နည်းပညာနှင့် စိုက်ပျိုးမြေကန့်သတ်ချက်များကြောင့် လက်တင်အမေရိကနိုင်ငံများ၏ စားသောက်ကုန်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုသည် ဇီဝမျိုးကွဲများအပေါ်ထိခိုက်မှုမရှိစေဘဲ တိုးတက်လာသည့်လူဦးရေအား လုံ‌လောက်အောင် ထောက်ပံ့ပေးနိုင်ရန်မှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည်။

2020 ASEAN-Korea Startup Week : Online Challenge အစီအစဉ်ကို ကိုရီးယား သမ္မတနိုင်ငံ၊ Ministry of SMEs & Startups၊ ASEAN Coordinating Committee on Micro, Small & Medium Enterprises (ACCMSME) ၏ပံ့ပိုးမှုဖြင့် အာဆီယံ-ကိုရီးယား ဗဟိုဌာန (ASEAN-Korea Centre - AKC)နှင့် Gyeonggi Center for Creative Economy & Innovation (GCCEI) တို့မှပူးတွဲကြီးမှူး၍ COVID-19 ဆိုင်ရာ ကန့်သတ်ချက်အခြေအနေများအရ (၂-၁၂-၂၀၂၀) မှ (၃-၁၂-၂၀၂၀) ရက်နေ့အထိ Online မှကျင်းပဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် Village Link Co., Ltd.

တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ဆန်များဝယ်ယူမှုကို နှစ်နှစ်ကျော်ကြာရပ်ဆိုင်းခဲ့ရာမှ ယခုအခါ ဘာစမာတီမဟုတ်သောဆန်များအား မှာယူခြင်းဖြင့် ပြန်လည်စတင်ခဲ့ကြောင်း အိန္ဒိယဆန်တင်ပို့သူလုပ်ငန်းရှင် များအသင်း (AIREA) က ထုတ်ဖော်ပြောကြား ပါသည်။

နိုင်ငံသုံးငွေကြေးRMB မှ အမေရိကန်ဒေါ်လာသို့ ငွေလဲလှယ်နှုန်း (၂၈) လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ခြင်း

           အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၇-၁၁-၂၀၂၀ နေ့၌ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ အရ လုပ်ငန်းဆောင်ရွက်မှုများအား ယာယီကန့်သတ်ဆိုင်းငံ့ထားသည့် လက်ရှမီးဗီလာဘဏ် (Lakshmi Vilas Bank) ကို ဗဟိုဘဏ် (RBI) ၏ အဆိုပြုတင်ပြချက်အတိုင်း DBS Bank India Ltd (DBIL) နှင့် ပေါင်းစည်းရန် ခွင့်ပြုကြောင်း အိန္ဒိယအစိုးရ၏ ဝန်ကြီးအဖွဲ့က ၂၅-၁၁-၂၀၂၀ နေ့ တွင် အတည်ပြုခဲ့ပါသည်။ တစ်ဆက်တည်းမှာပင် အိန္ဒိယဗဟိုဘဏ်ကလည်း အစိုးရ၏ အတည် ပြုချက်အရ အဆိုပါဘဏ် ၂ ခု ပေါင်းစည်းခြင်းကို ၂၇-၁၁-၂၀၂၀ နေ့မှ စတင်မည်ဖြစ်ကြောင်း၊ ထိုနေ့မှစတင်၍ လက်ရှမီးဗီလာဘဏ်၏ ဘဏ်ခွဲများအ

