သွင်းကုန်အစားထိုး ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်တင်ပို့ရန် စက်မှုဇုန်အချင်းချင်း နည်းပညာဖလှယ် ပူးပေါင်းဆောင်ရွက်မည့် ''မြန်မာစက်မှုပြပွဲ - ၂ဝ၁ဝ''

    သွင်းကုန်အစားထိုး ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်တင်ပို့ရန် စက်မှုဇုန်အချင်းချင်း နည်းပညာဖလှယ် ပူးပေါင်းဆောင်ရွက်မည့် ''မြန်မာစက်မှုပြပွဲ - ၂ဝ၁ဝ'' မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူ များအသင်း (MIA) က ''မြန်မာစက်မှု ပြပွဲ -၂ဝ၁ဝ'' မှာ ကုမ္ပဏီ ပေါင်း ၈၂ ခု က ပြခန်းပေါင်း ၁၇၆ ခုကို ပထမဦး ဆုံးအကြိမ် ရန်ကုန်မြို့မှာ ခင်းကျင်း ပြသခဲ့ပါတယ်။ (MIA)  အသင်းကို တည် ထောင်ခဲ့တာ ၁၆ နှစ်ရှိပြီဖြစ်ပြီး စက်မှုလုပ်ငန်းနဲ့ စီမံခန့်ခွဲမှုလုပ်ငန်းတွေ တစ်နှစ်ထက် တစ်နှစ် တိုးတက် အောင် မြင်အောင် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အကောင်အထည်ဖော်ဆောင်ရွက်မှုများ ပြည်တွင်းပြည်ပဆွေးနွေးပွဲ၊ အလုပ်ရုံ ဆွေးနွေးပွဲနှင့် သင်တန်းများ ဆောင် ရွက်ပေးနေပြီး လုပ်ငန်းရှင်များ အတွက် စီးပွားရေးပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေရအောင် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များကို စည်းရုံးပြီး အချင်းချင်း တွေ့ဆုံပေးရေးတွေကို လည်း တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ ပါတယ်။ ဒါ့အပြင် စက်မှု လုပ်ငန်း ဆိုင်ရာ သတင်းအချက်အလက်တွေကို အသင်းသားများ သိနိုင်အောင် မြန်မာ စက်မှုဒိုင်ဂျက်နဲ့ တယ်လီဖုန်း လမ်းညွှန် စာအုပ်များကိုလည်း ထုတ်ဝေဖြန့်ဖြူး ပေးခဲ့ပါတယ်။    ၂ဝ၁၅ ခုနှစ်မှာ ရောက်လာမဲ့ အာဆီ ယံ လွတ်လပ်တဲ့ကုန်သွယ်မှု (AFTA)  မှာ အကောက်အခွန်မရှိဘဲ အာဆီယံ (၁ဝ) နိုင်ငံအချင်းချင်း အတား အဆီးမဲ့ ကုန်စည်တွေ ရောင်းဝယ်ကြတော့မှာမို့ မြန်မာစက်မှုလုပ်ငန်းရှင်များ တွေ့ကြုံ လာမယ့် အဟန့်အတား၊ စိန်ခေါ်မှုတွေ အပေါ် ပြန်လည် တုံ့ပြန်နိုင်အောင် ကြိုတင်ပြင်ဆင် လေ့လာဆောင်ရွက် သင့်တဲ့ အချက်များ၊ နိုင်ငံတကာနှင့် ဒေသတွင်း အပြောင်းအလဲများကို ယှဉ်ပြိုင်နိုင်တဲ့ စွမ်းအား အခြေအနေများ၊ ပြုပြင်ရမယ့် အချက်များကို လေ့ လာသုံးသပ်နိုင်အောင် (MIA)  မှအသိပညာများ ဖိတ်ခေါ်ပြီး ဆွေးနွေး ပွဲများ ဆောင်ရွက် ပေးခဲ့ကြပါ တယ်။    