားများသည် Bridging Course (OJT) သုံးလ လေ့လာဆည်းပူး၍ ဒုတိယနှစ် IADCS Diploma (သို့) Special Bridging Arrangement အနေနှင့် တိုက်ရိုက်တက်ရောက်နိုင်ပြီး IADCS Diploma တက်ရောက်ပြီး သင်တန်းသားများသည် Bridging Course (OJT) ကိုးလ လေ့လာဆည်းပူး၍ (Third year) B.Sc(Hons:) Degree သင်တန်းသို့ Special Bridging Arrangement အနေဖြင့် တိုက်ရိုက် တက်ရောက်နိုင်ကြောင်း သိရသည်။ ၎င်းအပြင် ကွန်ပျူတာတက္ကသိုလ် ဘွဲ့ရများနှင့် လက်ရှိတက်ရောက်နေဆဲ ဒုတိယနှစ်သင်တန်းသားများ သည်လည်း Bridging Course (OJT) လေ့လာဆည်းပူး၍ တိုက်ရိုက် တက်ရောက်နိုင်မည်ဖြစ်ပြီး၊သင်တန်း သားများသည် အင်္ဂလန်နိုင်ငံ University of Greenwich မှ တိုက်ရိုက်ချီးမြှင့်မည့် နိုင်ငံတကာ အသိအမှတ်ပြု ကွန်ပျူတာသိပ္ပံဘွဲ့ ရရှိနိုင်မည့်အပြင် MCC လက်တွေ့ ဆောင်ရွက်လျက်ရှိသည့် IT Project များမှ လုပ်ငန်းအတွေ့အကြုံများပါ ရရှိနိုင် မည်ဖြစ်သည်။ သင်တန်းကြေးမှာလည်း IADCS Diploma အတွက် Bridging Course သုံးလအတွက် ၁၀ သိန်းနှင့် သင်တန်းကြေး ၃၅ သိန်း၊ နောက်ဆုံးနှစ် B.Sc(Hons:) Degree သင်တန်းအတွက် Bridging Course ကိုးလ ၂၇ သိန်းနှင့် သင်တန်းကြေး ၄၅ သိန်းဖြစ်ပြီး စာမေးပွဲကြေးကို ကျောင်းသားမှ ပေးသွင်းရမည်ဖြစ်၍ စာမေးပွဲကြေးမှာ IADCS အတွက် စတာလင်ပေါင် ၂၅၀နှင့် B.Sc အတွက် စတာလင်ပေါင် ၉၀၀နှင့်ညီမျှသော မြန်မာကျပ်ငွေဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်း၀၁-၂၄၅၇၅၈ နှင့် ၂၄၅၇၆၂ တို့သို့ ဆက်သွယ် နိုင်ကြောင်းသိရသည်။
