The Organization for Economic Co-operation and Development (OECD) သည် လာမည့် ၂၀၂၁ ခုနှစ်မကုန်မီ ကမ္ဘာ့စီးပွားရေးသည် ကိုရိုနာကူးစက်ရောဂါမပြန့်ပွားမီအချိန်က အနေအထားသို့ ပြန်လည်ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းပြောကြားခဲ့ပါသည်။

ယခု ဒီဇင်ဘာလဆန်းတွင် ထုတ်ပြန်ခဲ့သည့် OECD အဖွဲ့၏ စီးပွားရေး အလားအလာ ခန့်မှန်းချက်တွင် ကမ္ဘာ့စီးပွားရေးသည် ၂၀၂၀ ပြည့်နှစ်အတွက် ခန့်မှန်းထားသည့် ၄.၂ % လျော့ကျနိုင်သည့် အနေအထားမှ ၂၀၂၁ ခုနှစ်တွင် ပြန်လည်နာလန်ထူလာကာ ၄.၂ % တိုးတက် လာနိုင်သည်ဟု ခန့်မှန်းထားပါသည်။

ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန (METI) သည် ဓာတ်ဆီကို အသုံးပြု မောင်းနှင်သည့် မော်တော်ယာဉ်များအစား အခြားစွမ်းအင်များ အသုံးပြုမောင်းနှင်သည့် မော်တော်ယာဉ်များကို အစားထိုး တင်ပို့ရောင်းချသွား ရန်ပြင်ဆင်နေကြောင်းသိရပါသည်။

ဂျပန်နိုင်ငံအနေဖြင့် ပြည်တွင်းစားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းကို ကာကွယ်ရန် မျိုးစေ့နှင့် ပျိုးပင်များ တရားမဝင်တင်ပို့မှုကို တင်းကျပ်ဆောင်ရွက်သွားရန် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဂျပန်နိုင်ငံ၏ အပင်မျိုးစိတ် ကာကွယ်ရေးနှင့်မျိုးစေ့ဆိုင်ရာ ဥပဒေတွင် မှတ်ပုံတင်ထား သည့် သီးနှံအမျိုးအစားအသစ်များအတွက် တင်ပို့မည့်နေရာများအပြင် ထုတ်လုပ်ရေးနယ်ပယ်များ တွင်ပါ ကန့်သတ်ဆောင်ရွက်ရန် အတည်ပြုခဲ့ကြောင်း သိရပါသည်။

ဂျပန်အစိုးရသည် ပြည်တွင်းခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် “Go to Travel Campaign” အစီအစဉ်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လအထိသက်တမ်းတိုးမြှင့်ဆောင်ရွက်ရန် စီစဉ်နေကြောင်း ဂျပန်နိုင်ငံ၊ မြေယာ၊ အဆောက်အဦ၊ သယ်ယူပို့ဆောင်ရေးနှင် ခရီးသွားလာ ရေးဝန်ကြီး Mr. Akaba Kazuyoshi မှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

အဆိုပါ “Go To Travel Campaign” သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် ပြည်တွင်းခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်ရန် ခရီးသွားစရိတ်များ လျော့ချပံ့ပိုးပေးသည့် အစီအစဉ်တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပါသည်။

အီးယူနှင့် အာဆီယံတို့အကြား ပိုမိုနီးကပ်သော ဒစ်ဂျစ်တယ်ကုန်သွယ်မှုနှင့် ဆက်သွယ် ချိတ်ဆက်မှုများကို တိုးမြှင့်သွားရန် နှစ်ဘက်စလုံးမှ ကတိကဝတ်ပြုခဲ့ကြောင်း၊ အာဆီယံနိုင်ငံများ အနေဖြင့် application မှတစ်ဆင့် အီလက်ထရောနစ်နည်းလမ်းဖြင့် အကောက်ခွန်ကြေညာခြင်းကို ဆောင်ရွက်ပြီး၊ သင်္ဘောလိုင်းများ ဖြတ်သန်းသွားလာမှုကိုခွင့်ပြုနိုင်သော အာဆီယံအကောက်ခွန် ဖြတ်သန်းသွားလာမှုစနစ် (ASEAN Customs Transit System-ACTS) ကို ကြေညာခဲ့ပြီးနောက် အီးယူနှင့် အာဆီယံတို့အကြားထိုသို့ ကတိကဝတ်ပြုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

