ဇူလိုင်လ ၁ရက်မှစတင်၍ သွင်း ကုန်ပစ္စည်းအချို့အပေါ် အကောက်ခွန် လျှော့ချပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံတော် ကောင်စီက ထုတ်ပြန်ထားပါ သည်။ အဆိုပါ အကောက်ခွန်လျှော့ချ မည့်ပစ္စည်းများတွင် အဝတ်အထည်၊ ဖိနပ်၊ ဦးထုပ်၊ မီးဖိုချောင်သုံးပစ္စည်းနှင့် အားကစားပစ္စည်းများအား ၁၅ ဒသမ ၉ ရာခိုင်နှုန်းမှ ၇ ဒသမ ၁ ရာခိုင်နှုန်းသို့အသီးသီး လျှော့ချမည်ဖြစ်သည်။ အဝတ် လျှော်စက်နှင့် ရေခဲသေတ္တာကဲ့သို့အိမ် သုံးပစ္စည်းများတွင် ၁၂ ဒသမ ၅ ရာခိုင် နှုန်းမှ ၈ ဒသမ သုည ရာခိုင်နှုန်းသို့ လည်း ကောင်း၊ ရေထွက်ပစ္စည်းနှင့် ရေသန့်ကို ၁၅ ဒသမ ၂ ရာခိုင်နှုန်းမှ ၆ ဒသမ ၉ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အလှကုန် &
ပြည်ပသံရုံးမှပေးပို့သောသတင်းများ
အိန္ဒိယနိုင်ငံတွင် အမျိုးသားအီ လက်ထရောနစ်ပစ္စည်း ထုတ်လုပ်မှုမူဝါဒ သစ် (New National Electronics Manufacturing) မထုတ်ပြန်မီ ပို့ကုန် ဦးစားပေး အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်မှုကို အားပေးမြှင့်တင်ရန် အတွက် အိန္ဒိယအစိုးရသည် အစီအစဉ် သစ်များကို ဇွန်လမှစ၍ စတင်နိုင်ရန် ကြိုးစားနေကြောင်း သိရှိရပါသည်။
အိန္ဒိယအစိုးရ၏ တောင်သူလယ်သမား ဦးစားပေးမူဝါဒများကြောင့် နိုင်ငံအတွင်းသို့ ပဲမျိုးစုံ၊ ဂျုံနှင့်စားသုံးဆီ တင်သွင်းမှုများ လျှော့ချနိုင်ရေး အထောက်အကူဖြစ်စေခဲ့သည်ဟု စိုက်ပျိုးရေးဝန်ကြီးက မေ ၁၇ရက်တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
SaKaeo Industrial Estate သည် အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် စတင် ဆောင်ရွက်မည်ဖြစ်ရာ ထိုင်းအစိုးရ၏ဦးဆောင်မှုဖြင့် ဆောင်ရွက်မည့် အထူး စီးပွားရေးဇုန်စီမံကိန်းများအနက် အစော ဆုံးအကောင်အထည်ဖော်သည့် စီမံကိန်း တစ်ခုဖြစ်လာပါမည်။
ကမ္ဘာ့ဆန်ဝယ်လိုအားမြင့်တက်လာခြင်းနှင့် ကမ္ဘာ့ဆန်ဈေးကွက်သို့ဆန် ရောင်းလိုအား ကျဆင်းလာခြင်းတို့ကြောင့် ထိုင်းနိုင်ငံသည် ယခင်ခန့်မှန်း ထားသည့် ပမာဏထက်ပြည်ပသို့ ဆန်တင်ပို့မှုကို တိုးမြှင့်ခဲ့ကြောင်း တွေ့ရှိရ သည်။
တောင်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗင်နီဇွဲလား နိုင်ငံသည် ကမ္ဘာ ပေါ်တွင် အရန်ရေနံပမာဏ အများဆုံးရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်ငွေကြေး ဖြင့် ဝယ်ယူမည်ဆိုပါက ၎င်းင်းတို့ အနေဖြင့် ရေနံစိမ်း ဈေးနှုန်းအား ၃၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့် ရောင်းချပေးမည်ဟု ဗင်နီဇွဲလားက ကမ်းလှမ်းထားကြောင်း သိရှိရပါသည်။
