ဖိလစ်ပိုင်အခြေစိုက် ကိုရီးယားစီးပွားရေးလုပ်ငန်းတို့က လွတ်လပ်တဲ့ကုန်သွယ်မှုအတွက် ညှိနှိုင်း
အာရှဒေသတွင်းရှိ စီးပွားရေးဝန်ကြီးများရဲ့ အစည်းအဝေးကျင်းပမဲ့အချိန် နီးကပ်လာပြီ ဖြစ်ပါ တယ်။ ဒါကြောင့် ဖိလစ်ပိုင်နိုင်ငံရှိ တောင်ကိုရီးယားရင်းနှီးမြုပ်နံှသူတို့က တောင်ကိုးရီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ရဲ့ ကုန်သွယ်မှုကို ဒေသတွင်း အာဆီယံလွတ်လပ်တဲ့ ကုန်သွယ်မှုသဘော တူညီချက်နဲ့အညီ ဖြေလျှော့ပေးစေလိုတဲ့ ဆန္ဒရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံရှိ ကိုရီးယားကုန်သည် ကြီးများအသင်းရဲ့ ဥက္ကဌယန်ချေးယွန်းက တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောကြားပါတယ်။ အာဆီယံ-ကိုရီးယားအက်ဖ်တီအေအတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ အက်ဖ်တီ အေထဲမှာ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင်၊ ကုန်ပစ္စည်းကုန်သွယ်မှု (တီအိုင်ဂျီ) သဘောတူညီမှုနဲ့ အငြင်းပွားမှုဖြေရှင်းရေးယန္တရားအတွက် သဘောတူစာချုပ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ အာဆီယံစီးပွားရေး ဝန်ကြီးများနဲ့ အရှေ့အာရှဆွေးနွေးဖက်နိုင်ငံတွေက စီးပွားရေး ဝန်ကြီးတွေဟာ သြဂုတ်လမှာ အစည်းအဝေးကျင်းပဖို့ ရှိတဲ့အတွက် ကုန်သွယ်ရေးအရာရှိများ ဆွေးနွေးနေတာ သီတင်းသုံးပတ်ကြာခဲ့ပြီဖြစ်ပါတယ်။ ကိုရီးယားလူမျိုးတွေပိုင်ဆိုင်ထားတဲ့ စာချုပ်စာတမ်းနဲ့ ကုန်စည်ဒိုင်ကော်မရှင်မှာ မှတ်ပုံတင် ထားတဲ့ ကုမ္ပဏီဟာ ဖိလစ်ပိုင်မှာ ၂ဝဝဝ ခန့်ရှိပြီး ဖိလစ်ပိုင်စီးပွားရေးဇုန် အာဏာပိုင်အဖွဲ့မှာ မှတ်ပုံတင်ထားတဲ့ တောင်ကိုရီးယား ကုမ္ပဏီ ၃၂၂ ခုရှိပါတယ်။inquirer.net