ကိုဗစ် - ၁၉ ၏ ပြင်းထန်သောဂယက်ရိုက်ခတ်မှုများကြုံတွေ့ခဲ့ရသော စင်ကာပူနိုင်ငံရှိ အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် ကိုဗစ် ၁၉ မဖြစ်ပွားမီကာလ ၎င်းတို့ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းနှင့် ၈၀ ရာခိုင်နှုန်းအတွင်း ပြန်လည် ရရှိလာကြပြီဖြစ်သည့်အတွက် လုပ်ငန်းများပြန်လည်နာလန်ထူလာနိုင်သည့်လမ်းကြောင်းပေါ်သို့ တဖြည်းဖြည်းရောက်ရှိလာပြီဖြစ်ကြောင်း၊ ဤအခြေအနေသို့ရောက်ရှိလာခြင်းမှာ အဓိကအားဖြင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းဆောင် ရွက်မှုများကြောင့်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး Mr Chan Chun Sing က ပြောကြားပါသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း စင်ကာပူသို့ နိုင်ငံခြားခရီးသည်ဝင်ရောက်မှု အခြေအနေသည် ၁၃,၄၀၀ ဦးသို့ ရောက်ရှိခဲ့သဖြင့် စက်တင်ဘာလတွင် ဝင်ရောက်ခဲ့သော ၉,၅၀၀ ဦးနှင့်နှိုင်းယှဉ်ပါက ၄၁ ဒသမ ၁ ရာခိုင်နှုန်းတိုး တက်ခဲ့ပါသည်။ ဤအခြေအနေမှာ စင်ကာပူ၏ ခရီးသွားလုပ်ငန်းကဏ္ဍကို ပြန်လည်အသက်သွင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ချက်များ၏ ရလဒ်ကောင်းများဖြစ်သော်လည်း ကိုဗစ် -၁၉ မဖြစ်ပွားမီ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၉၉ ဒသမ ၁ ရာခိုင်နှုန်းအထိ ကျဆင်းနေဆဲဖြစ်ပါသည်။

ကိုရီးယားသမ္မတနိုင်ငံ၌ COVID-19 ကူးစက်ရောဂါကာကွယ်ဆေး ၃၀ သန်းအား ၂၀၂၁ ခုနှစ်အတွင်းရရှိရေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းက ပြည်သူများသို့ ကတိပြုခဲ့ပြီးဖြစ်ရာ၊ COVID-19 ကူးစက်ရောဂါကာကွယ်ဆေး ၂၅ သန်းရရှိရေးအတွက် ဗြိတိန်နိုင်ငံအခြေစိုက် AstraZeneca  ဆေးဝါးကုမ္ပဏီနှင့် သဘောတူစာချုပ်လက်မှတ် ရေးထိုးလိုက်ပြီဖြစ်ကြောင်း၊ အသေးစိတ်အစီအစဉ်များအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ဆန်းအတွင်း ထုတ်ဖော်ပြောကြားသွားမည်ဖြစ်ကြောင်း (၃၀-၁၁-၂၀၂၀) ရက်နေ့တွင် သက်ဆိုင်ရာ တောင်ကိုရီးယားအစိုးရတာဝန်ရှိသူများ၏ ထုတ်ဖော်ပြောကြားချက်အရ သိရှိရပါသည်။

လာမည့်လများအတွင်း ဥရောပ၏ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာအခြေအနေများသည် သိသာသောပြောင်းလဲမှုများမရှိခဲ့လျှင် ယူရိုဧရိယာ၏ စီးပွားရေးတိုးတက်မှုသည် ယခင်ကခန့်မှန်းထားသည်ထက် ပိုမိုအားနည်းဖွယ်ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF) က သတိပေးထားသည်။ ယူရိုဇုန်အနေဖြင့် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ လှုံ့ဆော်မှုအစီအမံများ ထပ်မံလိုအပ်နိုင်ဖွယ်ရှိမှုကိုလည်း ၂၀၂၀ ပြည့်နှစ် အတွက် ယင်း၏ထုတ်ပြန်ချက်တွင် IMF က ပြောကြားထားသည်။ အဖွဲ့ဝင်(၁၉) နိုင်ငံပါဝင်သည့် ယူရိုဇုန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဒုတိယလှိုင်းကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေသည့်အခြေအနေကြောင့်

ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်နိုင်ရေးအတွက် လက်ရှိပြဌာန်းထားသည့် အသွားအလာကန့်သတ်မှုအစီအမံများအား ပြန်လည်ချိန်ညှိခြင်းကိုဆောင်ရွက်ခဲ့ပြီး ဘယ်လ်ဂျီယံနိုင်ငံ၏ အခြေ အနေသည် ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်ကထက် ပိုမိုကောင်းမွန်လာခဲ့ပြီဖြစ်ကြောင်းနှင့် အလွန်အန္တရာယ်ရှိသည့်အခြေအနေကို ပြောင်းလဲနိုင်ရန်စီမံဆောင်ရွက်ထားရှိကြောင်း ဘယ်လ်ဂျီယံနိုင်ငံဝန်ကြီးချုပ် Alexander De Croo ကပြောကြားခဲ့သည်။