ဧပြီလတွင် အိန္ဒိယအနေဖြင့် အီရန်မှရေနံတင်သွင်းမှုမှာ တစ်နေ့လျှင် ရေနံစည်ပေါင်း ၆၄၀၀၀၀ ခန့်ထိ မြင့် တက်လာခဲ့ ကြောင်း၊ ယင်းကာလအတွင်း အိန္ဒိယအနေဖြင့် နေ့စဉ်ရေနံတင်သွင်းမှု ပမာဏမှာ စည်ပေါင်း ၄ ဒသမ ၅၁ သန်း ခန့်အထိရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီလတွင် တင်သွင်းခဲ့သည့်ပမာဏထက်၂ဒသမ၅ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ ၂၀၁၆ခုနှစ်အောက်တိုဘာလမှလက်ရှိကာလအတွင်းအမြင့်ဆုံးပမာဏဖြစ်ကြောင်း၊ အီရန်အပေါ်အမေရိကန်၏ စီးပွားရေး အရေးယူပိတ်ဆို့မှု မချမှတ်မီရေနံချက် စက်ရုံက ကြိုတင်ဝယ်ယူမှုများရှိလာသည့် အတွက် ယခုကဲ့သို့ပမာဏသိသိ သာသာ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရ သည်။
အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာ၌ ရူပီးငွေ ဈေးနှုန်းမှာ ၂၀၁၇ ခုနှစ်တွင် အားကောင်းနေခဲ့ပြီး ယခုနှစ်တွင် သိသိသာသာ ကျဆင်းလာကြောင်း၊ ထိုသို့ကျဆင်းမှုမှာ ယခုနှစ်အတွင်း ခြောက်ရာခိုင် နှုန်းခန့်အထိရှိပြီဖြစ်ကာ အမေရိကန် တစ်ဒေါ်လာ လျှင် ၆၈ ရူပီးဝန်းကျင်တွင် ရှိနေကြောင်း၊ ကျွမ်းကျင် သူအချို့က ပြောကြားရာ၌ ရူပီးငွေကြေးမှာ အမေရိကန် တစ်ဒေါ် လာလျှင် ရူပီး ၇၀ အထိ ရောက်ရှိနိုင် သည့်ဖြစ်နိုင်ခြေမှာ ပိုများလာသည်ဟု သုံးသပ်ခန့် မှန်းထားကြောင်း သိရှိရသည်။
အိန္ဒိယအစိုးရက လတ်တလော စတင်ဖော်ဆောင်နေသည့် ကြံ ထောက်ပံ့ကြေးသည် သကြားစက်များ၏ လုပ်ငန်း လည်ပတ် မှုအတွက် အမြတ်အစွန်းအနည်းငယ် တိုးတက်လာနိုင်သည့်တိုင် ပြည်တွင်းသကြား လုပ်ငန်းကဏ္ဍတစ်ခု လုံး၏ အလားအလာမှာ ဆက်လက်အားနည်း နေဆဲဖြစ်သည်ဟု Icra ၏ အစီရင်ခံစာတစ်စောင်၌ သုံးသပ် ဖော်ပြထား ပါသည်။
အွန်လိုင်းမှသော်လည်းကောင်း၊ မိုဘိုင်းဖုန်းမှသော်လည်းကောင်း personal loansလျှောက်ထားခြင်းကို ဝင် ငွေနှင့်လိပ်စာ အထောက်အထားပေးရန် မလိုအပ်ဘဲလက်ခံရန် ဘဏ်များ အား ဟောင်ကောင်ငွေကြေး အာဏာပိုင် အဖွဲ့ မှခွင့်ပြုခဲ့သည်။ ထိုသို့ ဖြေလျှော့ရခြင်းမှာ ဒေသတွင်းဘဏ်များ ဘဏ္ဍာရေးနည်း ပညာအသုံးပြုမှု မြင့်တက်လာစေရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။ လက်ရှိအချိန်ထိ personal loansအားလုံး အတွက် ဝင်ငွေနှင့် နေရပ်လိပ်စာ အထောက်အထားတင်ပြရန်လိုအပ်ပြီး ယခု အခါတွင် ဆန်းသစ်တီထွင်မှု နည်းပညာဖြင့် ချေးငွေဆုံးရှုံးနိုင်မှုအန္တရာယ် စီမံခန့်ခွဲခြင်း နည်းပညာသစ်အား အစား ထိုး အသုံးပြုသွား မည်ဖြစ်သည်။
