သြစတြေးလျအစိုးရက အင်ဂျင်နီယာ၊ ဆရာဝန်များနှင့် ကျွမ်းကျင်ပညာရှင်ဝန်ထမ်းများ ပိုမိုရရှိဖို့ စနစ်သစ်ပြုပြင်ပြောင်းလဲ

    ဆံပင်ပြုပြင်ခြင်းနှင့် အချက်အပြုတ်အသက်မွေးဝမ်းကျောင်း ဘာသာရပ်များဖြင့် သြစတြေးလျနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် (ပီအာ)လျှောက်ထားသူ နိုင်ငံခြားကျောင်းသားနှစ်သောင်းခန့်အား သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးမှ စစ်ဆေးပြုပြင်မှုတစ်ရပ် အဖြစ် ရုတ်တရက်ပယ်ချလိုက်ကြောင်း သိရသည်။ အင်္ဂလိပ်ဘာသာစကား ပြောသူများနှင့် အသက်မွေးဝမ်းကျောင်း ကျွမ်းကျင် သူများအပေါ် အရေးပေးထားသော ပြောင်းရွေ့နေထိုင်ခွင့်ဥပဒေကို တင်းကျပ်လိုက်ပြီး ဆရာဝန်များနှင့် အင်ဂျင်နီယာများကို ၎င်းတို့ပိုမိုလိုအပ်သည်ဟု သြစတြေးလျနိုင်ငံက ကြေညာခဲ့ကြောင်း AT&S Co., Ltd မှ သြစတြေးလျပညာရေး ကျွမ်းကျင်သူ တစ်ဦးက ပြောကြားသည်။    ၎င်းအပြင် အချို့သော အသက်မွေးဝမ်းကျောင်းမှုဘာသာရပ်များအား စာရင်းသွင်းထားခဲ့သည့် နိုင်ငံခြားကျောင်းသား များအား ဘွဲ့ရပြီးပါက အလုပ်ရှာဖွေခွင့်  ၁၈ လပေးထားသော စာရင်းအားလည်း ပယ်ဖျက်လိုက်ကြောင်း၊ ယခုဥပဒေသစ်သည် အရည် အချင်းပြည့်ဝပြီး အလုပ်ရရှိထားသော ကျောင်းသားများနှင့် လက်ရှိစာသင်ကြားနေသူများကို ပိုမိုအရေးပေးလိမ့်မည်ဖြစ်ကြောင်း နှင့် အစိုးရအနေဖြင့် အလုပ်အမျိုးအစားများကို အတိအကျမသတ်မှတ်ရသေးသော်လည်း စာရင်းအသစ်အား ယခုနှစ်လယ်ပိုင်း တွင် ထုတ်ပြန်ပေးလိမ့်မည်ဖြစ်ကြောင်း သိရသည်။    သြစတြေးလျနိုင်ငံ၏ ကျောင်းသားအရေအတွက်သည် ၂ဝဝ၂ ခုနှစ်တွင် တစ်သိန်းငါးသောင်းခန့်ရှိရာမှ ၂ဝဝ၉ ခုနှစ် တွင် လေးသိန်းခန့် အထိရောက်ရှိလာပြီး အိန္ဒိယကျောင်းသား၊ ကျောင်းသူများသည် ယခင်က လျှောက်ထားသူအများဆုံးဖြစ် သော တရုတ်နိုင်ငံကိုကျော်ဖြတ်ပြီး တစ်သိန်းတစ်သောင်းခုနစ်ထောင်ထိ ရောက်ရှိလာခဲ့ကြောင်းသိရသည်။ အဆိုပါပြုပြင်ပြောင်းလဲ လိုက်သော စနစ်များနှင့်ပတ်သက်၍ သြစတြေးလျတွင် ပညာသင်ယူလိုသူ မြန်မာကျောင်းသားများအနေဖြင့် မည်သည့် ဘာသာရပ်သည် အမြဲတမ်းနေထိုင်ခွင့်(ပီအာ) ရရှိနိုင်မည်ဆိုသည်ကို သိရှိလိုပါက AT&S Co.,Ltd ဖုန်း၅၂၁၁၂၅၊ ၆၅၂၂၈၈၊ ၆၅၂၃၂ဝ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။