နယ်သာလန်နိုင်ငံသားများအနေဖြင့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို လယ်သမားများနှင့် စိုက်ပျိုးထုတ်လုပ်သူများထံမှ တိုက်ရိုက်ဝယ်ယူမှုသည် ကိုဗစ်-၁၉ ကပ်ရောဂါအကျပ်အတည်းကာလ အတွင်း သိသိသာသာ မြင့်တက်လာကြောင်း၊ ပြီးခဲ့သည့် မတ်လမှစတင်၍ လယ်သမားများထံမှ စားသုံးသူများထံသို့ တိုက်ရိုက်ရောင်းချရမှုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက (၂) ဆခန့် မြင့်တက် လာခဲ့ကြောင်း နယ်သာလန်နိုင်ငံ၏ ဈေးကွက်သုတေသနအစီရင်ခံစာများအရ သိရပါသည်။ ယခုနှစ် တွင်  နယ်သာလန်နိုင်ငံရှိ အိမ်ထောင်စုများ၏ ငါးပုံတစ်ပုံခန့်က လယ်သမားများထံမှ တိုက်ရိုက် ဝယ်ယူခဲ့ကြပြီး၊ ယခင်နှစ်ကထက် (၁၀) ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်ဟု ဆိုသည်။

ဥရောပနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဒုတိယလှိုင်း၏ရိုက်ခတ်မှုကြောင့် စီးပွားရေးထိခိုက်မှုများကို ကြုံတွေ့နေရသဖြင့် ယူရိုဇုန်အတွက် စီးပွားရေးလှုံ့ဆော်မှုများကို ထပ်မံ လုပ်ဆောင်သွားရန် ဥရောပဗဟိုဘဏ်က ဆွေးနွေးခဲ့ကြောင်းသိရသည်။ ကပ်ရောဂါကာကွယ်ဆေး ရရှိနိုင်မည့် အလားအလာများနှင့်အတူ လာမည့်နှစ်တွင် ကာလရှည်အတွက် စီးပွားရေးအလား အလာကောင်းမွန်နိုင်မည့် အခြေအနေရှိနေခြင်းနှင့် ဥရောပတစ်ဝန်းတွင် ကိုဗစ်-၁၉ ကူးစက်မှုများ ပြန်လည်မြင့်တက်လာခဲ့ခြင်းကြောင့် အသွားအလာကန့်သတ်မှုများ ပြန်လည်ဆောင်ရွက်ခဲ့ကြရခြင်း တို့ကြောင့်  ယူရိုဇုန်အတွက် စီးပွားရေးခန့်မှန်းချက်ကိုလည်း ဥရောပဗဟိုဘဏ်က ပြင်ဆင်သွား မည်ဖြစ

အိန္ဒိယနိုင်ငံ၌ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်း များ အနေဖြင့် စိန်ခေါ်မှုအခက်အခဲများကို ကြုံတွေ့နေရချိန်တွင် အတည်ပြုချက်ရယူမှု လုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်စေရန်နှင့် စီးပွားရေး လုပ်ဆောင်မှု လွယ်ကူချောမွေ့မှုကို တိုးတက်ကောင်းမွန်စေရန်အလို့ငှာ ကုန်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ကိုင်ခွင့်ရရှိထားသည့် AD ဘဏ်များ (Authorised Dealer Banks) သို့ လုပ်ပိုင်ခွင့်များ အပ်နှင်းခြင်းဖြင့် လုပ်ထုံးလုပ်နည်း ၄ ရပ်အား ဖြေလျော့ပေးလိုက်ကြောင်း အိန္ဒိယဗဟိုဘဏ် (RBI) က ၄-၁၂-၂၀၂၀ နေ့၌ သတင်းထုတ်ပြန်ခဲ့ပါ သည်။

ကိုရီးယားသမ္မတနိုင်ငံ၌ (၇-၁၂-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းစာရင်းအရ နေ့စဉ် Coronavirus ကူးစက်မှုနှုန်းလူဦးရေသည် (၆၁၅)ဦး သို့ရောက်ရှိလာခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရှိရပါသည်။ (၆-၁၂-၂၀၂၀) ရက်နေ့တွင် ကူးစက်မှုနှုန်း (၆၃၁) ဦးရှိခဲ့သည့်အတွက် ကူးစက်မှု ဦးရေ (၆၀၀)ကျော်သည့် ဒုတိယမြောက်နေ့လည်းဖြစ်ပါသည်။ သို့ဖြစ်၍ ဆိုးလ်မြို့၊ Gyeonggi ပြည်နယ်နှင့်အင်ချွန်းဒေသတို့ပါဝင်သော ဆိုးလ်မြို့တော်ဧရိယာအဝန်းအဝိုင်း(The Greater Seoul) ဒေသတွင်၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့မှစ၍ Level (2.5)အဆင့်သို့ နောင်ရက် သတ္တပတ်(၃)ပတ်တာအထိ တိုးမြင့်သတ်မှတ်ထားမည်ဖြစ်ကြောင်း (Korea Disease Control & P

စင်ကာပူငွေကြေးကြီးကြပ်မှုအာဏာပိုင်သည် ဒီဂျစ်တယ်ဘဏ်လုပ်ငန်းလိုင်စင်များပေးအပ် ရန်အတွက် စံသတ်မှတ်ချက်များနှင့်ကိုက်ညီသော ဘဏ်မဟုတ်သည့်လုပ်ငန်း(၄)ခုကို ရွေးချယ် လိုက်ကြောင်း ၄ - ၁၂ - ၂၀၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။