ACCA ဘာသာရပ်သင်ကြားလိုသူများ ဧပြီလကျောင်းဖွင့်ချိန်အတွင်း ကျောင်းသားဗီဇာစတင်လျှောက်ထားနိုင်

    စင်ကာပူနိုင်ငံရှိ AEC Business School မှ သင်ကြားပေးမည့် ACCA ဘာသာရပ်က ဧပြီလ ကျောင်းဖွင့်ချိန်အတွင်း ကျောင်းသားဗီဇာစတင် လျှောက်ထားနိုင်ကြောင်း သိရသည်။    ACCA ဘာသာရပ်ကိုတက်တဲ့ သူကပိုပြီးတော့များလာတယ်။ ဒီဘာသာရပ်က ကျောင်းပြီး ရင်လည်း အလုပ်အကိုင်အခွင့် အလမ်းတွေများတယ်။ တက်ရောက်ချင်တဲ့သူတွေအနေနဲ့ အသက် ၂၁ နှစ်ပြည့်ပြီးသူတိုင်၊ စာရင်းကိုင် ဗဟုသုတမလိုဘဲ လျှောက်ထားနိုင်တယ်။ အသက် ၂၁ နှစ်မပြည့်သေးရင် စာရင်းဆိုင်ရာ ဒီပလိုမာတစ်ခုခု ဒါမှမဟုတ် CAT ပြီးထားသူဖြစ်ရပါမယ်'' ဟု OESC မှ တာဝန်ရှိသူတစ်ဦးကပြောသည်။    ၎င်းအပြင် ဧပြီကျောင်းဖွင့်ချိန် Computer Based Exam ဖြေဆိုမည့် သူများအတွက် လျှောက်ထားနိုင်ပြီး စင်ကာပူဒေါ်လာ ၂ဝဝဝ ဝန်းကျင်ကုန် ကျမည်ဖြစ်ကြောင်း၊ ကျောင်းဝင်ခွင့် စတင်လျှောက်ထားသည့်အခါတွင် စင်ကာပူဒေါ်လာ ၁၆ဝ ဒသမ ၅ ကို မြန်မာနိုင်ငံတွင် ပေးသွင်း၍ ကျန်ငွေကို စင်ကာပူရောက်မှ ပေးသွင်းရမည်ဖြစ်ကြောင်းနှင့် ACCA အပိုင်း (၁) တွင် ဘာသာရပ် ၃ ခုဖြစ်သော Accounting Business, Management Accounting, Financial Accounting ဘာသာ ရပ်များသင်ကြားရမည်ဖြစ်ပြီး ယင်းဘာသာရပ်များသင်ထားပြီးသူများ အနေဖြင့် ဘာသာရပ်ကင်း လွတ်ခွင့်ရရှိ မည်ဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်း-၅၁၉ဝ၉၂ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။