လုပ်ငန်းရှင်အချင်းချင်းနဲ့ အများပြည် သူများအနေဖြင့် ဘယ်စက်မှုဇုန်က ဘာ ပစ္စည်းတွေထုတ်လုပ်ပြီး ဘယ်လို အရည်အသွေးတွေရှိသလဲ သိရှိနိုင် အောင် မြန်မာနိုင်ငံ စက်မှုကုန်ထုတ် လုပ်သူများ အသင်းက ဦးဆောင်ပြီး ''မြန်မာစက်မှုပြပွဲ-၂ဝ၁ဝ''ကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ပြပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်    မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ စက်မှုထုတ်ကုန်တွေကို တစ်စုတစ်ဝေး တည်း နိုင်ငံတကာအဆင့်မီ ပြသနိုင် ရန် ကြည့်ရှုသူများအနေနဲ့ ပြည်တွင်း ဖြစ် စက်မှုထုတ်ကုန်များရဲ့ အရည်အသွေးကို ပိုမိုရင်းနှီးလာစေရန်နဲ့ လုပ်ငန်းရှင်များ အချင်းချင်း စီးပွားရေး ဆက်သွယ်မှုများ ရရှိနိုင်ရေး၊ ဈေးကွက် များ ခဲျ့ထွင်နိုင်စေရေးအတွက် စက်မှု ဆိုင်ရာ နည်းပညာများနဲ့ ခေတ်မီ စက်ကိရိယာများရဲ့ နည်းပညာ အဆင့် အတန်းတွေကို လေ့လာခြင်းဖြင့် ထုတ် လုပ်တဲ့ ကုန်ပစ္စည်းတွေရဲ့ စံချိန်စံညွှန်းများ မြင့်မားလာစေရန်ဆိုတဲ့ ရည် ရွယ်ချက်များနဲ့ ''မြန်မာစက်မှုပြပွဲ-၂ဝ၁ဝ'' ကိုကျင်းပရခြင်းဖြစ်ကြောင်း ဥက္ကဌ ဦးပေါဟိန်းမှ ဖွင့်ပွဲမှာပြော ကြားခဲ့ပါတယ်။Cluster  (၄)ခုနဲ့ဖွဲ့စည်းထားခြင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ် လုပ်သူများအသင်းအနေနဲ့ အသင်း သား ဦးရေ တိုးပွားလာတာနဲ့အမျှ စွမ်းဆောင်ရည် မြင့်မားလာအောင် အသင်းသားများရဲ့ ထုတ်ကုန်ပစ္စည်း အမိုျးအစားလိုက် လုပ်ငန်းအုပ်စု (၄) ခု ခွဲပြီး ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါ တယ်-(က) Iron & Steel Industry Group (ခ) Electrical & Electronic Industry Group (ဂ)  Chemical Industry Group(ဃ)  New & Renewable Energy Group တို့ဖြစ်ပါတယ်။ အဲဒီကုန်ပစ္စည်းများ ထုတ်လုပ်ဖို့ အတွက် လိုအပ်တဲ့ ကုန်ကြမ်းများ၊ တစ်ဝက်တစ်ပျက် ကုန်ပစ္စည်းများ (Semin Product) ကို စက်ရုံတွေက မလုံလောက်တဲ့အတွက် လိုအပ်တဲ့ ကုန်ချောတွေ (Finish Product) ကို ပြည်ပက တင်သွင်းခဲ့ကြတာကို တွေ့ရ ပါတယ်။ပြည်တွင်းထုတ်လုပ်နိုင်မှုနဲ့ ပြည်ပမှ တင်သွင်းမှု     မြန်မာနိုင်ငံမှာ စက်မှုဇုန် ၁၈ ဇုန် ရှိပြီး Metal Industriesအုပ်စုမှာ လုပ်ငန်း ၁၆၉ ခု၊ Chemical Industry အုပ်စုမှာ လုပ်ငန်း ၆၈ ခု၊ Electrical & Electronic Industry  အုပ်စုမှာ  လုပ်ငန်း ၄၂ ခု၊ စုစုပေါင်း လုပ်ငန်း ၂၇၉ ခု မှာ စက်မှုဇုန်အလိုက် တစ်လမှာ ထုတ်လုပ်မှုတန်ဖိုး ကျပ်သန်း ၂၁၉၈၃၆၁ ထုတ်လုပ်နိုင်ခဲ့တာတွေ့ရှိ ရပါတယ်။      နိုင်ငံတော် အနေဖြင့်Metal Industriesl အုပ်စုဝင်ကုန်ပစ္စည်း အမျိုးမျိုးကို ပြည်တွင်းလိုအပ်ချက်အရ ပြည်ပမှတင်သွင်းခွင့်ပြုခဲ့ရာမှာ ၂ဝဝ၇-ဝ၈ ဘဏ္ဍာနှစ်မှာ ကန် ဒေါ်လာ ၁၂၃ သန်း၊ ၂ဝဝ၈-ဝ၉ ဘဏ္ဍာနှစ်မှာ သန်း ၁၇ဝ နီးပါး၊၂ဝဝ၉-၁ဝ ဘဏ္ဍာနှစ် ယခု လက်ရှိ ကာလအထိကန်ဒေါ်လာ သန်း ၂၈ဝ နီးပါးတင်သွင်းခဲ့တာကို တွေ့ရှိ ရပြီး၊ ပြည်တွင်း စက်မှုဇုန်များ အနေဖြင့် အိမ်ရိုက်သံ၊ အမိုးသွပ်၊ ပုံလောင်း ပစ္စည်းအမျိုးမျိုးကို ကျပ်သန်း ၂၂၁ဝဝ ထုတ်လုပ်ခဲ့တဲ့အတွက် ပြည်ပ တင် သွင်းမှုရဲ့ ၇.၂ ရာခိုင်နှုန်းသာ ထုတ် လုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Chemical Industry အုပ်စုဝင်ကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းခွင့်ပြုခဲ့တာ ၂ဝဝ၇-ဝ၈ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ သန်း ၁၂ဝ၊ ၂ဝဝ၈-ဝ၉ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ သန်း ၁၃ဝနှင့် ၂ဝဝ၉-၁ဝ ဘဏ္ဍာနှစ် ယခုလက်ရှိကာလအထိ  ကန်ဒေါ်လာ ၁၁၅ သန်း ကျော် တင်သွင်းခဲ့တာတွေ့ရှိ ရပြီး၊ ပြည်တွင်း စက်မှု ဇုန်များအနေနဲ့ အိမ်သုတ်ဆေး အမျိုး မျိုး၊ဘိလပ်မြေ အပါအဝင် ယခုဘဏ္ဍာနှစ်အတွင်း ကျပ်သန်း၁၆ဝဝဝ နီးပါး ထုတ်လုပ်နိုင်ခဲ့ တဲ့ အတွက် ပြည်ပ တင်သွင်းမှုရဲ့ ၁၂.၅၈ ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင်ခဲ့ တာ တွေ့ရှိရပါတယ်။ တစ်ဖန် Electrical & Electronic Industry အုပ်စုဝင် ကုန်ပစ္စည်းအမျိုး မျိုးကို ပြည်ပမှ တင်သွင်းခွင့်ပြုခဲ့ရာမှာ ၂ဝဝ၇-ဝ၈ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၇၆ သန်း၊ ၂ဝဝ၈-ဝ၉ ဘဏ္ဍာနှစ်မှာကန် ဒေါ်လာ သန်း၈ဝ နီးပါးနှင့် ၂ဝဝ၉-၁ဝ ဘဏ္ဍာနှစ်ယခုလက်ရှိကာလအထိ ကန် ဒေါ်လာ ၈၁ သန်းနီးပါး တင်သွင်း ခဲ့တာ တွေ့ရှိရပြီး ပြည်တွင်း စက်မှု ဇုန်များအနေဖြင့် Tran-sformer, Generator, Wire နဲ့ Battery ပစ္စည်းအမျိုးမျိုးကို ယခု ဘဏ္ဍာနှစ် အတွင်း ကျပ်သန်း ၃၇၄၈၇ သန်း ထုတ်လုပ်နိုင်ခဲ့တဲ့ အတွက် ပြည်ပ တင်သွင်းမှုရဲ့ ၄၂ ရာခိုင်နှုန်း ထုတ် လုပ်နိုင်တာကို တွေ့ရပါတယ်။