မြန်မာနိုင်ငံရှိ စားသောက်ကုန်ထုတ်လုပ်ခြင်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပေးအပ်ခြင်း

    ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျသံရုံး၊ မြန်မာနိုင်ငံရှိ စားသောက်ကုန်ထုတ်လုပ်ခြင်းများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ပေးအပ်သည့်အခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၁ဝ နာရီတွင် ပြည်ထောင်စုမြန်မာ နိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ကျင်းပခဲ့ပါသည်။ အခမ်း အနားသို့ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်စိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E Mr.Turki Bin Naji Al Ali ပြည် ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းခုျပ်မှ ဒုတိယဥက္ကဌ ဦးဇော်မင်းဝင်း ဦးဆောင်သော မြန်မာနိုင်ငံ စိုက်ပျိုးရေး အခြေခံစားသောက်ကုန် ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း မြန်မာနိုင်ငံ ပဲမျိုးစုံနဲ့ နှမ်း ကုန်သည်များအသင်း၊ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့သူများ အသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ  ငါးမွေးမြူရေးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ကုမ္ပဏီ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့ များမှ ၂၅ ဦးတက်ရောက်ခဲ့ကြသည်။    အဆိုပါ အခမ်းအနားတွင် ဆော်ဒီအာရေဗျနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာ နိုင်ငံရှိ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ ပဲများ၊ကောက်ပဲသီးနံှများ၊ ငါးဖမ်းလုပ်ငန်း ထုတ်ကုန်များနှင့် အသားထုတ်ကုန်များအပေါ် စိတ်ဝင်စားမှုရှိသည့်အတွက် ဆော်ဒီအာရေဗျ သံရုံးမှ သံအမတ်ကြီးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပေးခဲ့ပြီး၊ နှစ်ဖက်တက်ရောက်သူများမှ ပို့နေဆဲကုန်ပစ္စည်းများအပြင် အမယ်သစ်ကုန်များ တိုးခဲျ့တင်ပို့နိုင်ရေး၊ နှစ်နိုင်ငံကုန်သည်များ တိုက်ရိုက် ထိတွေ့ရောင်းဝယ်နိုင်ရေး၊ နှစ်ဖက်နိုင်ငံမှ ကုန်သည်အဖွဲ့များ စီးပွားရေးတွေ့ဆုံဆွေးနွေးရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးမြှင့်နိုင် ရေး တို့အား ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။